စာချုပ်စာတမ်းသက်သေခံအရာရှိ လက်မှတ်ရေးထိုးပေးခြင်း မရှိသည့် General Power နှင့် Special Power စာချုပ်စာတမ်းများတရားမဝင်ဟု ဆို

စာချုပ်စာတမ်းသက်သေခံအရာရှိ လက်မှတ်ရေးထိုးပေးခြင်း မရှိသည့် General Power နှင့် Special Power စာချုပ်စာတမ်းများတရားမဝင်ဟု ဆို

စာချုပ်စာတမ်း သက်သေခံအရာရှိ တာဝန်ခံလက်မှတ်ရေးထိုးပေးခြင်းမရှိသည့် General Power နှင့် Special Power စာချုပ်စာတမ်းများသည် တရားမဝင်သလို အဆိုပါ General Powe၊Special Power များဖြင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများအားရောင်းချရာတွင်လည်း စာချုပ်စာတမ်း သက်သေခံအရာရှိ (Notary Public)၏တာဝန်ခံလက်မှတ်အပြင် တံဆိပ်ခေါင်းခွန်မထမ်းဆောင်သည့် စာချုပ်စာတမ်းများသည်လည်း တရားမဝင်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်က ပြောပါတယ်။

ဒီကနေ့ ဇွန် ၂၀ ရက်တွင် ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် လသာမြို့နယ်၊မဲဆန္ဒနယ်အမှတ်-(၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင် က  “အများပြည်သူတို့ လွှဲအပ်ကိုင်ဆောင်ထားရှိသော  Notary General Power Special Power များဖြင့်  မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အရောင်းအဝယ်ပြုလုပ်ခြင်းသည် ဥပဒေနှင့်ညီညွတ်မှု ရှိ၊မရှိ ကို သိရှိလို ပါကြောင်း”မေးမြန်းခဲ့မှုအပေါ် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားပေးခဲ့တာပါ။

“မြန်မာနိုင်ငံရှိ ဒေသအချို့မှာ(Notary Public)ကချုပ်ဆိုပေးသော Gerneral Power ၊ Special Power များနဲ့ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အရောင်းအဝယ် ပြုလုပ်ရာမှာ တံဆိပ်ခေါင်းခွန်မထမ်းဆောင်သကဲ့သို့ စာချုပ်စာတမ်း များကိုလည်း မှတ်ပုံတင်မှု မရှိကြောင်းတွေ့ရှိရပါတယ်။ယင်းကဲ့သို့ စာချုပ် စာတမ်းများမှာ ဥပဒေအရ တရားဝင်မှုမရှိကြောင်း တင်ပြအပ်ပါတယ်။Notary Public သည် စာချုပ်စာတမ်း သက်သေခံ အရာရှိ ၊ စာချုပ်စာတမ်း ဆိုင်ရာ ရှေ့နေ့ စာချုပ်စာတမ်းအား မှန်ကန်ကြောင်း သက်သေခံတံဆိပ်ရိုက်နှိပ်သည့် အရာရှိသာဖြစ်ပါတယ်။ယင်းကို လွဲပြောင်းနိုင်သော စာချုပ်စာတမ်းပါ အက်ဥပဒေ ပုဒ်မ - ၁၃၈ အရ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးချုပ်က ခန့်အပ်ထားခြင်းဖြစ်ပါတယ်။Notary public မှတံဆိပ် ရိုက်နှိပ်ထားပြီး တာဝန်ခံကြောင်း သက်သေချက်တစ်ရပ်ရပ်ပါရှိသည့် စာတမ်းအမှတ်အသားသည် သက်သေခံ ဥပဒေပုဒ်မ - ၇၈၊ပုဒ်မခွဲ ၆ အရ အများပြည်သူတို့နှင့်သက်ဆိုင်သော စာရွက်စာတမ်းများအဖြစ် သက်သေထင်ရှားပြသနိုင်မှာဖြစ်ပါတယ်။”လို့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်က ဒီကနေ့ကျင်းပတဲ့ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ရှင်းလင်းပြောကြားခဲ့တာပါ။

လက်ရှိတွင် Gerneral Power နှင့် Special Power လွှဲပြောင်းခြင်းခံရသူအချို့မှစာချုပ်စာတမ်း သက်သေခံအရာရှိ (Notary Public)ရှေ့နေထံလွှဲအပ်ထားသည့် Gerneral Power နှင့် Special Powerများကို ကိုင်ဆောင်ကာ လွှဲအပ်သူမှ ပိုင်ဆိုင်သည့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို ရောင်းချမှုများရှိနေခြင်းကြောင့် လွှဲအပ်သူအချို့မှာ နစ်နာမှုများရှိနေခြင်းကြောင့် ယခုကဲ့သို့မေးမြန်းရခြင်းဖြစ်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင် က၎င်း၏မေးမြန်းမှုအတွင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပြေသိမ်း
ရန်ကုန်၊ဇွန် ၂၀

(  Zawgyi  )

 စာခ်ဳပ္စာတမ္း သက္ေသခံအရာရွိ တာဝန္ခံလက္မွတ္ေရးထိုးေပးျခင္းမရွိသည့္ General Power ႏွင့္ Special Power စာခ်ဳပ္စာတမ္းမ်ားသည္ တရားမဝင္သလို အဆိုပါ General Powe၊Special Power မ်ားျဖင့္ မေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္းမ်ားအားေရာင္းခ်ရာတြင္လည္း စာခ်ဳပ္စာတမ္း သက္ေသခံအရာရွိ (Notary Public)၏တာဝန္ခံလက္မွတ္အျပင္ တံဆိပ္ေခါင္းခြန္မထမ္းေဆာင္သည့္ စာခ်ဳပ္စာတမ္းမ်ားသည္လည္း တရားမဝင္ဘူးလို႔ ရန္ကုန္တိုင္းေဒသႀကီး ဥပေဒခ်ဳပ္ ေဒၚခင္မ်ိဳးၾကည္က ေျပာပါတယ္။

ဒီကေန႔ ဇြန္ ၂၀ ရက္တြင္ က်င္းပတဲ့ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အစည္းအေဝးတြင္ လသာၿမိဳ႕နယ္၊မဲဆႏၵနယ္အမွတ္-(၁)၊ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ဝင္းႏိုင္ က  “အမ်ားျပည္သူတို႔ လႊဲအပ္ကိုင္ေဆာင္ထားရွိေသာ  Notary General Power Special Power မ်ားျဖင့္  မေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္းမ်ားကို အေရာင္းအဝယ္ျပဳလုပ္ျခင္းသည္ ဥပေဒႏွင့္ညီၫြတ္မႈ ရွိ၊မရွိ ကို သိရွိလို ပါေၾကာင္း”ေမးျမန္းခဲ့မႈအေပၚ ရန္ကုန္တိုင္းေဒသႀကီး ဥပေဒခ်ဳပ္က အထက္ပါအတိုင္း ျပန္လည္ေျဖၾကားေပးခဲ့တာပါ။

“ျမန္မာႏိုင္ငံရွိ ေဒသအခ်ိဳ႕မွာ(Notary Public)ကခ်ဳပ္ဆိုေပးေသာ Gerneral Power ၊ Special Power မ်ားနဲ႔ မေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္းမ်ားကို အေရာင္းအဝယ္ ျပဳလုပ္ရာမွာ တံဆိပ္ေခါင္းခြန္မထမ္းေဆာင္သကဲ့သို႔ စာခ်ဳပ္စာတမ္း မ်ားကိုလည္း မွတ္ပုံတင္မႈ မရွိေၾကာင္းေတြ႕ရွိရပါတယ္။ယင္းကဲ့သို႔ စာခ်ဳပ္ စာတမ္းမ်ားမွာ ဥပေဒအရ တရားဝင္မႈမရွိေၾကာင္း တင္ျပအပ္ပါတယ္။Notary Public သည္ စာခ်ဳပ္စာတမ္း သက္ေသခံ အရာရွိ ၊ စာခ်ဳပ္စာတမ္း ဆိုင္ရာ ေရွ႕ေန႔ စာခ်ဳပ္စာတမ္းအား မွန္ကန္ေၾကာင္း သက္ေသခံတံဆိပ္႐ိုက္ႏွိပ္သည့္ အရာရွိသာျဖစ္ပါတယ္။ယင္းကို လြဲေျပာင္းႏိုင္ေသာ စာခ်ဳပ္စာတမ္းပါ အက္ဥပေဒ ပုဒ္မ - ၁၃၈ အရ ျပည္ေထာင္စုတရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္က ခန႔္အပ္ထားျခင္းျဖစ္ပါတယ္။Notary public မွတံဆိပ္ ႐ိုက္ႏွိပ္ထားၿပီး တာဝန္ခံေၾကာင္း သက္ေသခ်က္တစ္ရပ္ရပ္ပါရွိသည့္ စာတမ္းအမွတ္အသားသည္ သက္ေသခံ ဥပေဒပုဒ္မ - ၇၈၊ပုဒ္မခြဲ ၆ အရ အမ်ားျပည္သူတို႔ႏွင့္သက္ဆိုင္ေသာ စာ႐ြက္စာတမ္းမ်ားအျဖစ္ သက္ေသထင္ရွားျပသႏိုင္မွာျဖစ္ပါတယ္။”လို႔ ရန္ကုန္တိုင္းေဒသႀကီး ဥပေဒခ်ဳပ္ ေဒၚခင္မ်ိဳးၾကည္က ဒီကေန႔က်င္းပတဲ့ တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးမွာ ရွင္းလင္းေျပာၾကားခဲ့တာပါ။

လက္ရွိတြင္ Gerneral Power ႏွင့္ Special Power လႊဲေျပာင္းျခင္းခံရသူအခ်ိဳ႕မွစာခ်ဳပ္စာတမ္း သက္ေသခံအရာရွိ (Notary Public) ေရွ႕ေနထံလႊဲအပ္ထားသည့္ Gerneral Power ႏွင့္ Special Powerမ်ားကို ကိုင္ေဆာင္ကာ လႊဲအပ္သူမွ ပိုင္ဆိုင္သည့္ မေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္းမ်ားကို ေရာင္းခ်မႈမ်ားရွိေနျခင္းေၾကာင့္ လႊဲအပ္သူအခ်ိဳ႕မွာ နစ္နာမႈမ်ားရွိေနျခင္းေၾကာင့္ ယခုကဲ့သို႔ေမးျမန္းရျခင္းျဖစ္တယ္လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ဝင္းႏိုင္ က၎၏ေမးျမန္းမႈအတြင္း ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ဇြန္ ၂၀