ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်သဖြင့် အမျိုးသား ၃ ဦး ပွဲချင်းပြီး သေဆုံး

ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်သဖြင့် အမျိုးသား ၃ ဦး ပွဲချင်းပြီး သေဆုံး

တမူးမြို့၊စော်ဘွား(၅/ခ)ရပ်ကွက် ရှိ Denko ဆီဆိုင်ရှေ့တွင် ဇူလိုင်လ ၁ ရက်နေ့က ဆိုင်ကယ်နှင့် သုံးဘီး ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိမှုကြောင့် အမျိုးသား ၃ ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

 ဖြစ်စဉ်မှာ ဇူလိုင်လ ၁ ရက် ည ၇ နာရီခွဲအချိန်ခန့်တွင် တမူးမြို့၊ စော်ဘွား(၅/ခ)ရပ်ကွက် Denko စက်သုံးဆီ အရောင်းဆိုင်ရှေ့ တမူး-ကလေးကားလမ်း၌ မောင်နိုင်(ခ)ပေါက်စီ(၂၈)နှစ် မောင်းနှင်ပြီး ကျော်သူ (ခ) ကာသစ် (၃၈)နှစ် တို့လိုက်ပါလာတဲ့ ဆိုင်ကယ်နဲ့ ဝင်းနိုင် (၄၃)နှစ်မောင်းနှင်ပြီး မျိုးညွန့်(၃၄) နှစ်လိုက် ပါလာတဲ့ သုံးဘီး ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ပါတယ်။

ယာဉ်မတော်တဆမှုကြောင့် မောင်နိုင်၊ကျော်သူ၊ဝင်းနိုင် တို့တွင် ဦးခေါင်း၊ နားရွက်၊ ဝမ်းဗိုက်၊ ခြေသလုံးပေါက်ပြဲ သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး မျိုးညွန့်တွင် ဝဲချိုစောင်း၊ ပါးပေါက်ပြဲ ဖူးရောင်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တမူးမြို့မရဲစခန်း ယာဉ်(ပ)၁၄/၂၀၁၉ ရာဇသတ်ကြီးပုဒ် ၃၀၄-က ပေါ့လျော့မှုကြောင့် လူသေမှု ဖြင့် အမှုဖွင့်လှစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
တမူး၊ ဇူလိုင် ၂ 

(  Zawgyi  )

 တမူးၿမိဳ႕၊ေစာ္ဘြား(၅/ခ)ရပ္ကြက္ ရွိ Denko ဆီဆိုင္ေရွ႕တြင္ ဇူလိုင္လ ၁ ရက္ေန႔က ဆိုင္ကယ္ႏွင့္ သုံးဘီး ဆိုင္ကယ္ မ်က္ႏွာခ်င္းဆိုင္ တိုက္မိမႈေၾကာင့္ အမ်ိဳးသား ၃ ဦး အခင္းျဖစ္ေနရာတြင္ ေသဆုံးခဲ့တယ္လို႔ ျပည္ထဲေရးက သတင္းထုတ္ျပန္ခဲ့ပါတယ္။

 ျဖစ္စဥ္မွာ ဇူလိုင္လ ၁ ရက္ ည ၇ နာရီခြဲအခ်ိန္ခန႔္တြင္ တမူးၿမိဳ႕၊ ေစာ္ဘြား(၅/ခ)ရပ္ကြက္ Denko စက္သုံးဆီ အေရာင္းဆိုင္ေရွ႕ တမူး-ကေလးကားလမ္း၌ ေမာင္ႏိုင္(ခ)ေပါက္စီ(၂၈)ႏွစ္ ေမာင္းႏွင္ၿပီး ေက်ာ္သူ (ခ) ကာသစ္ (၃၈)ႏွစ္ တို႔လိုက္ပါလာတဲ့ ဆိုင္ကယ္နဲ႔ ဝင္းႏိုင္ (၄၃)ႏွစ္ေမာင္းႏွင္ၿပီး မ်ိဳးၫြန႔္(၃၄) ႏွစ္လိုက္ ပါလာတဲ့ သုံးဘီး ဆိုင္ကယ္တို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ပါတယ္။

ယာဥ္မေတာ္တဆမႈေၾကာင့္ ေမာင္ႏိုင္၊ေက်ာ္သူ၊ဝင္းႏိုင္ တို႔တြင္ ဦးေခါင္း၊ နား႐ြက္၊ ဝမ္းဗိုက္၊ ေျခသလုံးေပါက္ၿပဲ ေသြးထြက္ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ၿပီး မ်ိဳးၫြန႔္တြင္ ဝဲခ်ိဳေစာင္း၊ ပါးေပါက္ၿပဲ ဖူးေရာင္ဒဏ္ရာမ်ား(မစိုးရိမ္ရ)ရရွိခဲ့ပါတယ္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ တမူးၿမိဳ႕မရဲစခန္း ယာဥ္(ပ)၁၄/၂၀၁၉ ရာဇသတ္ႀကီးပုဒ္ ၃၀၄-က ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ ျဖင့္ အမႈဖြင့္လွစ္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
တမူး၊ ဇူလိုင္ ၂