တာချီလိတ်တွင် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

တာချီလိတ်တွင် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

တာချီလိတ်တွင် မြေသားရေမြောင်းအတွင်း တွေ့ရှိသည့် ဆာလာအိတ် ၂၁ အိတ်ထဲမှ မူးယစ်ဆေးဝါးနှင့် လက်နက်များ တွေ့ရှိသည့် ဖြစ်စဉ်တစ်ခု ဇွန် ၁၄ရက်က ဖြစ်ပွားခဲ့တယ်လို့  မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ ၁၄ နေ့လည် ၃ နာရီခွဲက တာချီလိတ်မြို့နယ်၊ ပါခါးကျေးရွာအနီး မြေသားရေမြောင်းအတွင်း၌ တာလပတ်စ/သစ်ကိုင်းများဖြင့် ဖုံးကွယ်ထားသည့် ဆာလာအိတ် ၂၁ အိတ်အား မသင်္ကာဖွယ် တွေ့ရှိရသဖြင့် ပူးပေါင်းအဖွဲ့မှ စစ်ဆေးရာ စိတ်ကြွဆေးပြား ၄၂.၅၄ သိန်းပြား (၁ ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးကျပ် ၄၂,၅၄၀ သိန်း)၊ စိတ်ကြွဆေးမှုန့် ၁.၉ ကီလို (၁ ကီလိုလျှင် ကျပ် ၁၀၀ သိန်းနှုန်းဖြင့် တန်ဖိုးကျပ် ၁၉၀ သိန်း)၊ ကတ်တမင်း ၉၀၀ ဂရမ် (၁ ဂရမ်လျှင် ၁၀,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးကျပ် ၉၀ သိန်း)၊ ဘိန်းညိုမှုန့် ၅ ကီလို (၁ ကီလိုလျှင် ကျပ်သိန်း ၁၂၀ နှုန်းဖြင့် တန်ဖိုးကျပ် ၆၀၀ သိန်း)၊ သေနတ်မျိုးစုံ ၉ လက်၊ ကျည်အိမ် ၈ ခု၊ ခဲယမ်းမျိုးစုံ ၁၉,၂၇၉ တောင့်၊ စကားပြောစက် ၄ လုံးတို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပါတယ်။

ထို့အတူ ဇွန်လ ၁၄ ရက် နေလည် ၁ နာရီခန့်က တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာ အနီးရှိ အိမ်ရှင် (စိစစ်ဆဲ) ၏ ၁ ထပ်တိုက်အား မသင်္ကာ၍ ဝင်ရောက်ရှင်းလင်းရာ ဘိန်းဖြူ ၅.၃ ကီလို (၁ ကီလိုလျှင် ကျပ် ၁၆၀ သိန်းနှုန်းဖြင့် တန်ဖိုးကျပ် ၈၄၈ သိန်း) နှင့် မူးယစ်ဆေးဝါး ပြုလုပ်ရာတွင် အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတွေ့ရှိမှုများကို သက်ဆိုင်ရာက ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

KZ
နေပြည်တော်၊ ဇွန် - ၁၅

( Zawgyi )

တာခ်ီလိတ္တြင္ ေျမသားေရေျမာင္းအတြင္း ေတြ႕ရွိသည့္ ဆာလာအိတ္ ၂၁ အိတ္ထဲမွ မူးယစ္ေဆးဝါးႏွင့္ လက္နက္မ်ား ေတြ႕ရွိသည့္ ျဖစ္စဥ္တစ္ခု ဇြန္ ၁၄ရက္က ျဖစ္ပြားခဲ့တယ္လို႔  ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ဇြန္လ ၁၄ ေန႔လည္ ၃ နာရီခြဲက တာခ်ီလိတ္ၿမိဳ႕နယ္၊ ပါခါးေက်း႐ြာအနီး ေျမသားေရေျမာင္းအတြင္း၌ တာလပတ္စ/သစ္ကိုင္းမ်ားျဖင့္ ဖုံးကြယ္ထားသည့္ ဆာလာအိတ္ ၂၁ အိတ္အား မသကၤာဖြယ္ ေတြ႕ရွိရသျဖင့္ ပူးေပါင္းအဖြဲ႕မွ စစ္ေဆးရာ စိတ္ႂကြေဆးျပား ၄၂.၅၄ သိန္းျပား (၁ ျပားလွ်င္ ၁,၀၀၀ က်ပ္ႏႈန္းျဖင့္ တန္ဖိုးက်ပ္ ၄၂,၅၄၀ သိန္း)၊ စိတ္ႂကြေဆးမႈန႔္ ၁.၉ ကီလို (၁ ကီလိုလွ်င္ က်ပ္ ၁၀၀ သိန္းႏႈန္းျဖင့္ တန္ဖိုးက်ပ္ ၁၉၀ သိန္း)၊ ကတ္တမင္း ၉၀၀ ဂရမ္ (၁ ဂရမ္လွ်င္ ၁၀,၀၀၀ က်ပ္ႏႈန္းျဖင့္ တန္ဖိုးက်ပ္ ၉၀ သိန္း)၊ ဘိန္းညိဳမႈန႔္ ၅ ကီလို (၁ ကီလိုလွ်င္ က်ပ္သိန္း ၁၂၀ ႏႈန္းျဖင့္ တန္ဖိုးက်ပ္ ၆၀၀ သိန္း)၊ ေသနတ္မ်ိဳးစုံ ၉ လက္၊ က်ည္အိမ္ ၈ ခု၊ ခဲယမ္းမ်ိဳးစုံ ၁၉,၂၇၉ ေတာင့္၊ စကားေျပာစက္ ၄ လုံးတို႔အား ပိုင္ရွင္မဲ့ သိမ္းဆည္းရမိခဲ့ပါတယ္။

ထို႔အတူ ဇြန္လ ၁၄ ရက္ ေနလည္ ၁ နာရီခန႔္က တာခ်ီလိတ္ၿမိဳ႕နယ္၊ ေရပူစမ္းေက်း႐ြာ အနီးရွိ အိမ္ရွင္ (စိစစ္ဆဲ) ၏ ၁ ထပ္တိုက္အား မသကၤာ၍ ဝင္ေရာက္ရွင္းလင္းရာ ဘိန္းျဖဴ ၅.၃ ကီလို (၁ ကီလိုလွ်င္ က်ပ္ ၁၆၀ သိန္းႏႈန္းျဖင့္ တန္ဖိုးက်ပ္ ၈၄၈ သိန္း) ႏွင့္ မူးယစ္ေဆးဝါး ျပဳလုပ္ရာတြင္ အသုံးျပဳသည့္ အျခားဆက္စပ္ပစၥည္းမ်ားအား သိမ္းဆည္းရမိခဲ့တယ္လို႔ ဆိုပါတယ္။

အဆိုပါေတြ႕ရွိမႈမ်ားကို သက္ဆိုင္ရာက ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရးအတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

KZ
ေနျပည္ေတာ္၊ ဇြန္ - ၁၅