တုပ်ကွေးကာကွယ်ဆေး ချက်ချင်းထိုးနှံပေမယ့် အာနိသင်သက်ရောက်ရန် တစ်ပတ်ခန့်ကြာမြင့်နိုင်

တုပ်ကွေးကာကွယ်ဆေး ချက်ချင်းထိုးနှံပေမယ့် အာနိသင်သက်ရောက်ရန် တစ်ပတ်ခန့်ကြာမြင့်နိုင်

တုပ်ကွေးကာကွယ်ဆေး ထိုးနှံတဲ့အခါ အာနိသင်အနေဖြင့် သက်ရောက်မှုရှိစေရန်အတွက် အချိန်တစ်ပတ်ခန့် ကြာမြင့်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။

“ကာကွယ်ဆေးထိုးတာတော့ ကောင်းပါတယ်၊ သူက တစ်နှစ်တစ်ခါ ထိုးနှံရတာဖြစ်ပါတယ်၊ တစ်ခါထိုးထားရင် တစ်သက်လုံးတော့ Cover မဖြစ်ဘူး၊ ထိုးပြီးချက်ချင်းလည်း မသက်ရောက်သေးဘူး၊ တစ်ပတ်ဝန်းကျင်လောက်မှ သက်ရောက်တာ” လို့ ယင်းဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး၊ ကူးစက်၊ သဘာဝဘေး ဌာနခွဲ) ဒေါက်တာသက်စုမွန် က ပြောပါတယ်။

ယခုရက်ပိုင်းမှာ ရာသီပေါ်တုပ်ကွေးကြောင့် သေဆုံးသူတွေ ရှိလာတာနဲ့အတူ ပြင်ပပုဂ္ဂလိကဆေးခန်းတွေမှာ တုပ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံသူတွေများလာပြီး တစ်ချို့သော ဆေးဆိုင်တွေမှာ ဆေးဝါးပြတ်လပ်တဲ့ အခြေအနေတွေအထိတောင် ရှိလာတဲ့အထိ ရောင်းအားကောင်းခဲ့တယ်လို့ သိရပါတယ်။

“ကျွန်မကလေးကို သွားထိုးပေးတုန်းက ၁၅၀၀၀ ပဲကျတယ်၊ မနေ့ကညက ကျွန်မသွားပြီးထိုးတော့ ၆၀၀၀၀ ကျတယ်၊ ဒါတောင်မှ အဲ့ဒီပုဂ္ဂလိဆေးရုံမှာ ကာကွယ်ဆေးထိုးချင်တဲ့သူတွေ အများကြီးပါ၊ ကျွန်မတို့ထိုးပြီးတော့ တစ်ယောက်နှစ်ယောက်စာပဲ ကျန်တော့တယ်၊ ဆေးပြတ်သွားလို့ တစ်ရက်နှစ်ရက်နေမှ ရမယ်လို့တောင် ပြောနေတာတော့ တွေ့ခဲ့ရတယ်” လို့ တုပ်ကွေးကာကွယ်ဆေး သွားရောက်ထိုးနှံခဲ့သူ တစ်ဦးဖြစ်တဲ့ ဒေါ်သန်းသန်းမြင့် က ပြောပြပါတယ်။

အများပြည်သူတွေအနေနဲ့ မိမိတို့ရဲ့တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ကာ နှာချေချောင်းဆိုးတဲ့အခါမှာ အုပ်ပြီးချေတာတွေကို လုပ်ဆောင်သင့်သလို လက်ကိုလည်း စင်ကြယ်စွာ စနစ်တကျဆေးကြောခြင်းဖြင့် တုပ်ကွေးရောဂါသာမက တခြားသော ရောဂါတွေကိုလည်း ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ ဒေါက်တာသက်စုမွန် က အကြံပြုပြောကြားပါတယ်။

တစ်ချို့သောသူတွေရဲ့ စိုးရိမ်လွန်ကဲကာ ထိုးနှံလုပ်ကိုင်နေတာကြောင့်လည်း တုပ်ကွေးကာကွယ်ဆေးဟာ ယခုဆိုရင် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ အနည်းဆုံး ကျပ် ၃၀၀၀၀ လောက်မှ ၉၀၀၀၀ လောက်အထိ ကျသင့်တာတွေရှိလာတယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဇွန် ၂၂

( Zawgyi )

တုပ္ေကြးကာကြယ္ေဆး ထိုးႏွံတဲ့အခါ အာနိသင္အေနျဖင့္ သက္ေရာက္မႈရွိေစရန္အတြက္ အခ်ိန္တစ္ပတ္ခန႔္ ၾကာျမင့္ႏိုင္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရပါတယ္။

“ကာကြယ္ေဆးထိုးတာေတာ့ ေကာင္းပါတယ္၊ သူက တစ္ႏွစ္တစ္ခါ ထိုးႏွံရတာျဖစ္ပါတယ္၊ တစ္ခါထိုးထားရင္ တစ္သက္လုံးေတာ့ Cover မျဖစ္ဘူး၊ ထိုးၿပီးခ်က္ခ်င္းလည္း မသက္ေရာက္ေသးဘူး၊ တစ္ပတ္ဝန္းက်င္ေလာက္မွ သက္ေရာက္တာ” လို႔ ယင္းဦးစီးဌာနက လက္ေထာက္ၫႊန္ၾကားေရးမႉး (တိုးခ်ဲ႕ကာကြယ္ေဆး၊ ကူးစက္၊ သဘာဝေဘး ဌာနခြဲ) ေဒါက္တာသက္စုမြန္ က ေျပာပါတယ္။

ယခုရက္ပိုင္းမွာ ရာသီေပၚတုပ္ေကြးေၾကာင့္ ေသဆုံးသူေတြ ရွိလာတာနဲ႔အတူ ျပင္ပပုဂၢလိကေဆးခန္းေတြမွာ တုပ္ေကြးေရာဂါကာကြယ္ေဆး ထိုးႏွံသူေတြမ်ားလာၿပီး တစ္ခ်ိဳ႕ေသာ ေဆးဆိုင္ေတြမွာ ေဆးဝါးျပတ္လပ္တဲ့ အေျခအေနေတြအထိေတာင္ ရွိလာတဲ့အထိ ေရာင္းအားေကာင္းခဲ့တယ္လို႔ သိရပါတယ္။

“ကြၽန္မကေလးကို သြားထိုးေပးတုန္းက ၁၅၀၀၀ ပဲက်တယ္၊ မေန႔ကညက ကြၽန္မသြားၿပီးထိုးေတာ့ ၆၀၀၀၀ က်တယ္၊ ဒါေတာင္မွ အဲ့ဒီပုဂၢလိေဆး႐ုံမွာ ကာကြယ္ေဆးထိုးခ်င္တဲ့သူေတြ အမ်ားႀကီးပါ၊ ကြၽန္မတို႔ထိုးၿပီးေတာ့ တစ္ေယာက္ႏွစ္ေယာက္စာပဲ က်န္ေတာ့တယ္၊ ေဆးျပတ္သြားလို႔ တစ္ရက္ႏွစ္ရက္ေနမွ ရမယ္လို႔ေတာင္ ေျပာေနတာေတာ့ ေတြ႕ခဲ့ရတယ္” လို႔ တုပ္ေကြးကာကြယ္ေဆး သြားေရာက္ထိုးႏွံခဲ့သူ တစ္ဦးျဖစ္တဲ့ ေဒၚသန္းသန္းျမင့္ က ေျပာျပပါတယ္။

အမ်ားျပည္သူေတြအေနနဲ႔ မိမိတို႔ရဲ႕တစ္ကိုယ္ေရ သန႔္ရွင္းေရးကို ဂ႐ုစိုက္ကာ ႏွာေခ်ေခ်ာင္းဆိုးတဲ့အခါမွာ အုပ္ၿပီးေခ်တာေတြကို လုပ္ေဆာင္သင့္သလို လက္ကိုလည္း စင္ၾကယ္စြာ စနစ္တက်ေဆးေၾကာျခင္းျဖင့္ တုပ္ေကြးေရာဂါသာမက တျခားေသာ ေရာဂါေတြကိုလည္း ကာကြယ္ႏိုင္မွာ ျဖစ္တယ္လို႔ ေဒါက္တာသက္စုမြန္ က အႀကံျပဳေျပာၾကားပါတယ္။

တစ္ခ်ိဳ႕ေသာသူေတြရဲ႕ စိုးရိမ္လြန္ကဲကာ ထိုးႏွံလုပ္ကိုင္ေနတာေၾကာင့္လည္း တုပ္ေကြးကာကြယ္ေဆးဟာ ယခုဆိုရင္ ပုဂၢလိက ေဆး႐ုံ၊ ေဆးခန္းေတြမွာ အနည္းဆုံး က်ပ္ ၃၀၀၀၀ ေလာက္မွ ၉၀၀၀၀ ေလာက္အထိ က်သင့္တာေတြရွိလာတယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဇြန္ ၂၂