တူတာတွေ တွဲလုပ်၊မတူတာတွေ ခွဲလုပ်ပြီး ပြည်သူကို သစ္စာမဖေါက်ဖို့က အရေးကြီးကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ပြောကြား

 တူတာတွေ တွဲလုပ်၊မတူတာတွေ ခွဲလုပ်ပြီး ပြည်သူကို သစ္စာမဖေါက်ဖို့က အရေးကြီးကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ပြောကြား

တူတာတွေ တွဲလုပ်၊မတူတာတွေ ခွဲလုပ်ပြီး ပြည်သူကို သစ္စာမဖေါက်ဖို့က အရေးကြီးပြီး ရဲဘော်ရဲဘက် တွေသာ ယုံကြည်မှူရှိရင် ဒီယုံကြည်မှူကို ဘယ်သူမှဖျက်လို့မရဘူးလို့ မန္တလေးတိုင်းဒေသ ကြီး၊ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကပြောကြားလိုက်ပါတယ်။

အဆိုပါပြောကြားမှုကို ဇူလိုင် ၁၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့ မြို့တော်ခန်းမမှာပြုလုပ်ခဲ့တဲ့ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၏ နယ်ကွန်ယက်များစုံညီတွေ့ဆုံ ဆွေးနွေးပွဲမှာ မန္တလေးတိုင်း ဝန်ကြီးချုပ်က အားပေး စကားပြောကြားရာမှာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

“ယခုတွေ့ဆုံပွဲကို(၈၈)မျိုးဆက်၊ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းကို ယုံကြည်လို့ လာရောက်ရခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးရဖို့က အဓိကအရေးကြီးပါတယ်။မပြီးဆုံးသေးတဲ့ လမ်းကို လျှောက်တဲ့အခါ ပန်းတိုင်တူမှ နိုင်ငံငြိမ်းချမ်းရေး ရမှာဖြစ်ပါ တယ်။

 NLD ပါတီ တစ်ခုတည်းနှင့် မအောင်မြင်နိုင်ပါဘူး၊နိုင်ငံကောင်းကျိုးအတွက် တူညီသော ပန်းတိုင်ကို သွာဖို့ လိုအပ်ပါတယ်။ယနေ့ လူမှူရေးနှင့် ဘာသာရေးတွေမှာ စိန်ခေါ်မှူတွေရှိလာပါတယ်။တူတာတွေ တွဲလုပ်၊ မတူတာတွေ ခွဲလုပ်ပြီး ၊ပြည်သူကို သစ္စာ မဖေါက်ဖို့က အရေးကြီးပါတယ်။ ရဲဘော်ရဲဘက် တွေသာ ယုံကြည်မှူရှိရင် ဒီယုံကြည်မှုကို ဘယ်သူမှ ဖျက်လို့မရပါဘူး။” လို့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကပြောကြား ခဲ့တာပါ။

အဆိုပါတွေ့ဆုံပွဲ ဖွင့်ပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ရွှေဝါရောင် သံဃာတော်များ၊မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တစ်နိုင်ငံလုံးရှိ တိုင်းနှင့် ပြည်နယ်များမှ (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ် ၁၅၀ ဦးနှင့် ဖိတ်ကြားထားသောအဖွဲအစည်းများမှဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ယင်း စုံညီ အစည်းအဝေး ဒုတိယနေ့ကိုလည်း ဒီကနေ့ ဇူလိုင် ၁၂ ရက်တွင် ဆက်လက်ကျင်းပလျက်ရှိတယ်လို့ သိရပါတယ်။

ပြေသိမ်း
ကျောက်ဆည်၊ဇူလိုင် ၁၂
ဓါတ်ပုံ - ၈၈(ငြိမ်း/ပွင့်)

(  Zawgyi  )

 တူတာေတြ တြဲလုပ္၊မတူတာေတြ ခြဲလုပ္ၿပီး ျပည္သူကို သစၥာမေဖါက္ဖို႔က အေရးႀကီးၿပီး ရဲေဘာ္ရဲဘက္ ေတြသာ ယုံၾကည္မႉရွိရင္ ဒီယုံၾကည္မႉကို ဘယ္သူမွဖ်က္လို႔မရဘူးလို႔ မႏၲေလးတိုင္းေဒသ ႀကီး၊ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ ကေျပာၾကားလိုက္ပါတယ္။

အဆိုပါေျပာၾကားမႈကို ဇူလိုင္ ၁၁ ရက္ေန႔က မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ဆည္ခ႐ိုင္၊ေက်ာက္ဆည္ၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမမွာျပဳလုပ္ခဲ့တဲ့ ၈၈ မ်ိဳးဆက္(ၿငိမ္းခ်မ္းေရးႏွင့္ပြင့္လင္းလူ႔အဖြဲ႕အစည္း)၏ နယ္ကြန္ယက္မ်ားစုံညီေတြ႕ဆုံ ေဆြးေႏြးပြဲမွာ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္က အားေပး စကားေျပာၾကားရာမွာ အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

“ယခုေတြ႕ဆုံပြဲကို(၈၈)မ်ိဳးဆက္၊ၿငိမ္းခ်မ္းေရးႏွင့္ပြင့္လင္းလူ႔အဖြဲ႕အစည္းကို ယုံၾကည္လို႔ လာေရာက္ရျခင္း ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီႏွင့္ ၿငိမ္းခ်မ္းေရးရဖို႔က အဓိကအေရးႀကီးပါတယ္။မၿပီးဆုံးေသးတဲ့ လမ္းကို ေလွ်ာက္တဲ့အခါ ပန္းတိုင္တူမွ ႏိုင္ငံၿငိမ္းခ်မ္းေရး ရမွာျဖစ္ပါ တယ္။

 NLD ပါတီ တစ္ခုတည္းႏွင့္ မေအာင္ျမင္ႏိုင္ပါဘူး၊ႏိုင္ငံေကာင္းက်ိဳးအတြက္ တူညီေသာ ပန္းတိုင္ကို သြာဖို႔ လိုအပ္ပါတယ္။ယေန႔ လူမႉေရးႏွင့္ ဘာသာေရးေတြမွာ စိန္ေခၚမႉေတြရွိလာပါတယ္။တူတာေတြ တြဲလုပ္၊ မတူတာေတြ ခြဲလုပ္ၿပီး ၊ျပည္သူကို သစၥာ မေဖါက္ဖို႔က အေရးႀကီးပါတယ္။ ရဲေဘာ္ရဲဘက္ ေတြသာ ယုံၾကည္မႉရွိရင္ ဒီယုံၾကည္မႈကို ဘယ္သူမွ ဖ်က္လို႔မရပါဘူး။” လို႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ ကေျပာၾကား ခဲ့တာပါ။

အဆိုပါေတြ႕ဆုံပြဲ ဖြင့္ပြဲ အခမ္းအနားသို႔ မႏၲေလးတိုင္းေဒသႀကီး ေ႐ႊဝါေရာင္ သံဃာေတာ္မ်ား၊မႏၲေလးတိုင္းအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ႏွင့္ အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ား၊ တစ္ႏိုင္ငံလုံးရွိ တိုင္းႏွင့္ ျပည္နယ္မ်ားမွ (၈၈)မ်ိဳးဆက္ ၿငိမ္းခ်မ္းေရးႏွင့္ပြင့္လင္း လူ႔အဖြဲ႕အစည္းမွ ကိုယ္စားလွယ္ ၁၅၀ ဦးႏွင့္ ဖိတ္ၾကားထားေသာအဖြဲအစည္းမ်ားမွဧည့္သည္ေတာ္မ်ား တက္ေရာက္ခဲ့ၾကၿပီး ယင္း စုံညီ အစည္းအေဝး ဒုတိယေန႔ကိုလည္း ဒီကေန႔ ဇူလိုင္ ၁၂ ရက္တြင္ ဆက္လက္က်င္းပလ်က္ရွိတယ္လို႔ သိရပါတယ္။

ေျပသိမ္း
ေက်ာက္ဆည္၊ဇူလိုင္ ၁၂
ဓါတ္ပုံ - ၈၈(ၿငိမ္း/ပြင့္)