တံတားစီမံကိန်းကြောင့် လမ်းမတော် ဘုန်းကြီးလမ်းတစ်ဝိုက် ပြောင်းလဲမည့်ယာဉ်လမ်းကြောင်းများ ဇူလိုင်လကုန်တွင် YRTA က ထုတ်ပြန်ရန်ရှိ

တံတားစီမံကိန်းကြောင့် လမ်းမတော် ဘုန်းကြီးလမ်းတစ်ဝိုက် ပြောင်းလဲမည့်ယာဉ်လမ်းကြောင်းများ ဇူလိုင်လကုန်တွင် YRTA က ထုတ်ပြန်ရန်ရှိ

ဒလမြစ်ကူးတံတားစီမံကိန်းမှာ ချဉ်းကပ်လမ်းတည်ဆောက်မယ့် ဘုန်းကြီးလမ်းတစ်ဝိုက် ပြေးဆွဲနေတဲ့ ယာဉ်လမ်းကြောင်းတွေရဲ့ ပြောင်းလဲ မည့်အခြေအနေအတွက် ယခုလကုန်ပိုင်းမှာ YRTA က ထုတ်ပြန်ပေးသွားဖို့တယ်လို့ ယာဉ်လိုင်းကုမ္ပဏီတွေဆီက သိရပါတယ်။

ထိုချဉ်းကပ်လမ်း တည်ဆောက်တာကို လာမယ့်သြဂုတ်လဆန်းပိုင်းမှာ စတင်ဖို့စီစဉ်နေတာကြောင့် လုပ်ငန်း စတင်တဲ့အခါ ယာဉ်လမ်းကြောင်း လွှဲမယ့် အစီအစဉ်တွေအတွက် ယာဉ်လိုင်းကုမ္ပဏီတွေရဲ့ တင်ပြချက်ကို YRTA က တောင်းခံထားလျက်ရှိပြီး တင်ပြလာတဲ့ အခြေအနေတွေ အပေါ် မူတည်ကာ ယာဉ်ကြောပိတ်ဆို့မှု တွေကိုလည်း မဖြစ်စေရေး၊ မူလသွားလာနေတဲ့ ခရီးသွားပြည်သူတွေအတွက် အဆင်ပြေချောမွေ့ေ စရေး စတဲ့ အချက်တွေအပေါ် အခြေခံဆွေးနွေးကာ လမ်းကြောင်းလွှဲမယ့် အခြေအနေတွေအတွက် YRTA က ထုတ်ပြန် ပေးသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

တံတားရဲ့ ချဉ်းကပ်လမ်းတည်ဆောက်မယ့် ဘုန်းကြီးလမ်းထဲ တိုက်ရိုက်ဖြတ်သန်းနေတဲ့ ယာဉ်လိုင်းတွေဟာ YBS ၂၁၊ ၃၉၊ ၃၅၊ ၇၈၊ ၉၄၊ ၃၇ တို့ ဖြစ်ကြပြီး ကန့်လန့်ဖြတ် ဖြတ်သန်းတဲ့ ယာဉ်လိုင်းတွေမှာတော့ မြို့တွင်းပတ် ယာဉ်လိုင်းတွေဖြစ်တဲ့ YBS ၅၆၊ ၅၇၊ ၅၈ စတဲ့ ယာဉ်လိုင်းတွေအပြင် YBS ၂၀၊ ၈၉၊ ၉၈ စတဲ့ ယာဉ်လိုင်း တွေဟာ ကန့်လန့်ဖြတ် ဖြတ်သန်းပြေးဆွဲနေတယ်လို့ သိရပါတယ်။

ထိုတံတားစီမံကိန်းဟာ ၂၀၂၀ အောက်တိုဘာ အထိ လုပ်ဆောင်မှာဖြစ်တာကြောင့် ယင်းနေရာအနီး တစ် ဝိုက်မှာ ယာဉ်လမ်းကြောင်း လွှဲတာတွေကို လုပ်ဆောင်ပေမယ့် ပြေးဆွဲနေတဲ့မူလခရီးစဉ်လမ်း ကြောင်းကိုတော့ ပြောင်းလဲမှာမဟုတ်ကြောင်း သိရပါတယ်။

 ဇွဲမာန်  
ရန်ကုန်၊ ဇူလိုင် ၁၂

(  Zawgyi  )





 ဇွဲမာန်  
ရန်ကုန်၊ ဇူလိုင် ၁၂