ထန်းပင်ပေါ် ထန်းရည်အိုးတက်ဖြုတ်ရာမှ ပြုတ်ကျသေဆုံးမှု စလင်းတွင် ဖြစ်ပွား

ထန်းပင်ပေါ် ထန်းရည်အိုးတက်ဖြုတ်ရာမှ  ပြုတ်ကျသေဆုံးမှု စလင်းတွင် ဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် ထန်းပင်ပေါ်မှ လူတစ်ဦးပြုတ်ကျကာ သေဆုံးသည့် ဖြစ်ရပ်တစ်ခု ဧပြီ ၂၁ ရ်ကညနေပိုင်း ကဖြစ်ပွား ခဲ့တယ်လို့ ရဲဇာနည်သတင်းစာမျက်နှာဖော်ပြချက်အရ သိရပါတယ်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ပိန္နဲပင်ကျေးရွာ၊ ပေါင်းဆည်ကွင်းအမှတ်၅၀၄(ခ) မြောက်ဘက်၊ ဦးကျော်ဌေးလှိုင်၏ ယာကွင်းအတွင်းရှိ ထန်းတောထဲ၌ ဧပြီ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန် က ကိုအေးလှိုင်ဆိုသူ ပြုတ်ကျ သေဆုံးနေကြောင်း သတင်းအရ စလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ ကိုအေးလှိုင်(၃၅)နှစ်မှာ ထန်းပင်ပေါ် တက်၍ ထန်းရည်ထုတ်ယူရန် ပြုလုပ်နေစဉ် ခြေချော်ကာ ထန်းပင်ပေါ်မှပြုတ်ကျ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ထိုသို့ ပြုတ်ကျသေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ထိုလူသေဆုံးမှုအား စလင်းမြို့မရဲစခန်း၊သေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၉ ဖြင့် အမှုရေးဖွင့်ခဲ့ကြောင်းသိရပါတယ်။

KZ
Photo Credit:YouTube
နေပြည်တော်၊ ဧပြီ ၂၃

(  Zawgyi  )

 မေကြးတိုင္းေဒသႀကီး၊ စလင္းၿမိဳ႕နယ္တြင္ ထန္းပင္ေပၚမွ လူတစ္ဦးျပဳတ္က်ကာ ေသဆုံးသည့္ ျဖစ္ရပ္တစ္ခု ဧၿပီ ၂၁ ရ္ကညေနပိုင္း ကျဖစ္ပြား ခဲ့တယ္လို႔ ရဲဇာနည္သတင္းစာမ်က္ႏွာေဖာ္ျပခ်က္အရ သိရပါတယ္။

ျဖစ္စဥ္မွာ မေကြးတိုင္းေဒသႀကီး၊ စလင္းၿမိဳ႕နယ္၊ ပိႏၷဲပင္ေက်း႐ြာ၊ ေပါင္းဆည္ကြင္းအမွတ္၅၀၄(ခ) ေျမာက္ဘက္၊ ဦးေက်ာ္ေဌးလႈိင္၏ ယာကြင္းအတြင္းရွိ ထန္းေတာထဲ၌ ဧၿပီ ၂၁ ရက္ေန႔ ညေန ၅ နာရီအခ်ိန္ က ကိုေအးလႈိင္ဆိုသူ ျပဳတ္က် ေသဆုံးေနေၾကာင္း သတင္းအရ စလင္းၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့ရာ ေသဆုံးသူ ကိုေအးလႈိင္(၃၅)ႏွစ္မွာ ထန္းပင္ေပၚ တက္၍ ထန္းရည္ထုတ္ယူရန္ ျပဳလုပ္ေနစဥ္ ေျခေခ်ာ္ကာ ထန္းပင္ေပၚမွျပဳတ္က် ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။

ထိုသို႔ ျပဳတ္က်ေသဆုံးျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရွိရသျဖင့္ ထိုလူေသဆုံးမႈအား စလင္းၿမိဳ႕မရဲစခန္း၊ေသမႈေသခင္းအမွတ္စဥ္ ၃/၂၀၁၉ ျဖင့္ အမႈေရးဖြင့္ခဲ့ေၾကာင္းသိရပါတယ္။

KZ
Photo Credit:YouTube
ေနျပည္ေတာ္၊ ဧၿပီ ၂၃