ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် တည်ထားကိုးကွယ်မည့် ရုပ်ပွားတော်မြတ်၊ ရွှေထီးတော်၊ ငှက်မြတ်နား တော်နှင့် စိန်ဖူးတော်များ သံဖြူဇရပ်မြို့သို့ရောက်ရှိ

ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် တည်ထားကိုးကွယ်မည့် ရုပ်ပွားတော်မြတ်၊ ရွှေထီးတော်၊ ငှက်မြတ်နား တော်နှင့် စိန်ဖူးတော်များ သံဖြူဇရပ်မြို့သို့ရောက်ရှိ

ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် တည်ထားကိုးကွယ်မည့် ရုပ်ပွားတော်မြတ်၊ ရွှေထီးတော်၊ ငှက်မြတ်နား တော်နှင့် စိန်ဖူးတော်များ ဒေသစာရီကြွချီရာ ဧပြီလ ၂၁ ရက်နေ့က သံဖြူဇရပ်မြို့သို့ရောက်ရှိခဲ့ပြီး ဒေသခံများ က လှူဖွယ် ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်း ခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဧပြီလ ၂၁ ရက်နေ့က မော်တော်ယာဉ်(၅)စီးဖြင့် မုဒုံမြို့ဘက်မှ သံဖြူဇရပ်မြို့ဘက်သို့ ဒေသစာရီ လှည့်လည် လာစဉ် ကျောင်းပိုင်းရပ်ကွက်၊ ဗိုလ်နေဝင်းလမ်း၊ မြို့နယ်ထွေ/အုပ်ရုံးရှေ့ရှိ ယာယီအပူဇော်ခံမဏ္ဍပ်သို့ ရောက် ရှိကာ ခေတ္တရပ်တန့်အပူဇော်ခံခဲ့ခြင်းဖြစ်ပြီး အလှူရှင်များက ငွေကျပ်(၂၉၅၆၀၀၀) အားလှုတန်းခဲ့တယ်လို့ ဆိုပါတယ်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြေကုန်းတော်၌ တည်ထားကိုးကွယ်မည့် ထာဝရငြိမ်းချမ်းရေး စေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့အား မွန်ပြည် နယ်၊ မော်လမြိုင်မြို့၊ ကျိုက်သလ္လံစေတော်မြတ်ကြီးတွင် ဧပြီလ ၂၀ ရက်နေ့က ခေတ္တ ကိန်းဝပ်စံပယ်တော် မူခဲ့ပြီး မုဒုံ၊သံဖြူဇရပ်မြို့များကိုဖြတ်ကျော်ကာ တနင်္သာရီတိုင်းဒေသကြီးသို့ ဒေသစာရီ လှည့်လည် အပူဇော် ခံမှာဖြစ်တယ်လို့ သိရှိရပါတယ်။

မင်းထွန်း(အုတ်ကျင်း)
မော်လမြိုင် ဧပြီ ၂၂

(  Zawgyi  )

 
ထာဝရၿငိမ္းခ်မ္းေရးေစတီေတာ္တြင္ တည္ထားကိုးကြယ္မည္႔ ရုပ္ပြားေတာ္ျမတ္္၊ ေရႊထီးေတာ္၊ ငွက္ျမတ္နား ေတာ္ႏွင့္ စိန္ဖူးေတာ္မ်ား သံျဖဴဇရပ္ၿမိဳ႕သို႔ေရာက္ရွိ

ထာဝရၿငိမ္းခ်မ္းေရးေစတီေတာ္တြင္ တည္ထားကိုးကြယ္မည္႔ ရုပ္ပြားေတာ္ျမတ္္၊ ေရႊထီးေတာ္၊ ငွက္ျမတ္နား ေတာ္ႏွင့္ စိန္ဖူးေတာ္မ်ား ေဒသစာရီၾကြခ်ီရာ ဧၿပီလ ၂၁ ရက္ေန႔က သံျဖဴဇရပ္ၿမိဳ႕သို႔ေရာက္ရွိခဲ့ၿပီး ေဒသခံမ်ား က လွဴဖြယ္ ဝတၳဳပစၥည္းမ်ားဆက္ကပ္လွဴဒါန္း ခဲ့တယ္လို႔ ျပည္နယ္ရဲတပ္ဖြဲ႔မွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဧၿပီလ ၂၁ ရက္ေန႔က ေမာ္ေတာ္ယာဥ္(၅)စီးျဖင့္ မုဒံုၿမိဳ႕ဘက္မွ သံျဖဴဇရပ္ၿမိဳ႕ဘက္သို႔ ေဒသစာရီ လွည္႔လည္ လာစဥ္ ေက်ာင္းပိုင္းရပ္ကြက္၊ ဗိုလ္ေန၀င္းလမ္း၊ ၿမိဳ႕နယ္ေထြ/အုပ္ရုံုးေရွ႕ရွိ ယာယီအပူေဇာ္ခံမ႑ပ္သုိ႔ ေရာက္ ရွိကာ ေခတၱရပ္တန္႔အပူေဇာ္ခံခဲ့ျခင္းျဖစ္ၿပီး အလွဴရွင္မ်ားက ေငြက်ပ္(၂၉၅၆၀၀၀) အားလွဳတန္းခဲ့တယ္လို႔ ဆိုပါတယ္။

ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္ရွိ ရန္ေအာင္ေျမကုန္းေတာ္၌ တည္ထားကိုးကြယ္မည့္ ထာ၀ရၿငိမ္းခ်မ္းေရး ေစတီေတာ္တြင္ ကိန္း၀ပ္စံပယ္ေတာ္မူမည့္ စိန္ဖူးေတာ္၊ ငွက္ျမတ္နားေတာ္ႏွင့္ ေရႊထီးေတာ္တို႔အား မြန္ျပည္ နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ က်ိဳက္သလႅံေစေတာ္ျမတ္ႀကီးတြင္ ဧၿပီလ ၂၀ ရက္ေန႔က ေခတၱ ကိန္းဝပ္စံပယ္ေတာ္ မူခဲ့ၿပီး မုဒံု၊သံျဖဴဇရပ္ၿမိဳ႕မ်ားကိုျဖတ္ေက်ာ္ကာ တနသၤာရီတိုင္းေဒသႀကီးသို႔ ေဒသစာရီ လွည့္လည္ အပူေဇာ္ ခံမွာျဖစ္တယ္လို႔ သိရွိရပါတယ္။

မင္းထြန္း(အုတ္က်င္း)
ေမာ္လၿမိဳင္ ဧၿပီ ၂၂