ဒလတံတားစီမံကိန်း ဘိုးပိုင်များစတင်တူးဖော်

 
ဒလတံတားစီမံကိန်း ဘိုးပိုင်များစတင်တူးဖော်

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား စီမံကိန်း အတွက် ယနေ့(ဇွန်လ ၂၈ရက်) မနက်က ဒလမြို့နယ်မှာရှိတဲ့ တံတား တည်ဆောက်ရေး စီမံကိန်းမှာ ဘိုးပိုင်များ စတင်တူးဖော် လုပ်ကိုင်ခဲ့ကြပါတယ်။

အဆိုပါအခမ်းအနားမှာ ကိုရီးယားဘက်က နည်းပညာရှင်တွေက တည်ဆောက်မယ့် အခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ "ဒလက ပြည်သူတွေ မျှော်လင့်ကြတဲ့ တံတားစီမံကိန်း စတင်ပါပြီ"လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောပါတယ်။ ထိုစီမံကိန်းဟာ ယခင်အစိုးရ လက်ထက်ကတည်းက စတင်ဖို့လျာထားခဲ့ပေမယ့် လုပ်ငန်းရှင်ကြီးတစ်ချို့ရဲ့ ကန့်ကွက်မှုတွေကြောင့် ယခုလို ကြာမြင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဇွန် ၂၈

(  Zawgyi  )

 ျမန္မာ-ကိုရီးယား ခ်စ္ၾကည္ေရး (ဒလ) တံတား စီမံကိန္း အတြက္ ယေန႔(ဇြန္လ ၂၈ရက္) မနက္က ဒလၿမိဳ႕နယ္မွာရွိတဲ့ တံတား တည္ေဆာက္ေရး စီမံကိန္းမွာ ဘိုးပိုင္မ်ား စတင္တူးေဖာ္ လုပ္ကိုင္ခဲ့ၾကပါတယ္။

အဆိုပါအခမ္းအနားမွာ ကိုရီးယားဘက္က နည္းပညာရွင္ေတြက တည္ေဆာက္မယ့္ အေျခအေနေတြကို ရွင္းလင္းေျပာၾကားခဲ့ပါတယ္။ "ဒလက ျပည္သူေတြ ေမွ်ာ္လင့္ၾကတဲ့ တံတားစီမံကိန္း စတင္ပါၿပီ"လို႔ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္က ေျပာပါတယ္။ ထိုစီမံကိန္းဟာ ယခင္အစိုးရ လက္ထက္ကတည္းက စတင္ဖို႔လ်ာထားခဲ့ေပမယ့္ လုပ္ငန္းရွင္ႀကီးတစ္ခ်ိဳ႕ရဲ႕ ကန႔္ကြက္မႈေတြေၾကာင့္ ယခုလို ၾကာျမင့္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဇြန္ ၂၈