ဓနအင်အားကို မှန်မှန်ကန်ကန်သုံးနိုင်မှ တစ်ကယ့်ကိုတန်ဖိုးရှိတဲ့နိုင်ငံဖြစ်လာမည်ဟု နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဓနအင်အားကို မှန်မှန်ကန်ကန်သုံးနိုင်မှ တစ်ကယ့်ကိုတန်ဖိုးရှိတဲ့နိုင်ငံဖြစ်လာမည်ဟု နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ကမ္ဘာကြီးမှာဓနအင်အားကအရေးကြီးမှာဘယ်သူမှငြင်းမရသော်ငြားလည်းဓနအင်အားတစ်ခုထဲနှင့်မလုံလောက်ဓနအင်အားကိုမှန်မှန်ကန်ကန်သုံးနိုင်မှနိုင်ငံဟာတစ်ကယ့်ကိုတန်ဖိုးရှိတဲ့နိုင်ငံဖြစ်လာမည်ဟု နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့ ပြုလုပ်တဲ့ မြန်မာအမျိုးသမီး များနေ့အခမ်း အနားမှာ ပြောကြားခဲ့ပါတယ်။

“ကျမတို့အခုရုပ်ပိုင်းဆိုင်ရာတိုးတက်မှုကိုအင်မတန်မှဦးစားပေးနေတဲ့ခေတ်ကြီးမှာတစ်ခြားစိတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေရောဘာတွေလိုအပ်နေသေးလည်းဆိုတာအဓိကထားစဉ်းစားစေချင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုကမရှိလို့မဖြစ်ဘူးဆိုတာကျမတို့အားလုံးကလက်ခံပါတယ်။ဒီကမ္ဘာကြီးမှာဓနအင်အားကအရေးကြီးတယ်ဆိုတာဘယ်သူမှငြင်းမရပါဘူး။သို့သော်ငြားလည်းဓနအင်အားတစ်ခုထဲနဲ့လည်းမလုံလောက်ပါဘူး။ဓနအင်အားကိုမှန်မှန်ကန်ကန်သုံးနိုင်မှကျမတို့နိုင်ငံဟာတစ်ကယ့်ကိုတန်ဖိုးရှိတဲ့နိုင်ငံဖြစ်လာမှာပါ။ဒီလိုတန်ဖိုးရှိတဲ့နိုင်ငံ ဖြစ်ဖို့အတွက် ကျမတို့ရဲ့ အမျိုးသမီးတွေက ဦးဆောင်ပြီးလုပ်စေချင်ပါတယ် “လို့ နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။

ယင်းအပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်မှ “ ကျမတို့ရဲ့ ပညာရေးကဏ္ဍမှာ ဆိုရင်လည်း ၉၀ ရာခိုင်နှုန်းလောက်က ကျောင်းဆရာမများက ဆရာ၊ ဆရာမများထဲမှာ ၉၀ ရာခိုင်နှုန်း လောက် က အမျိုးသမီးတွေဖြစ်နေပါတယ်။ ကျမတို့ကတော့ ကျောင်းဆရာ၊ ဆရာမလောကကို အမျိုးသားတွေ ပိုပြီး တော့ ဝင်လာတာ မြင်ချင်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ ရှိပြီး သားဖြစ်တဲ့ အမျိုးသမီးတွေရဲ့ သြဇာနဲ့ အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းကို ကျမတို့ လျော့တွက်လို့ မရပါဘူး။ ကျမတို့ရဲ့ ပညာရေးလောကမှာလည်း ဦး ဆောင်တာ အမျိုးသမီးတွေဖြစ်တယ်ဆိုလို့ရှိရင် မမှားပါဘူး။ ဒီလို ပြောခြင်းဟာ ကျမက တက္ကသိုလ် ပါမောက္ခ တွေကို ပြောဆိုခြင်းမဟုတ်ပါဘူး။

မူလတန်းကျောင်းဆရာ၊ ဆ ရာမတွေကို ပြောတာပါ။ မူလတန်းကျောင်း ဆရာမ တွေက အင်မတန်မှ အရေးကြီပါတယ်။ အဲ့ဒီအချိန်မှာ ကလေးများရဲ့ စိတ်ထဲမှာ ဘယ်လို တန်ဖိုးထား တွေ အရေးပါသလဲဆိုတာ စွဲသွားအောင် လုပ်ပေးနိုင်တဲ့ အချိန် အခါကောင်းတွေဖြစ်ပါတယ်။ ကျမတို့ အမျိုး သမီး များဟာ မိသားစုအတွင်းမှာတင် မဟုတ်ဘူး။ ပညာရေးလောကအတွင်းမှာရော၊ လူမှုအသိုင်းအဝိုင်း အတွင်းမှာရော အင်မတန်မှ အရေးပါတဲ့ကဏ္ဍမှာ ရှိနေပါတယ်။ ဒီအရေးပါတဲ့ကဏ္ဍမှာရှိနေ တဲ့အချိန်ကို နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင်လို့ လုပ်စေ ချင်ပါတယ်။ ကျမတို့ အမျိုးသမီး၊ အမျိုးသား တန်းတူညီမျှရေးလုပ်တဲ့အခါမှာ ရန်သူတွေသဖွယ်၊ တစ်ယောက်နဲ့ တစ်ယောက်ကြည့်ပြီး လုပ်တာမဟုတ်ဘဲနဲ့ မိတ်ဆွေများလို မောင်နှမ အရင်းအချာများလို စိတ်ဓါတ်နဲ့ လုပ်တာ ဖြစ်စေချင်ပါတယ်။ ကျမတို့ အမျိုးသား တွေကိုလည်း နောက်မှာမကျန်ခဲ့စေချင်ပါဘူး။ ကျမတို့ကိုယ်တိုင်လည်း နောက်မှာ မကျန်ခဲ့စေချင်ပါဘူး။ အားလုံးလက်တွဲပြီးတော့ တန်းတူရည်တူလက် တွဲသွားနိုင်ဖို့အတွက်ကို ဖန်တီးပေးရမှာဖြစ်ပါ တယ်”လို့  ထည့်သွင်းပြောကြားခဲ့ပါတယ်။

ယနေ့နံနက်ပိုင်းက နေပြည်တော်MICC-2တွင်ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီး များနေ့အခမ်း အနားသို့ နိုင်ငံတာ်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒါ်အောင်ဆန်းစုကြည်နှင့် အတူ၊နိုင်ငံတော်သမ္မတဦးဝင်းမြင့် ၏ ဇနီး၊နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၏ ဇနီး၊ လွှတ်တော်ဥက္ကဋ္ဌများ၏ ဇနီးများ၊ဒုတိယသမ္မတများ၏ဇနီး များ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်ဇနီး ၊ပြည် ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ဒုတိယ ဝန်ကြီးများနှင့်ဇနီးများ၊မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်မှအမျိုးသမီးများ ၊မိခင်ကလေး စောင့်ရှောက်ရေးအဖွဲ့များ၊ NGO၊INGO၊ အဖွဲ့များမှ အမျိုးသမီးများ၊အမျိုးသမီးစွမ်းဆောင်ရှင်များဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်။

PTG
နေပြည်တော်၊ဇူလိုင်-၃  

(  Zawgyi  )

 ကမာၻႀကီးမွာဓနအင္အားကအေရးႀကီးမွာဘယ္သူမွျငင္းမရေသာ္ျငားလည္းဓနအင္အားတစ္ခုထဲႏွင့္မလုံေလာက္ဓနအင္အားကိုမွန္မွန္ကန္ကန္သုံးႏိုင္မွႏိုင္ငံဟာတစ္ကယ့္ကိုတန္ဖိုးရွိတဲ့ႏိုင္ငံျဖစ္လာမည္ဟု ႏိုင္ငံေတာ္ အတိုင္ ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္မွ ယေန႔ ျပဳလုပ္တဲ့ ျမန္မာအမ်ိဳးသမီး မ်ားေန႔အခမ္း အနားမွာ ေျပာၾကားခဲ့ပါတယ္။

“က်မတို႔အခု႐ုပ္ပိုင္းဆိုင္ရာတိုးတက္မႈကိုအင္မတန္မွဦးစားေပးေနတဲ့ေခတ္ႀကီးမွာတစ္ျခားစိတ္ပိုင္းဆိုင္ရာတိုးတက္မႈေတြေရာဘာေတြလိုအပ္ေနေသးလည္းဆိုတာအဓိကထားစဥ္းစားေစခ်င္ပါတယ္။႐ုပ္ပိုင္းဆိုင္ရာတိုးတက္မႈကမရွိလို႔မျဖစ္ဘူးဆိုတာက်မတို႔အားလုံးကလက္ခံပါတယ္။ဒီကမာၻႀကီးမွာဓနအင္အားကအေရးႀကီးတယ္ဆိုတာဘယ္သူမွျငင္းမရပါဘူး။သို႔ေသာ္ျငားလည္းဓနအင္အားတစ္ခုထဲနဲ႔လည္းမလုံေလာက္ပါဘူး။ဓနအင္အားကိုမွန္မွန္ကန္ကန္သုံးႏိုင္မွက်မတို႔ႏိုင္ငံဟာတစ္ကယ့္ကိုတန္ဖိုးရွိတဲ့ႏိုင္ငံျဖစ္လာမွာပါ။ဒီလိုတန္ဖိုးရွိတဲ့ႏိုင္ငံ ျဖစ္ဖို႔အတြက္ က်မတို႔ရဲ႕ အမ်ိဳးသမီးေတြက ဦးေဆာင္ၿပီးလုပ္ေစခ်င္ပါတယ္ “လို႔ ႏိုင္ငံေတာ္ အတိုင္ ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေျပာၾကားခဲ့ပါတယ္။

ယင္းအျပင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္း စုၾကည္မွ “ က်မတို႔ရဲ႕ ပညာေရးက႑မွာ ဆိုရင္လည္း ၉၀ ရာခိုင္ႏႈန္းေလာက္က ေက်ာင္းဆရာမမ်ားက ဆရာ၊ ဆရာမမ်ားထဲမွာ ၉၀ ရာခိုင္ႏႈန္း ေလာက္ က အမ်ိဳးသမီးေတြျဖစ္ေနပါတယ္။ က်မတို႔ကေတာ့ ေက်ာင္းဆရာ၊ ဆရာမေလာကကို အမ်ိဳးသားေတြ ပိုၿပီး ေတာ့ ဝင္လာတာ ျမင္ခ်င္ပါတယ္။ ဒါေပမယ့္ တစ္ခ်ိန္တည္းမွာ ရွိၿပီး သားျဖစ္တဲ့ အမ်ိဳးသမီးေတြရဲ႕ ၾသဇာနဲ႔ အမ်ိဳးသမီးေတြရဲ႕ လုပ္ႏိုင္စြမ္းကို က်မတို႔ ေလ်ာ့တြက္လို႔ မရပါဘူး။ က်မတို႔ရဲ႕ ပညာေရးေလာကမွာလည္း ဦး ေဆာင္တာ အမ်ိဳးသမီးေတြျဖစ္တယ္ဆိုလို႔ရွိရင္ မမွားပါဘူး။ ဒီလို ေျပာျခင္းဟာ က်မက တကၠသိုလ္ ပါေမာကၡ ေတြကို ေျပာဆိုျခင္းမဟုတ္ပါဘူး။

မူလတန္းေက်ာင္းဆရာ၊ ဆ ရာမေတြကို ေျပာတာပါ။ မူလတန္းေက်ာင္း ဆရာမ ေတြက အင္မတန္မွ အေရးႀကီပါတယ္။ အဲ့ဒီအခ်ိန္မွာ ကေလးမ်ားရဲ႕ စိတ္ထဲမွာ ဘယ္လို တန္ဖိုးထား ေတြ အေရးပါသလဲဆိုတာ စြဲသြားေအာင္ လုပ္ေပးႏိုင္တဲ့ အခ်ိန္ အခါေကာင္းေတြျဖစ္ပါတယ္။ က်မတို႔ အမ်ိဳး သမီး မ်ားဟာ မိသားစုအတြင္းမွာတင္ မဟုတ္ဘူး။ ပညာေရးေလာကအတြင္းမွာေရာ၊ လူမႈအသိုင္းအဝိုင္း အတြင္းမွာေရာ အင္မတန္မွ အေရးပါတဲ့က႑မွာ ရွိေနပါတယ္။ ဒီအေရးပါတဲ့က႑မွာရွိေန တဲ့အခ်ိန္ကို ႏိုင္ငံအတြက္ အေကာင္းဆုံးျဖစ္ေအာင္လို႔ လုပ္ေစ ခ်င္ပါတယ္။ က်မတို႔ အမ်ိဳးသမီး၊ အမ်ိဳးသား တန္းတူညီမွ်ေရးလုပ္တဲ့အခါမွာ ရန္သူေတြသဖြယ္၊ တစ္ေယာက္နဲ႔ တစ္ေယာက္ၾကည့္ၿပီး လုပ္တာမဟုတ္ဘဲနဲ႔ မိတ္ေဆြမ်ားလို ေမာင္ႏွမ အရင္းအခ်ာမ်ားလို စိတ္ဓါတ္နဲ႔ လုပ္တာ ျဖစ္ေစခ်င္ပါတယ္။ က်မတို႔ အမ်ိဳးသား ေတြကိုလည္း ေနာက္မွာမက်န္ခဲ့ေစခ်င္ပါဘူး။ က်မတို႔ကိုယ္တိုင္လည္း ေနာက္မွာ မက်န္ခဲ့ေစခ်င္ပါဘူး။ အားလုံးလက္တြဲၿပီးေတာ့ တန္းတူရည္တူလက္ တြဲသြားႏိုင္ဖို႔အတြက္ကို ဖန္တီးေပးရမွာျဖစ္ပါ တယ္”လို႔  ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ယေန႔နံနက္ပိုင္းက ေနျပည္ေတာ္MICC-2တြင္က်င္းပျပဳလုပ္သည့္ ျမန္မာအမ်ိဳးသမီး မ်ားေန႔အခမ္း အနားသို႔ ႏိုင္ငံတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ဒၚေအာင္ဆန္းစုၾကည္ႏွင့္ အတူ၊ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္ ၏ ဇနီး၊ႏိုင္ငံေတာ္သမၼတေဟာင္း ဦးထင္ေက်ာ္၏ ဇနီး၊ လႊတ္ေတာ္ဥကၠ႒မ်ား၏ ဇနီးမ်ား၊ဒုတိယသမၼတမ်ား၏ဇနီး မ်ား၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးႏွင့္ဇနီး ၊ျပည္ ေထာင္စုဝန္ႀကီးမ်ား၏ ဇနီးမ်ား၊ဒုတိယ ဝန္ႀကီးမ်ားႏွင့္ဇနီးမ်ား၊ျမန္မာႏိုင္ငံအမ်ိဳးသမီးအဖြဲ႕ခ်ဳပ္မွအမ်ိဳးသမီးမ်ား ၊မိခင္ကေလး ေစာင့္ေရွာက္ေရးအဖြဲ႕မ်ား၊ NGO၊INGO၊ အဖြဲ႕မ်ားမွ အမ်ိဳးသမီးမ်ား၊အမ်ိဳးသမီးစြမ္းေဆာင္ရွင္မ်ားဖိတ္ၾကားထားသူမ်ားတက္ေရာက္ခဲ့ၾကေၾကာင္းသိရွိရပါတယ္။

PTG
ေနျပည္ေတာ္၊ဇူလိုင္-၃