နယ်စပ်ကုန်သွယ်ရေးစခန်း လေးခု မှတစ်ဆင့် တရုတ်နိုင်ငံနှင့် မတ်လအတွင်း ကုန်သွယ်မှု ကန်ဒေါ်လာသန်း ၄၅၀ ကျော်ရှိ

နယ်စပ်ကုန်သွယ်ရေးစခန်း လေးခု မှတစ်ဆင့် တရုတ်နိုင်ငံနှင့် မတ်လအတွင်း ကုန်သွယ်မှု ကန်ဒေါ်လာသန်း ၄၅၀ ကျော်ရှိ

အိမ်နီးချင်းတရုတ်နိုင်ငံနှင့် ပြီးခဲ့သည့် မတ်လအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်း လေးခုမှတစ်ဆင့် ကုန်သွယ် မှုပမာဏမှာ ကန်ဒေါ်လာသန်း ၄၅၀ ကျော်ရှိခဲ့ပြီး ထိုပမာဏမှာ ပြီးခဲ့သည့်ဖေဖေါ်ဝါရီလကုန်သွယ်မှု ပမာဏထက် ကန်ဒေါ်လာ သန်း၅၀ ကျော်လျော့ကျခဲ့ကြောင်း သိရပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၁၈ခုနှစ် အောက်တိုဘာ မှ ၂၀၁၉ မတ် ၈ ရက်အထိငါးလကျော် ကာလအတွင်း မူဆယ်၊လွယ်ဂျယ်၊ချင်းရွှေဟော်၊ကန်ပိုက်တီး စသည့် နယ်စပ်ကုန် သွယ်ရေးစခန်း လေးခုမှ ကုန်သွယ်မှုမှာ ကန် ဒေါ်လာ ၂၆၄၉ဒသမ ၇၉၃သန်းဖိုးရှိပြီး ၂၀၁၈ခုနှစ် အောက်တို ဘာ မှ ၂၀၁၉ ခုနှစ်  ဧပြီ ၅  ရက်ထိ ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၃၁၀၇ ဒသမ ၆၈၇ သန်းရှိသဖြင့် မတ်လ အတွင်း ကုန်သွယ်မှု့ ကန်ဒေါ်လာ ၄၅၇ ဒသမ ၈၉၄ သန်းရှိခဲ့တယ်လို့ သိရပါတယ်။

“အရောင်းအဝယ်က တောက်လျှောက်ကျနေတာ။သူတို့ ထုတ်ပြန်ချက်အရဆို ပြီးခဲ့တဲ့ နှစ်ထက် တစ် ဘီလျံလောက် လျော့ကျတဲ့ သဘောပဲ။ ဖြစ်နိုင်တယ်။ ဆန်လည်း မရဘူး၊ကျွဲနွားမရဘူး။ ပြီးတော့ ရာသီသီးနှံ တွေ အရင်လို တင်လို့မရတော့ဘူး။ ဒီဘက်က ကားတွေ ဟိုဘက်က အဝင်မခံဘူး။ တစ်ခုဘဲရှိတာ။ဒီရက်ပိုင်း တအားပူနေတော့ ဟိုဘက်က ဖရဲလို အအေးသီးတွေ ဆွဲတာများလာနိုင်တယ်။နောက် နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူစာချုပ်တွေရှိတဲ့အတွက် လက်ကျန်လတွေမှာ ပြန်တက်လာမလားဘဲ”လို့ မူဆယ်အခြေစိုက် ကုန် သည် တစ်ဦးကဆိုပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ၂၀၁၈ခုနှစ် အောက်တိုဘာ မှ ၂၀၁၉ ဧပြီ ၅  ရက်အထိခြောက်လကျော် ကာလအတွင်းမူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်  ကန်ဒေါ်လာ ၁၆၃၄ ဒသမ၃၈၃ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ၉၀၃ ဒသမ၅၁၂ သန်း၊ ကန်ပိုက်တီစခန်းမှ ပို့ကုန်  ကန်ဒေါ်လာ ၁၃၂ ဒသမ၈၂၈သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ၁၂ ဒသမ ၃၀၀ သန်း၊ချင်းရွှေဟော်စခန်းမှ ပို့ကုန်  ကန်ဒေါ်လာ ၂၉၄ ဒသမ ၁၇၄ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ၂၈ ဒသမ၉၆၆သန်း၊ လွယ်ဂျယ်စခန်း မှ ပို့ကုန်  ကန်ဒေါ်လာ ၉၄ ဒသမ၂၂၅သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ၇ ဒသမ၂၉၉သန်း ရောင်းဝယ်ခဲ့ပြီးစုစုပေါင်းကုန် သွယ်မှု ကန် ဒေါ်လာ၃၁၀၇ ဒသမ ၆၈၇သန်းဖိုးကုန်သွယ်ခဲ့ကြောင်းသိရပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် နှစ်ဝက်တာ ခြောက်လအတွင်း တရုတ်နှင့်ထိစပ်နေသည့် နယ်စပ်ကုန် သွယ်ရေးစခန်း ၄ ခုမှ ကုန်သွယ်ခဲ့ရာတွင် ယခင်ကာလတူ ဘဏ္ဍနှစ်ထက် ကန်ဒေါ်လာ သန်း ခုနှစ်ရာကျော်( ၇၁၆ ဒသမ ၈၀၇ သန်း) လျော့နည်းခဲ့ကြောင်းသိရပါတယ်။

PWA
ရန်ကုန်၊ ဧပြီ ၂၃
Photo Credit:ခွာညိုသစ်သီးပွဲရုံ fb

(  Zawgyi  )

 အိမ္နီးခ်င္းတ႐ုတ္ႏိုင္ငံႏွင့္ ၿပီးခဲ့သည့္ မတ္လအတြင္း နယ္စပ္ကုန္သြယ္ေရးစခန္း ေလးခုမွတစ္ဆင့္ ကုန္သြယ္ မႈပမာဏမွာ ကန္ေဒၚလာသန္း ၄၅၀ ေက်ာ္ရွိခဲ့ၿပီး ထိုပမာဏမွာ ၿပီးခဲ့သည့္ေဖေဖၚဝါရီလကုန္သြယ္မႈ ပမာဏထက္ ကန္ေဒၚလာ သန္း၅၀ ေက်ာ္ေလ်ာ့က်ခဲ့ေၾကာင္း သိရပါတယ္။

ကုန္သြယ္ေရးဦးစီးဌာနမွ ထုတ္ျပန္သည့္ အခ်က္အလက္မ်ားအရ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာ မွ ၂၀၁၉ မတ္ ၈ ရက္အထိငါးလေက်ာ္ ကာလအတြင္း မူဆယ္၊လြယ္ဂ်ယ္၊ခ်င္းေ႐ႊေဟာ္၊ကန္ပိုက္တီး စသည့္ နယ္စပ္ကုန္ သြယ္ေရးစခန္း ေလးခုမွ ကုန္သြယ္မႈမွာ ကန္ ေဒၚလာ ၂၆၄၉ဒသမ ၇၉၃သန္းဖိုးရွိၿပီး ၂၀၁၈ခုႏွစ္ ေအာက္တို ဘာ မွ ၂၀၁၉ ခုႏွစ္  ဧၿပီ ၅  ရက္ထိ ကုန္သြယ္မႈမွာ ကန္ေဒၚလာ ၃၁၀၇ ဒသမ ၆၈၇ သန္းရွိသျဖင့္ မတ္လ အတြင္း ကုန္သြယ္မႈ႕ ကန္ေဒၚလာ ၄၅၇ ဒသမ ၈၉၄ သန္းရွိခဲ့တယ္လို႔ သိရပါတယ္။

“အေရာင္းအဝယ္က ေတာက္ေလွ်ာက္က်ေနတာ။သူတို႔ ထုတ္ျပန္ခ်က္အရဆို ၿပီးခဲ့တဲ့ ႏွစ္ထက္ တစ္ ဘီလ်ံေလာက္ ေလ်ာ့က်တဲ့ သေဘာပဲ။ ျဖစ္ႏိုင္တယ္။ ဆန္လည္း မရဘူး၊ကြၽဲႏြားမရဘူး။ ၿပီးေတာ့ ရာသီသီးႏွံ ေတြ အရင္လို တင္လို႔မရေတာ့ဘူး။ ဒီဘက္က ကားေတြ ဟိုဘက္က အဝင္မခံဘူး။ တစ္ခုဘဲရွိတာ။ဒီရက္ပိုင္း တအားပူေနေတာ့ ဟိုဘက္က ဖရဲလို အေအးသီးေတြ ဆြဲတာမ်ားလာႏိုင္တယ္။ေနာက္ ႏွစ္ႏိုင္ငံ ကုန္သြယ္ေရး သေဘာတူစာခ်ဳပ္ေတြရွိတဲ့အတြက္ လက္က်န္လေတြမွာ ျပန္တက္လာမလားဘဲ”လို႔ မူဆယ္အေျခစိုက္ ကုန္ သည္ တစ္ဦးကဆိုပါတယ္။

ကုန္သြယ္ေရးဦးစီးဌာနမွ ထုတ္ျပန္သည့္ အခ်က္အလက္မ်ားအရ၂၀၁၈ခုႏွစ္ ေအာက္တိုဘာ မွ ၂၀၁၉ ဧၿပီ ၅  ရက္အထိေျခာက္လေက်ာ္ ကာလအတြင္းမူဆယ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ပို႔ကုန္  ကန္ေဒၚလာ ၁၆၃၄ ဒသမ၃၈၃ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ၉၀၃ ဒသမ၅၁၂ သန္း၊ ကန္ပိုက္တီစခန္းမွ ပို႔ကုန္  ကန္ေဒၚလာ ၁၃၂ ဒသမ၈၂၈သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ၁၂ ဒသမ ၃၀၀ သန္း၊ခ်င္းေ႐ႊေဟာ္စခန္းမွ ပို႔ကုန္  ကန္ေဒၚလာ ၂၉၄ ဒသမ ၁၇၄ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ၂၈ ဒသမ၉၆၆သန္း၊ လြယ္ဂ်ယ္စခန္း မွ ပို႔ကုန္  ကန္ေဒၚလာ ၉၄ ဒသမ၂၂၅သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ၇ ဒသမ၂၉၉သန္း ေရာင္းဝယ္ခဲ့ၿပီးစုစုေပါင္းကုန္ သြယ္မႈ ကန္ ေဒၚလာ၃၁၀၇ ဒသမ ၆၈၇သန္းဖိုးကုန္သြယ္ခဲ့ေၾကာင္းသိရပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ႏွစ္ဝက္တာ ေျခာက္လအတြင္း တ႐ုတ္ႏွင့္ထိစပ္ေနသည့္ နယ္စပ္ကုန္ သြယ္ေရးစခန္း ၄ ခုမွ ကုန္သြယ္ခဲ့ရာတြင္ ယခင္ကာလတူ ဘ႑ႏွစ္ထက္ ကန္ေဒၚလာ သန္း ခုႏွစ္ရာေက်ာ္( ၇၁၆ ဒသမ ၈၀၇ သန္း) ေလ်ာ့နည္းခဲ့ေၾကာင္းသိရပါတယ္။

PWA
ရန္ကုန္၊ ဧၿပီ ၂၃
Photo Credit:ခြာညိဳသစ္သီးပြဲ႐ုံ fb