နိုင်ငံခြားတွင် အလုပ်လုပ်ရန် အောင်လက်မှတ်အတုများဖြင့် ထောက်ခံမှုတောင်းခဲ့သည့် ကုမ္ပဏီ နှင့် ပါဝင်ပတ်သက်သူများကို အမှုဖွင့်

နိုင်ငံခြားတွင် အလုပ်လုပ်ရန် အောင်လက်မှတ်အတုများဖြင့် ထောက်ခံမှုတောင်းခဲ့သည့် ကုမ္ပဏီ နှင့် ပါဝင်ပတ်သက်သူများကို အမှုဖွင့်

နိုင်ငံခြားတွင် အလုပ်လုပ်ရန် အောင်လက်မှတ်အတု၊ အမှတ်စာရင်းအတုများဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ နိုတြီထောက်ခံမှု တောင်းခဲ့သည့် ကုမ္ပဏီနှင့် ပါဝင်ပတ်သက်သူများကို ဇွန်လ ၃ ရက်နေ့က အမှုဖွင့် အရေးုယူခဲ့တယ်လို့ ပြည်ထဲရေးမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က မထက်ဝေအောင် (စိစစ်ဆဲ) ပါ မ ၃ ဦးသည် တရုတ် (ထိုင်ဝမ်) နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ရန် တာမွေမြို့နယ် ပျားရည်ကုန်းရပ်ကွက်ရှိ Five Four Two Co,Ltd သို့ ဆက်သွယ်ခဲ့ရာ အဆိုပါကုမ္ပဏီမှ (၁၀) တန်း အောင်လက်မှတ်အတု၊ (၁၀) တန်း အမှတ်စာရင်းအတု၊ တက္ကသိုလ် ပထမနှစ်/ဒုတိယနှစ် အောင်လက်မှတ်အတုများ ပြုလုပ်ပေးပြီး နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) သို့ နိုတြီထောက်ခံပေးနိုင်ရန် တင်ပြတောင်းခံခဲ့ပါတယ်။

အဆိုပါ အောင်လက်မှတ်များနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပညာရေးဝန်ကြီးဌာနသို့ မေးမြန်းခဲ့ရာ အတုများဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ဥပဒေဌာန လ/ထ ကထိက ဒေါ်ဇင်သန့်ဦး မှ တရားလိုပြုလုပ် တိုင်ကြားပြီး တာမွေမြို့မရဲစခန်း (ပ) ၁၀၇၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈၊ လိမ်လည်မှု၊ စာတမ်းအမှတ်အသားအား အတုပြုလုပ်မှုဖြင့် Five Four Two Co,Ltd (အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ) မှ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အပေါင်းပါများအား အမှုဖွင့်လှစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇူလိုင် - ၄

( Zawgyi )

ႏိုင္ငံျခားတြင္ အလုပ္လုပ္ရန္ ေအာင္လက္မွတ္အတု၊ အမွတ္စာရင္းအတုမ်ားျဖင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ ႏိုႀတီေထာက္ခံမႈ ေတာင္းခဲ့သည့္ ကုမၸဏီႏွင့္ ပါဝင္ပတ္သက္သူမ်ားကို ဇြန္လ ၃ ရက္ေန႔က အမႈဖြင့္ အေရးုယူခဲ့တယ္လို႔ ျပည္ထဲေရးမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္ေန႔က မထက္ေဝေအာင္ (စိစစ္ဆဲ) ပါ မ ၃ ဦးသည္ တ႐ုတ္ (ထိုင္ဝမ္) ႏိုင္ငံသို႔ အလုပ္သြားေရာက္လုပ္ကိုင္ရန္ တာေမြၿမိဳ႕နယ္ ပ်ားရည္ကုန္းရပ္ကြက္ရွိ Five Four Two Co,Ltd သို႔ ဆက္သြယ္ခဲ့ရာ အဆိုပါကုမၸဏီမွ (၁၀) တန္း ေအာင္လက္မွတ္အတု၊ (၁၀) တန္း အမွတ္စာရင္းအတု၊ တကၠသိုလ္ ပထမႏွစ္/ဒုတိယႏွစ္ ေအာင္လက္မွတ္အတုမ်ား ျပဳလုပ္ေပးၿပီး ႏိုင္ငံျခားေရးဝန္ႀကီးဌာန (ရန္ကုန္) သို႔ ႏိုႀတီေထာက္ခံေပးႏိုင္ရန္ တင္ျပေတာင္းခံခဲ့ပါတယ္။

အဆိုပါ ေအာင္လက္မွတ္မ်ားႏွင့္ ပတ္သက္၍ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ပညာေရးဝန္ႀကီးဌာနသို႔ ေမးျမန္းခဲ့ရာ အတုမ်ားျဖစ္ေနေၾကာင္း စစ္ေဆးေတြ႕ရွိရတဲ့အတြက္ ရန္ကုန္ အေနာက္ပိုင္းတကၠသိုလ္ ဥပေဒဌာန လ/ထ ကထိက ေဒၚဇင္သန႔္ဦး မွ တရားလိုျပဳလုပ္ တိုင္ၾကားၿပီး တာေမြၿမိဳ႕မရဲစခန္း (ပ) ၁၀၇၃/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၄၂၀/၄၆၈၊ လိမ္လည္မႈ၊ စာတမ္းအမွတ္အသားအား အတုျပဳလုပ္မႈျဖင့္ Five Four Two Co,Ltd (အလုပ္အကိုင္ရွာေဖြေရးကုမၸဏီ) မွ ဒါ႐ိုက္တာအဖြဲ႕ဝင္မ်ားႏွင့္ အေပါင္းပါမ်ားအား အမႈဖြင့္လွစ္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဇူလိုင္ - ၄