နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄) နှစ်ပြည့် မွေးနေ့ပွဲ နေပြည်တော် လွှတ်တော်ဝန်းတွင် ကျင်းပ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄) နှစ်ပြည့် မွေးနေ့ပွဲ နေပြည်တော် လွှတ်တော်ဝန်းတွင် ကျင်းပ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄) နှစ်ပြည့် မွေးနေ့ပွဲကို နေပြည်တော် လွှတ်တော်ဝန်း၊ (I-12) မှာ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

မွေးနေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် နှင့် ဇနီး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် ဇနီး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးအချို့နှင့် နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော် နှင့် ဇနီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများ၊ လွှတ်တော်ဝန်းအတွင်း တာဝန်ထမ်းဆောင်နေသော မြေယာရှုခင်းလုပ်သားများ၊ ဖိတ်ကြားထားသောပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။

မွေးနေ့ပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မွေးနေ့ကိတ်လှီးခြင်း၊ တက်ရောက်လာသူများအား မွေးနေ့ကိတ်ကျွေးမွေးခြင်း၊ ကြက်ဆီထမင်းနှင့် မုန့်ဗူးများဝေခြင်း၊ ချိုးဌက်များလွှတ်ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

ယင်းနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ မွေးနေ့လက်ဆောင်စကား ချီးမြှင့်ရာမှာ "ပြည်သူတွေနဲ့ ပတ်သက်လို့ ပြောရရင်တော့၊ မွေးနေ့ဆိုတာတော့ တစ်နှစ်ကြီးသွားပြီပေါ့၊ တစ်နှစ် တစ်နှစ် ရွေ့လျှားသွားပြီပေါ့၊ တစ်နှစ် တစ်နှစ် ရွေ့လျှားတဲ့အချိန်တိုင်းမှာ ပြည်သူတိုင်းက တစ်နှစ်အတွင်းမှာ ကိုယ်ဘာတန်ဖိုးရှိတဲ့ဟာတွေ လုပ်ခဲ့သလဲဆိုတာ ကိုယ့်ကိုကိုယ် ပြန်ပြီးသုံးသပ်ဖို့လိုတယ်။တန်ဖိုးရှိတယ်ဆိုတာ ကိုယ့်အတွက်တင် မဟုတ်ဘူးပေါ့ အခြားသူတွေအတွက်ပါ အဲ့ဒါလေးသုံးသပ်ပြီး နောင်နှစ်မှာ ဒီနှစ်ထက်ပိုပြီး တန်ဖိုးရှိတဲ့ကိစ္စတွေဖြစ်အောင် ဖြစ်မြောက်အောင် လုပ်မယ်ဆိုတဲ့ သံဓိဋ္ဌာန်ချပေးစေချင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

PTG
နေပြည်တော်၊ ဇွန် - ၁၉

( Zawgyi )

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ (၇၄) ႏွစ္ျပည့္ ေမြးေန႔ပြဲကို ေနျပည္ေတာ္ လႊတ္ေတာ္ဝန္း၊ (I-12) မွာ ယေန႔နံနက္ပိုင္းတြင္ က်င္းပျပဳလုပ္ခဲ့ပါတယ္။

ေမြးေန႔အခမ္းအနားသို႔ ႏိုင္ငံေတာ္သမၼတႀကီး ဦးဝင္းျမင့္ ႏွင့္ ဇနီး၊ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ ႏွင့္ ဇနီး၊ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒မ်ားႏွင့္ ဇနီးမ်ား၊ ျပည္ေထာင္စုဝန္ႀကီးအခ်ိဳ႕ႏွင့္ ႏိုင္ငံေတာ္သမၼတေဟာင္း ဦးထင္ေက်ာ္ ႏွင့္ ဇနီး၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ လႊတ္ေတာ္ဝန္ထမ္းမ်ား၊ လႊတ္ေတာ္ဝန္းအတြင္း တာဝန္ထမ္းေဆာင္ေနေသာ ေျမယာရႈခင္းလုပ္သားမ်ား၊ ဖိတ္ၾကားထားေသာပုဂၢိဳလ္မ်ား တက္ေရာက္ခဲ့ၾကပါတယ္။

ေမြးေန႔ပြဲတြင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ေမြးေန႔ကိတ္လွီးျခင္း၊ တက္ေရာက္လာသူမ်ားအား ေမြးေန႔ကိတ္ေကြၽးေမြးျခင္း၊ ၾကက္ဆီထမင္းႏွင့္ မုန႔္ဗူးမ်ားေဝျခင္း၊ ခ်ိဳးဌက္မ်ားလႊတ္ျခင္းမ်ား ျပဳလုပ္ခဲ့ၾကပါတယ္။

ယင္းေနာက္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မွ ေမြးေန႔လက္ေဆာင္စကား ခ်ီးျမႇင့္ရာမွာ "ျပည္သူေတြနဲ႔ ပတ္သက္လို႔ ေျပာရရင္ေတာ့၊ ေမြးေန႔ဆိုတာေတာ့ တစ္ႏွစ္ႀကီးသြားၿပီေပါ့၊ တစ္ႏွစ္ တစ္ႏွစ္ ေ႐ြ႕လွ်ားသြားၿပီေပါ့၊ တစ္ႏွစ္ တစ္ႏွစ္ ေ႐ြ႕လွ်ားတဲ့အခ်ိန္တိုင္းမွာ ျပည္သူတိုင္းက တစ္ႏွစ္အတြင္းမွာ ကိုယ္ဘာတန္ဖိုးရွိတဲ့ဟာေတြ လုပ္ခဲ့သလဲဆိုတာ ကိုယ့္ကိုကိုယ္ ျပန္ၿပီးသုံးသပ္ဖို႔လိုတယ္။တန္ဖိုးရွိတယ္ဆိုတာ ကိုယ့္အတြက္တင္ မဟုတ္ဘူးေပါ့ အျခားသူေတြအတြက္ပါ အဲ့ဒါေလးသုံးသပ္ၿပီး ေနာင္ႏွစ္မွာ ဒီႏွစ္ထက္ပိုၿပီး တန္ဖိုးရွိတဲ့ကိစၥေတြျဖစ္ေအာင္ ျဖစ္ေျမာက္ေအာင္ လုပ္မယ္ဆိုတဲ့ သံဓိ႒ာန္ခ်ေပးေစခ်င္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

PTG
ေနျပည္ေတာ္၊ ဇြန္ - ၁၉