နိုင်ငံ၏ကျန်းမာရေးက အတိုင်ပင်ခံပုဂ္ဂိုလ်၏ကျန်းမာရေးနှင့်ထပ်တူကျကြောင်း အတိုင်ပင်ခံကျန်းမာမှ နိုင်ငံ တော်ကျန်းမာမည်ဟု မန်းတိုင်းဝန်ကြီးချုပ်ဆို

နိုင်ငံ၏ကျန်းမာရေးက အတိုင်ပင်ခံပုဂ္ဂိုလ်၏ကျန်းမာရေးနှင့်ထပ်တူကျကြောင်း အတိုင်ပင်ခံကျန်းမာမှ နိုင်ငံ တော်ကျန်းမာမည်ဟု မန်းတိုင်းဝန်ကြီးချုပ်ဆို

နိုင်ငံရဲ့ကျန်းမာရေးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ထပ်တူကျနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာဖို့က နိုင်ငံရဲ့အရေးကြီးတဲ့ ကဏ္ဍတစ်ခုလည်းဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့ပြောဆိုလိုက်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့်မွေးနေ့အခမ်းအနားကျင်းပတဲ့ မန္တလေးမြို့ မင်္ဂလာမန္တလေးပရိုမိုးရှင်း ဧရိယာမှာ အခုလိုပဲပြောဆိုလိုက်တာပါ။"အထူးတလည်ပြောချင်တာကတော့ ကျွန်တော်တို့နိုင်ငံရဲ့ကျန်းမာရေးပါ၊ နိုင်ငံရဲ့ကျန်းမာရေးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ထပ်တူကျနေတယ်၊ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ချမ်းသာရေးကလည်း နိုင်ငံတော်ရဲ့ချမ်းသာရေးပါပဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ချမ်းသာရေးဆိုတာက ငွေကြေးစည်းစိမ်ကိုပြောတာမဟုတ်ပါဘူး၊ စိတ်ချမ်းသာမှုကိုပြောတာပါ၊ ဒေါ်အောင်ဆန်းစုကြည် စိတ်ချမ်းသာတဲ့နေ့က ကျွန်တော်တို့နိုင်ငံစိတ်ချမ်းသာမယ့်နေ့ပါပဲ လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အခမ်းအနားကို မန္တလေးမြို့မှာလည်း ဒီကနေ့မနက်ပိုင်းကတည်းကကျင်းပခဲ့တာမှာ ထူးခြားတိုက်ဆိုင်မှုအနေနဲ့ မန္တလေးမြို့ရဲ့အထင်ကရလမ်းမကြီးတစ်ခုဖြစ်လာမယ့် နိုင်ငံတကာအဆင့်မီ ၆ လမ်းသွား ၃၈ လမ်းကိုပါ အမှတ်တရအဖြစ်နဲ့ဖွင့်လှစ်ပေးခဲ့ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အမှတ်တရအဖြစ်ဖွင့်လှစ်တဲ့ အဲဒီလမ်းမကြီးဖွင့်ပွဲအခမ်းအနားမှာ မန္တလေးမြို့ကစက်ဘီးချစ်သူ ၆၀၀ ကျော်ကလည်း မန္တလေးတိုင်းဒေသကြီးဝန် ကြီးချုပ်နဲ့အတူစက်ဘီးစီးနင်းပြီးဂုဏ်ပြုခဲ့ကြပါတယ်။ဒေါ်အောင်ဆန်းစုကြည်စိတ်ချမ်းသာမှုအရေးဟာ ကျွန်တော်တို့နိုင်ငံရဲ့စိတ်ချမ်းသာရေးပဲ၊ မြန်မာနိုင်ငံကြီးစစ်တွေရပ်ပြီးတော့ ငြိမ်းချမ်းရေးရတဲ့နေ့ ဒေါ်အောင်ဆန်းစုကြည်စိတ်ချမ်း သာမှာပါ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကြီးထူထောင်မယ့်နေ့ ဒေါ်အောင်ဆန်းစုကြည်စိတ်ချမ်းသာတဲ့နေပဲ၊ ကျွန်တော်တို့နိုင်ငံကြီးကျန်းမာဖို့ ချမ်းသာဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာပါစေ" လို့လည်း ဝန်ကြီးချုပ်ကဆုတောင်းစကားဆိုသွားပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ဇွန်လ ၁၉ ရက်မှာ ၇၄ နှစ်ပြည့်မြောက်ပြီဖြစ်တာမှာ နိုင်ငံနဲ့အဝှမ်းလုံးမှာ ၎င်းအားချစ်ခင်မြတ်နိုးတန်ဖိုးထားကြသူ တွေက တူရာအစုအဖွဲ့တွေနဲ့ ၎င်းရဲ့မွေးနေ့အထိမ်းအမှတ်အခမ်းအနားတွေကိုကျင်းပခဲ့ကြပါတယ်။

 KT
မန္တလေး ၊ ဇွန် ၁၉

(  Zawgyi  )

 ႏိုင္ငံရဲ႕က်န္းမာေရးက ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂိုလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕က်န္းမာေရးနဲ႔ထပ္တူက်ေနတာေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ က်န္းမာဖို႔က ႏိုင္ငံရဲ႕အေရးႀကီးတဲ့ က႑တစ္ခုလည္းျဖစ္တယ္လို႔ မႏၲေလးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္က ဒီကေန႔ေျပာဆိုလိုက္ပါတယ္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂိုလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၇၄ ႏွစ္ျပည့္ေမြးေန႔အခမ္းအနားက်င္းပတဲ့ မႏၲေလးၿမိဳ႕ မဂၤလာမႏၲေလးပ႐ိုမိုးရွင္း ဧရိယာမွာ အခုလိုပဲေျပာဆိုလိုက္တာပါ။"အထူးတလည္ေျပာခ်င္တာကေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕က်န္းမာေရးပါ၊ ႏိုင္ငံရဲ႕က်န္းမာေရးက ေဒၚေအာင္ဆန္းစုၾကည္ရဲ႕က်န္းမာေရးနဲ႔ထပ္တူက်ေနတယ္၊ ေဒၚေအာင္ဆန္းစု ၾကည္ရဲ႕ခ်မ္းသာေရးကလည္း ႏိုင္ငံေတာ္ရဲ႕ခ်မ္းသာေရးပါပဲ၊ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ခ်မ္းသာေရးဆိုတာက ေငြေၾကးစည္းစိမ္ကိုေျပာတာမဟုတ္ပါဘူး၊ စိတ္ခ်မ္းသာမႈကိုေျပာတာပါ၊ ေဒၚေအာင္ဆန္းစုၾကည္ စိတ္ခ်မ္းသာတဲ့ေန႔က ကြၽန္ေတာ္တို႔ႏိုင္ငံစိတ္ခ်မ္းသာမယ့္ေန႔ပါပဲ လို႔ ဝန္ႀကီးခ်ဳပ္ကဆိုပါတယ္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂိုလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ၇၄ ႏွစ္ျပည့္ေမြးေန႔အထိမ္းအမွတ္အခမ္းအနားကို မႏၲေလးၿမိဳ႕မွာလည္း ဒီကေန႔မနက္ပိုင္းကတည္းကက်င္းပခဲ့တာမွာ ထူးျခားတိုက္ဆိုင္မႈအေနနဲ႔ မႏၲေလးၿမိဳ႕ရဲ႕အထင္ကရလမ္းမႀကီးတစ္ခုျဖစ္လာမယ့္ ႏိုင္ငံတကာအဆင့္မီ ၆ လမ္းသြား ၃၈ လမ္းကိုပါ အမွတ္တရအျဖစ္နဲ႔ဖြင့္လွစ္ေပးခဲ့ပါ တယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေမြးေန႔အမွတ္တရအျဖစ္ဖြင့္လွစ္တဲ့ အဲဒီလမ္းမႀကီးဖြင့္ပြဲအခမ္းအနားမွာ မႏၲေလးၿမိဳ႕ကစက္ဘီးခ်စ္သူ ၆၀၀ ေက်ာ္ကလည္း မႏၲေလးတိုင္းေဒသႀကီးဝန္ ႀကီးခ်ဳပ္နဲ႔အတူစက္ဘီးစီးနင္းၿပီးဂုဏ္ျပဳခဲ့ၾကပါတယ္။ေဒၚေအာင္ဆန္းစုၾကည္စိတ္ခ်မ္းသာမႈအေရးဟာ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕စိတ္ခ်မ္းသာေရးပဲ၊ ျမန္မာႏိုင္ငံႀကီးစစ္ေတြရပ္ၿပီးေတာ့ ၿငိမ္းခ်မ္းေရးရတဲ့ေန႔ ေဒၚေအာင္ဆန္းစုၾကည္စိတ္ခ်မ္း သာမွာပါ၊ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံႀကီးထူေထာင္မယ့္ေန႔ ေဒၚေအာင္ဆန္းစုၾကည္စိတ္ခ်မ္းသာတဲ့ေနပဲ၊ ကြၽန္ေတာ္တို႔ႏိုင္ငံႀကီးက်န္းမာဖို႔ ခ်မ္းသာဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ က်န္းမာပါေစ" လို႔လည္း ဝန္ႀကီးခ်ဳပ္ကဆုေတာင္းစကားဆိုသြားပါတယ္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ဒီကေန႔ဇြန္လ ၁၉ ရက္မွာ ၇၄ ႏွစ္ျပည့္ေျမာက္ၿပီျဖစ္တာမွာ ႏိုင္ငံနဲ႔အဝွမ္းလုံးမွာ ၎အားခ်စ္ခင္ျမတ္ႏိုးတန္ဖိုးထားၾကသူ ေတြက တူရာအစုအဖြဲ႕ေတြနဲ႔ ၎ရဲ႕ေမြးေန႔အထိမ္းအမွတ္အခမ္းအနားေတြကိုက်င္းပခဲ့ၾကပါတယ္။

 KT
မႏၲေလး ၊ ဇြန္ ၁၉