နေပြည်တော်၊စည်ပင်ဧည့်ရိပ်သာ(၂)၊ လွှတ်တော်ကိုယ်စားလှယ် တည်ခိုဆောင်မှရွှေထည်သိန်း(၁၀၀)ကျော်ခိုးယူခံရ။

နေပြည်တော်၊စည်ပင်ဧည့်ရိပ်သာ(၂)၊ လွှတ်တော်ကိုယ်စားလှယ် တည်ခိုဆောင်မှရွှေထည်သိန်း(၁၀၀)ကျော်ခိုးယူခံရ။

နေပြည်တော်၊လွှတ်တော်ကိုယ်စားလှယ်များနေထိုင်သည့် စည်ပင်ဧည့်ရိပ်သာ(၂)၊အဆောင်(၁)တွင်နေထိုင် သည့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး၏အခန်းအတွင်းမှ သိန်း(၁၀၀)ကျော်တန်ဖိုးရှိရွှေထည်ပစ္စည်းများ ခိုးယူခြင်းခံရကြောင်းသိရှိရပါတယ်။

ယမန်နေ့(၁၁)ရက်နေ့ည(၇)နာရီခွဲခန့်အချိန်လွှတ်တော်ကိုယ်စားလှယ်တည်းခိုနေထိုင်သည့်ဇမ္မူသိရိမြို့နယ်၊ စည်ပင်ဧည့်ရိပ်သာ (၂)အဆောင်(၁၁)အခန်း(၁)တွင်နေထိုင်သည့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အပြင် သို့သွားခိုက် ၎င်း၏ဇနီးဖြစ်သူမှာ အခန်းတွင် တဦးတည်း ကျန်ရှိနေခဲ့ကြောင်း၊ ဇနီးဖြစ်သူမှာ ရေချိုးရန်အတွက် အနီရောင်ဘူးဖြင့် ထည့်ထားသော ရွှေထည်ပစ္စည်းများအား ၎င်းကိုင်ဆောင်သည့် ဆလင်းဘတ် အိတ်တွင်းထည့်ကာ အခန်း အတွင်းရှိ ကုတင်ပေါ် တွင်တင်ထားခဲ့ပြီး ရေချိုးခန်းအတွင်း (၁၀) မိနစ်ခန့်အကြာ ရေဝင်ချိုးခဲ့ပြီး ပြန်အထွက်တွင် ကုတင်ပေါ်တင် ထားသောဆလင်းဘတ်အိတ်အတွင်းမှ ရွှေထည်များ ခိုးယူခြင်းခံခဲ့ရပါတယ်။

ထိုအတွက် အရေးယူပေးပါရန် ပြည်သူ့လွှတ်တော်ကိုယ် စား လှယ်၏ဇနီးဖြစ်သူမှ ဇဗ္ဗူသီရိမြို့နယ်အမှတ်(၁)မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ တယ် လို့ဆို ပါတယ်။ ခိုးယူခံတဲ့ရွှေထည်းပစ္စည်းများအနေနှင့်(၁) စိန်လက်ကောက် (၁) ကွင်း (စိန်ပွင့် ၆၂ ပွင့်ပါ) ကာလတန်ဖိုး ကျပ် ၂၅ သိန်းခန့်(၂) စိန်လက်စွပ် (၁) ကွင်း (စိန်ပွင့် ၂၃ ပွင့်ပါ) ကာလတန်ဖိုး ကျပ်( ၁၀ )သိန်းခန့် (၃) စိန်လက်စွပ်( ၁) ကွင်း (စိန်ပွင့် ၅၀ ပါ၊ ပုလဲသီးပါ) ကာလတန်ဖိုး ကျပ်( ၁၈) သိန်းခန့် (၄)တစ်ကွင်းလျှင်( ၅ )မူးသားခန့်ရှိ ပိုက်ပွရွှေလက်ကောက် (၉) ကွင်း၊ ကာလတန်ဖိုး ကျပ် (၄၅) သိန်းခန့် (၅) ရွှေခြေချင်း( ၁) ကွင်း၊ ကာလတန်ဖိုး ကျပ်( ၆ )သိန်းခန့် စုစုပေါင်း ရွှေထည်ပစ္စည်းမျိုးစုံ ကာလတန်ဖိုးငွေ ကျပ် (၁၀၄) သိန်းဖိုးခန့်ရှိကြောင်း သိရှိရပါတယ်။

ယင်းရွှေထည်ပစ္စည်းများခိုးယူမှုနှင့်ပတ်သက်၍ ဇဗ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မရဲစခန်းမှ ပ/၁၄၂/၂၀၁၉ ရာဇဝတ်ကြီးပုဒ်မ၃၈၀ဖြင့် အမှုဖွင့်ပြီး တရားခံ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရရှိရပါတယ်။

ယင်းသို့ခိုးယူမှုနှင့်ပတ်သက်၍လွှတ်တော်ကိုယ်စားကြီးမှ “ကျနော်က(၆)နာရီခွဲလောက် မိတ်ဆွေတစ်ယောက်ချိန်း လို့အပြင် သွားတယ်။ အမျိုးသမီး ကအခန်းမှာ ကျန်ခဲ့တယ်၊ ကျန်ခဲ့ပြီးသူက(၇)နာရီ(၁၅)လောက်မှာ(၁၀)မိနစ်နဲ့(၁၅)မိနစ်ကြားရေဝင်ချိုးတယ်။ ရေချိုးခန်းထဲ ကထွက် လာတဲ့ အခါကျတော့အခန်းရဲ့အနောက်ဖက်မှာရှိတဲ့မှန်တံခါးပွင့်နေတယ်ပွင့်နေပြီး တော့ အဲဒီမှန်တံခါးထဲကနေပြီး သူရဲ့လက်ကိုင်အိတ် ကိုပြန်ပြီး ယူတဲ့သူကထိုးထဲ့နေတာတွေ့တယ်။တွေ့တော့ သူကသူခိုးသူခိုးလို့အော်ပြီး လက်ကိုင်အိတ်ရော လက်ရော လှမ်းဆွဲတယ်။

လှမ်းဆွဲပေမဲ့လက်ကိုင်အိတ်ဘဲ မိလိုက်တယ်၊ လက်ကမမိလိုက်ဘူး။ လူမြင်လိုက်လားဆိုတော့ လူကမမြင်လိုက်ရဘူး။ ဘာလို့မမြင်လိုက်တာ လည်း ဆိုတော့ တံခါးမှာကလိုက်ကာတွေတပ်ထားတာလိုက်ကာကြားကလက်ကထွက်လာတာဆိုတော့လူမမြင်လိုက်ရဘူး။အဲဒီမှာသူလည်း သူခိုးသူခိုးလို့အော်တယ်။ ဒါပေမဲ့ကိုယ့်အနီးဝန်းကျင်မှာဘယ်သူမှမရှိကြဘူး။ သူခိုးသူခိုးလို့အော်ပြီးကိုယ့်ဆီဖုန်းလှမ်းဆက်တယ်။ဒါပါဘဲ” လို့ သတင်းထောက်များအားပြောကြားခဲ့ပါတယ်။

PTG
နေပြည်တော်၊ဇူလိုင်-၁၂

(  Zawgyi  )

 ေနျပည္ေတာ္၊လႊတ္ေတာ္ကိုယ္စားလွယ္မ်ားေနထိုင္သည့္ စည္ပင္ဧည့္ရိပ္သာ(၂)၊အေဆာင္(၁)တြင္ေနထိုင္ သည့္ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ တဦး၏အခန္းအတြင္းမွ သိန္း(၁၀၀)ေက်ာ္တန္ဖိုးရွိေ႐ႊထည္ပစၥည္းမ်ား ခိုးယူျခင္းခံရေၾကာင္းသိရွိရပါတယ္။

ယမန္ေန႔(၁၁)ရက္ေန႔ည(၇)နာရီခြဲခန႔္အခ်ိန္လႊတ္ေတာ္ကိုယ္စားလွယ္တည္းခိုေနထိုင္သည့္ဇမၼဴသိရိၿမိဳ႕နယ္၊ စည္ပင္ဧည့္ရိပ္သာ (၂)အေဆာင္(၁၁)အခန္း(၁)တြင္ေနထိုင္သည့္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျပင္ သို႔သြားခိုက္ ၎၏ဇနီးျဖစ္သူမွာ အခန္းတြင္ တဦးတည္း က်န္ရွိေနခဲ့ေၾကာင္း၊ ဇနီးျဖစ္သူမွာ ေရခ်ိဳးရန္အတြက္ အနီေရာင္ဘူးျဖင့္ ထည့္ထားေသာ ေ႐ႊထည္ပစၥည္းမ်ားအား ၎ကိုင္ေဆာင္သည့္ ဆလင္းဘတ္ အိတ္တြင္းထည့္ကာ အခန္း အတြင္းရွိ ကုတင္ေပၚ တြင္တင္ထားခဲ့ၿပီး ေရခ်ိဳးခန္းအတြင္း (၁၀) မိနစ္ခန႔္အၾကာ ေရဝင္ခ်ိဳးခဲ့ၿပီး ျပန္အထြက္တြင္ ကုတင္ေပၚတင္ ထားေသာဆလင္းဘတ္အိတ္အတြင္းမွ ေ႐ႊထည္မ်ား ခိုးယူျခင္းခံခဲ့ရပါတယ္။

ထိုအတြက္ အေရးယူေပးပါရန္ ျပည္သူ႔လႊတ္ေတာ္ကိုယ္ စား လွယ္၏ဇနီးျဖစ္သူမွ ဇဗၺဴသီရိၿမိဳ႕နယ္အမွတ္(၁)ၿမိဳ႕မရဲစခန္းသို႔ တိုင္ၾကားခဲ့ တယ္ လို႔ဆို ပါတယ္။ ခိုးယူခံတဲ့ေ႐ႊထည္းပစၥည္းမ်ားအေနႏွင့္(၁) စိန္လက္ေကာက္ (၁) ကြင္း (စိန္ပြင့္ ၆၂ ပြင့္ပါ) ကာလတန္ဖိုး က်ပ္ ၂၅ သိန္းခန႔္(၂) စိန္လက္စြပ္ (၁) ကြင္း (စိန္ပြင့္ ၂၃ ပြင့္ပါ) ကာလတန္ဖိုး က်ပ္( ၁၀ )သိန္းခန႔္ (၃) စိန္လက္စြပ္( ၁) ကြင္း (စိန္ပြင့္ ၅၀ ပါ၊ ပုလဲသီးပါ) ကာလတန္ဖိုး က်ပ္( ၁၈) သိန္းခန႔္ (၄)တစ္ကြင္းလွ်င္( ၅ )မူးသားခန႔္ရွိ ပိုက္ပြေ႐ႊလက္ေကာက္ (၉) ကြင္း၊ ကာလတန္ဖိုး က်ပ္ (၄၅) သိန္းခန႔္ (၅) ေ႐ႊေျခခ်င္း( ၁) ကြင္း၊ ကာလတန္ဖိုး က်ပ္( ၆ )သိန္းခန႔္ စုစုေပါင္း ေ႐ႊထည္ပစၥည္းမ်ိဳးစုံ ကာလတန္ဖိုးေငြ က်ပ္ (၁၀၄) သိန္းဖိုးခန႔္ရွိေၾကာင္း သိရွိရပါတယ္။

ယင္းေ႐ႊထည္ပစၥည္းမ်ားခိုးယူမႈႏွင့္ပတ္သက္၍ ဇဗၺဴသီရိၿမိဳ႕နယ္ အမွတ္(၁)ၿမိဳ႕မရဲစခန္းမွ ပ/၁၄၂/၂၀၁၉ ရာဇဝတ္ႀကီးပုဒ္မ၃၈၀ျဖင့္ အမႈဖြင့္ၿပီး တရားခံ ဖမ္းဆီးရမိေရးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရရွိရပါတယ္။

ယင္းသို႔ခိုးယူမႈႏွင့္ပတ္သက္၍လႊတ္ေတာ္ကိုယ္စားႀကီးမွ “က်ေနာ္က(၆)နာရီခြဲေလာက္ မိတ္ေဆြတစ္ေယာက္ခ်ိန္း လို႔အျပင္ သြားတယ္။ အမ်ိဳးသမီး ကအခန္းမွာ က်န္ခဲ့တယ္၊ က်န္ခဲ့ၿပီးသူက(၇)နာရီ(၁၅)ေလာက္မွာ(၁၀)မိနစ္နဲ႔(၁၅)မိနစ္ၾကားေရဝင္ခ်ိဳးတယ္။ ေရခ်ိဳးခန္းထဲ ကထြက္ လာတဲ့ အခါက်ေတာ့အခန္းရဲ႕အေနာက္ဖက္မွာရွိတဲ့မွန္တံခါးပြင့္ေနတယ္ပြင့္ေနၿပီး ေတာ့ အဲဒီမွန္တံခါးထဲကေနၿပီး သူရဲ႕လက္ကိုင္အိတ္ ကိုျပန္ၿပီး ယူတဲ့သူကထိုးထဲ့ေနတာေတြ႕တယ္။ေတြ႕ေတာ့ သူကသူခိုးသူခိုးလို႔ေအာ္ၿပီး လက္ကိုင္အိတ္ေရာ လက္ေရာ လွမ္းဆြဲတယ္။

လွမ္းဆြဲေပမဲ့လက္ကိုင္အိတ္ဘဲ မိလိုက္တယ္၊ လက္ကမမိလိုက္ဘူး။ လူျမင္လိုက္လားဆိုေတာ့ လူကမျမင္လိုက္ရဘူး။ ဘာလို႔မျမင္လိုက္တာ လည္း ဆိုေတာ့ တံခါးမွာကလိုက္ကာေတြတပ္ထားတာလိုက္ကာၾကားကလက္ကထြက္လာတာဆိုေတာ့လူမျမင္လိုက္ရဘူး။အဲဒီမွာသူလည္း သူခိုးသူခိုးလို႔ေအာ္တယ္။ ဒါေပမဲ့ကိုယ့္အနီးဝန္းက်င္မွာဘယ္သူမွမရွိၾကဘူး။ သူခိုးသူခိုးလို႔ေအာ္ၿပီးကိုယ့္ဆီဖုန္းလွမ္းဆက္တယ္။ဒါပါဘဲ” လို႔ သတင္းေထာက္မ်ားအားေျပာၾကားခဲ့ပါတယ္။

PTG
ေနျပည္ေတာ္၊ဇူလိုင္-၁၂