နေအိမ်အတွင်း ကြိုးဆွဲချလျက်သေဆုံး ပုပ်ပွနေသည့် အမျိုးသားအလောင်း တွေ့ရှိ

နေအိမ်အတွင်း ကြိုးဆွဲချလျက်သေဆုံး ပုပ်ပွနေသည့် အမျိုးသားအလောင်း တွေ့ရှိ

မန္တလေး ချမ်းအေးသာစံမြို့နယ်အတွင်းကနေအိမ်တစ်ခုမှာ ယမန်နေ့ညနေပိုင်းက ကြိုးဆွဲချလျက် ပုပ်ပွနေတဲ့ အလောင်းတစ်လောင်းတွေ့ရှိ ခဲ့တဲ့အတွက် နယ်မြေခံရဲတပ်ဖွဲ့က စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

ချမ်းအေးသာစံမြို့နယ် မြို့မရဲစခန်းအပိုင်နယ်မြေ  ၃၂ လမ်း၊ ၇၆ လမ်းနဲ့ ၇၇ လမ်းကြားကနေ အိမ်တစ်အိမ် ရဲ့အပေါ်ထပ်မှာ အသက် ၄၁ နှစ်အရွယ်အမျိုးသားတစ်ဦးရဲ့ကြိုးဆွဲချလျက်ပုပ်ပွနေတဲ့အလောင်းတစ်လောင်းတွေ့ရှိရတာဖြစ်ပြီး ဘေးပတ်ဝန်ကျင် က အပုပ်နံ့ရလို့ ရဲစခန်းအကြောင်းကြားရာမှ ယမန်နေ့ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်က သွားရောက်စစ်ဆေးလို့တွေ့ရှိခဲ့တာလို့ ရဲစခန်း တာဝန်ရှိ သူကပြော ပါတယ်။

"အပုပ်နံ့ရတယ်လို့ ပတ်ဝန်းကျင်ကပြောလို့ ရဲစခန်းကိုအကြောင်းကြားပြီးဝင်စစ်ဆေးတာပါ၊ သေဆုံးသူက တစ်ယောက်တည်းနေတာလို့ သိရတယ်" လို့၎င်းကပြောပါတယ်။ ရဲတပ်ဖွဲ့က သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးလို့သိရတာမှာ သေဆုံးသူဟာ နေအိမ်အပေါ်ထပ် ဧည့်ခန်းပြတင်းပေါက် ကိုကာရံထားတဲ့ သံဇကာမှာ အရှည်ငါးပေခန့်ရှိတဲ့ အနက်ရောင်ဝါယာကြိုးအား နှစ်ခေါက်ခေါက်ပြီး ကြိုးဆွဲချလျက်သေဆုံးနေ တာတွေ့ခဲ့ရတာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။

သေဆုံးသူပုပ်ပွနေတဲ့အလောင်အား မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီးဆီပို့ဆောင်စစ်နေပြီး ဓမ္မတာအတိုင်း သေတာ ဟုတ်/ မဟုတ် ကိုတော့ ဆက်လက်စုံစမ်းစစ်ဆေးဖို့အတွက် ရဲစခန်းက  သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၁၉ နဲ့အမှုဖွင့်ထားတယ်လို့ အဆိုပါ တာဝန်ရှိ သူကပြောပါတယ်။

KT
မန္တလေး ၊ ဇွန် ၂၀

(   Zawgyi  )

 မႏၲေလး ခ်မ္းေအးသာစံၿမိဳ႕နယ္အတြင္းကေနအိမ္တစ္ခုမွာ ယမန္ေန႔ညေနပိုင္းက ႀကိဳးဆြဲခ်လ်က္ ပုပ္ပြေနတဲ့ အေလာင္းတစ္ေလာင္းေတြ႕ရွိ ခဲ့တဲ့အတြက္ နယ္ေျမခံရဲတပ္ဖြဲ႕က စစ္ေဆးမႈေတြျပဳလုပ္ေနတယ္လို႔သိရပါတယ္။

ခ်မ္းေအးသာစံၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းအပိုင္နယ္ေျမ  ၃၂ လမ္း၊ ၇၆ လမ္းနဲ႔ ၇၇ လမ္းၾကားကေန အိမ္တစ္အိမ္ ရဲ႕အေပၚထပ္မွာ အသက္ ၄၁ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးရဲ႕ႀကိဳးဆြဲခ်လ်က္ပုပ္ပြေနတဲ့အေလာင္းတစ္ေလာင္းေတြ႕ရွိရတာျဖစ္ၿပီး ေဘးပတ္ဝန္က်င္ က အပုပ္နံ႔ရလို႔ ရဲစခန္းအေၾကာင္းၾကားရာမွ ယမန္ေန႔ညေန ၅ နာရီ ၄၅ မိနစ္အခ်ိန္ခန႔္က သြားေရာက္စစ္ေဆးလို႔ေတြ႕ရွိခဲ့တာလို႔ ရဲစခန္း တာဝန္ရွိ သူကေျပာ ပါတယ္။

"အပုပ္နံ႔ရတယ္လို႔ ပတ္ဝန္းက်င္ကေျပာလို႔ ရဲစခန္းကိုအေၾကာင္းၾကားၿပီးဝင္စစ္ေဆးတာပါ၊ ေသဆုံးသူက တစ္ေယာက္တည္းေနတာလို႔ သိရတယ္" လို႔၎ကေျပာပါတယ္။ ရဲတပ္ဖြဲ႕က သက္ေသေတြနဲ႔အတူ သြားေရာက္စစ္ေဆးလို႔သိရတာမွာ ေသဆုံးသူဟာ ေနအိမ္အေပၚထပ္ ဧည့္ခန္းျပတင္းေပါက္ ကိုကာရံထားတဲ့ သံဇကာမွာ အရွည္ငါးေပခန႔္ရွိတဲ့ အနက္ေရာင္ဝါယာႀကိဳးအား ႏွစ္ေခါက္ေခါက္ၿပီး ႀကိဳးဆြဲခ်လ်က္ေသဆုံးေန တာေတြ႕ခဲ့ရတာလို႔ ရဲမွတ္တမ္းအရ သိရပါတယ္။

ေသဆုံးသူပုပ္ပြေနတဲ့အေလာင္အား မႏၲေလးအေထြေထြေရာဂါ ကုေဆး႐ုံႀကီးဆီပို႔ေဆာင္စစ္ေနၿပီး ဓမၼတာအတိုင္း ေသတာ ဟုတ္/ မဟုတ္ ကိုေတာ့ ဆက္လက္စုံစမ္းစစ္ေဆးဖို႔အတြက္ ရဲစခန္းက  ေသမႈေသခင္းအမွတ္စဥ္ ၁၀/၂၀၁၉ နဲ႔အမႈဖြင့္ထားတယ္လို႔ အဆိုပါ တာဝန္ရွိ သူကေျပာပါတယ္။

KT
မႏၲေလး ၊ ဇြန္ ၂၀