နှစ်ပေါင်းတစ်ရာကျော်ကခေတ်ဟောင်းကင်မရာများ မန်းမြို့တော်ခန်းမတွင်ခင်းကျင်းပြသထား

နှစ်ပေါင်းတစ်ရာကျော်ကခေတ်ဟောင်းကင်မရာများ မန်းမြို့တော်ခန်းမတွင်ခင်းကျင်းပြသထား

နှစ်သက်တမ်းပေါင်းရာကျော်ရှိတယ်ဆိုတဲ့ ခေတ်ဟောင်းကင်မရာပြပွဲကို မန္တလေးမြို့တော်ခန်းမမှာ ဒီနေ့ဧပြီ ၂၃ ရက်မှ ၂၅ ရက်အထိ ၃ ရက်တိုင်အောင်ခင်းကျင်းပြသထားမှာဖြစ် လို့ ကင်မရာစိတ်ဝင်စားသူဘယ်သူမဆို လာရောက်ကြည့်ရှုကြဖို့ ဒီပြပွဲစီစဉ်သူကဖိတ်ခေါ်ထားပါတယ်။
"နှစ်ပေါင်းတစ်ရာကျော်ကကင်မရာတွေအပါအဝင် ဒီနေ့ခေတ်ဆက်မထုတ်တော့တဲ့ကင်မရာအမျိုးအစားအစုံပေါ့၊ ကျွန်တော် စုဆောင်း ထားတာတွေ ကိုပြသတာပါ၊ ကင်မရာနဲ့ပတ် သက်ပြီးလေ့လာလိုသူတွေ လာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်ပါတယ် လို့ ကင်မရာစုဆောင်း ရတာကိုဝါသနာပါတဲ့ ပြပွဲစီစဉ်သူဦးကျော်သက်မင်းကပြောပါတယ်။

ကင်မရာခေတ်ဦးတုန်းကအသုံးပြုခဲ့တဲ့ Large Format သစ်သားကင်မရာများ၊ ဓာတ်ပုံတစ်ကွက်ခြင်းကြည့်ရှုနိုင်တဲ့ Still Projector များ၊ Movie Projector များအားခင်းကျင်းပြသထားပြီး ၁၇ ရာစုကကင်မရာဖြစ်ပေါ်ပြောင်းလဲမှုတွေ၊ ကင်မရာအမျိုးအစားအလိုက်အလုပ်လုပ်ပုံတွေကိုလည်း သရုပ်ဖော်ပြသသွားမှာဖြစ်တယ်လို့သိရပါ တယ်။

ဒီမှာ ကင်မရာအလုံးပေါင်းနှစ်ရာကျော်ခင်းကျင်းပြသထားပါတယ်၊ နောက်ပြီးတော့ ဒီကင်မရာတွေနဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ချို့ လည်းပြသ ထားပါတယ်၊ အဓိကရည်ရွယ်ချက်က တော့ ဓာတ်ပုံပညာရပ်နဲ့ဓာတ်ပုံအနုပညာ အတွက် မရှိမဖြစ် လိုအပ်တဲ့ကင်မရာတွေဖြစ်ပေါ် တိုးတက် လာပုံကိုပြချင်တာပါ၊ အဆင်ပြေရင်ဓာတ်ပုံပြတိုက်တစ်ခုဖွင့်ချင်ပါတယ်" လို့လည်း ၎င်းကဆိုပါတယ်။

ခေတ်ဟောင်းကင်မရာပြပွဲ(မန္တလေး)မှာ ကင်မရာအလုံးပေါင်းနှစ်ရာကျော်ခင်းကျင်းပြသထားတာဖြစ်ပြီး ဒီကင်မရာတွေနဲ့ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ချို့ကိုလည်းပြသထားပါတယ်။ပြပွဲကို ဒီနေ့ဧပြီ ၂၃ ရက်မှ ဧပြီ ၂၅ ရက်နေ့အထိ နေ့စဉ်ခင်းကျင်းပြသထားမှာဖြစ်ပြီး ကင်မရာဝါသနာရှင်တွေ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင် တယ်လို့သိရပါတယ်။

 KT
မန္တလေး၊ ဧပြီ ၂၃

(  Zawgyi  )

 ႏွစ္သက္တမ္းေပါင္းရာေက်ာ္ရွိတယ္ဆိုတဲ့ ေခတ္ေဟာင္းကင္မရာျပပြဲကို မႏၲေလးၿမိဳ႕ေတာ္ခန္းမမွာ ဒီေန႔ဧၿပီ ၂၃ ရက္မွ ၂၅ ရက္အထိ ၃ ရက္တိုင္ေအာင္ခင္းက်င္းျပသထားမွာျဖစ္ လို႔ ကင္မရာစိတ္ဝင္စားသူဘယ္သူမဆို လာေရာက္ၾကည့္ရႈၾကဖို႔ ဒီျပပြဲစီစဥ္သူကဖိတ္ေခၚထားပါတယ္။
"ႏွစ္ေပါင္းတစ္ရာေက်ာ္ကကင္မရာေတြအပါအဝင္ ဒီေန႔ေခတ္ဆက္မထုတ္ေတာ့တဲ့ကင္မရာအမ်ိဳးအစားအစုံေပါ့၊ ကြၽန္ေတာ္ စုေဆာင္း ထားတာေတြ ကိုျပသတာပါ၊ ကင္မရာနဲ႔ပတ္ သက္ၿပီးေလ့လာလိုသူေတြ လာေရာက္ၾကည့္ရႈၾကဖို႔ဖိတ္ေခၚပါတယ္ လို႔ ကင္မရာစုေဆာင္း ရတာကိုဝါသနာပါတဲ့ ျပပြဲစီစဥ္သူဦးေက်ာ္သက္မင္းကေျပာပါတယ္။

ကင္မရာေခတ္ဦးတုန္းကအသုံးျပဳခဲ့တဲ့ Large Format သစ္သားကင္မရာမ်ား၊ ဓာတ္ပုံတစ္ကြက္ျခင္းၾကည့္ရႈႏိုင္တဲ့ Still Projector မ်ား၊ Movie Projector မ်ားအားခင္းက်င္းျပသထားၿပီး ၁၇ ရာစုကကင္မရာျဖစ္ေပၚေျပာင္းလဲမႈေတြ၊ ကင္မရာအမ်ိဳးအစားအလိုက္အလုပ္လုပ္ပုံေတြကိုလည္း သ႐ုပ္ေဖာ္ျပသသြားမွာျဖစ္တယ္လို႔သိရပါ တယ္။

ဒီမွာ ကင္မရာအလုံးေပါင္းႏွစ္ရာေက်ာ္ခင္းက်င္းျပသထားပါတယ္၊ ေနာက္ၿပီးေတာ့ ဒီကင္မရာေတြနဲ႔႐ိုက္ကူးထားတဲ့ ဓာတ္ပုံတစ္ခ်ိဳ႕ လည္းျပသ ထားပါတယ္၊ အဓိကရည္႐ြယ္ခ်က္က ေတာ့ ဓာတ္ပုံပညာရပ္နဲ႔ဓာတ္ပုံအႏုပညာ အတြက္ မရွိမျဖစ္ လိုအပ္တဲ့ကင္မရာေတြျဖစ္ေပၚ တိုးတက္ လာပုံကိုျပခ်င္တာပါ၊ အဆင္ေျပရင္ဓာတ္ပုံျပတိုက္တစ္ခုဖြင့္ခ်င္ပါတယ္" လို႔လည္း ၎ကဆိုပါတယ္။

ေခတ္ေဟာင္းကင္မရာျပပြဲ(မႏၲေလး)မွာ ကင္မရာအလုံးေပါင္းႏွစ္ရာေက်ာ္ခင္းက်င္းျပသထားတာျဖစ္ၿပီး ဒီကင္မရာေတြနဲ႔႐ိုက္ကူးထားတဲ့ ဓာတ္ပုံတစ္ခ်ိဳ႕ကိုလည္းျပသထားပါတယ္။

ျပပြဲကို ဒီေန႔ဧၿပီ ၂၃ ရက္မွ ဧၿပီ ၂၅ ရက္ေန႔အထိ ေန႔စဥ္ခင္းက်င္းျပသထားမွာျဖစ္ၿပီး ကင္မရာဝါသနာရွင္ေတြ အခမဲ့ဝင္ေရာက္ၾကည့္ရႈႏိုင္ တယ္လို႔သိရပါတယ္။

 KT
မႏၲေလး၊ ဧၿပီ ၂၃