ပြည်ပနိုင်ငံများနှင့် ဖေဖေါ်ဝါရီလအတွင်း ကုန်သွယ်မှု ယခင်လထက် သန်း ၄၀၀ ကျော်လျော့နည်းခဲ့

ပြည်ပနိုင်ငံများနှင့် ဖေဖေါ်ဝါရီလအတွင်း ကုန်သွယ်မှု ယခင်လထက် သန်း ၄၀၀ ကျော်လျော့နည်းခဲ့

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်း ပြည်ပနိုင်ငံများနှင့် ကုန်သွယ်ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးအပါအဝင် ကုန်သွယ်မှုမှကန်ဒေါ်လာ ၂၇၅၈ ဒသမ ၄၈၁ သန်းဖိုးကုန်သွယ်ခဲ့ရာ ထိုပမာဏမှာ  ဇန်နဝါရီလအတွင်း ကုန်သွယ်မှုပမာဏဖြစ်သည့်  ကန်ဒေါ်လာ ၃၁၉၇ ဒသမ ၁၆၈ သန်းနှင့် နိူင်းယှဉ်ပါက ကန်ဒေါ်လာ ၄၃၈ ဒသမ ၆၈၇ သန်းလျော့နည်းခဲ့ကြောင်း သိရပါတယ်။

အဆိုပါစာရင်းအချက်အလက်များအရ ဖေဖေါ်ဝါရီလအတွင်း ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုပမာဏမှာ ကန်ဒေါ်လာ ၁၃၅၇ ဒသမ ၄၃၇ သန်းရှိပြီး ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှု ပမာဏမှာကန်ဒေါ်လာ၁၄၀၁ ဒသမ ၀၄၄ သန်းရှိပြီး စုစုပေါင်းကုန်သွယ်မှု ကန်ဒေါ်လာ ၂၇၅၈ ဒသမ ၄၈၁ သန်းရှိကာ ကုန်သွယ်ရေး လိုငွေ ကန်ဒေါ်လာ ၄၃ဒသမ ၆၀၇ သန်း ဖြစ်ပေါ်ခဲ့ပါတယ်။

“ အခုချိန်က ယခင်ကဆို ဘတ်ဂျက်ပိတ်တဲ့ ကာလရောက်တဲ့အတွက် ကုန်သွယ်ရေးအားလုံးက အလုပ်လျော့တာများသလို တင်ပို့တာလည်း တင်သွင်းတာလည်း သတိထားကြတဲ့ အချိန်ပါ။ အခုက ပြည်တွင်း စီးပွားရေးက ဆောက်လုပ်ရေးနဲ့ အထည်ချုပ်က အဓိကဖြစ်တဲ့ အတွက် အဲဒီဘက်က လျော့ရင်လျော့သလိုဘဲ ဒီဘက်ကို လာထိတာပဲ။ သြင်္ကန်နီးရင် လုပ်ငန်းတချို့က ရပ်သလို အရောင်းအဝယ်ကလည်း တုံဆိုင်းတဲ့ သဘောပါဘဲ” သွင်းကုန်ဖြန့်ဖြူးရေးလုပ်ကိုင်သူတစ်ဦးက ဆိုပါတယ်။

ဧပြီလအတွင်း ထုတ်ပြန်ခဲ့သည့် ဘဏ္ဍာနှစ်အလိုက် ပုံမှန်/နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုပမာဏ အခြေအနေ စာရင်း ဇယားအရဘဏ္ဍာရေး ဖေဖေါ်ဝါရီလအထိ ငါးလတာကာလအတွင်း ကုန်သွယ်မှုမှာပို့ကုန် အမေရိကန်ဒေါ်လာ ၆၆၃၇  ဒသမ ၈၁၉  သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၇၅၂၆ ဒသမ ၆၇၂ သန်းရှိကာ စုစုပေါင်းကုန်သွယ်မှု ကန်ဒေါ်လာ ၁၄၁၆၄ ဒသမ ၄၉၁ သန်း(၁၄ ဘီလျံကျော်) အထိရှိခဲ့ ကြောင်းသိရပါတယ်။    

ပြည်ပနိုင်ငံများနှင့် ကုန်သွယ်ရာတွင် ၅ နှစ်တာကာလအတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကန် ဒေါ်လာ ၃၃ ဘီလျံကျော်ဖြင့် ကုန်သွယ်မှု အများဆုံးဖြစ်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင်ကန်ဒေါ်လာ ၂၉ ဘီလျံကျော်၊၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင်ကန်ဒေါ်လာ ၂၇ ဘီလျံကျော်၊၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကန်ဒေါ်လာ ၂၉ ဘီလျံကျော်နှင့် ၂၀၁၈ ကာလတိုဘဏ္ဍာရေးနှစ် တွင် ကန်ဒေါ်လာ ၁၈ ဘီလျံကျော် ကုန်သွယ် ခဲ့ပြီး ဘဏ္ဍာရေးနှစ်သစ် ငါးလတာကာလအတွင်း ကန်ဒေါ်လာ ၁၄ ဘီလျံကျော်ထိကုန်သွယ်ထားကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ဧပြီ ၁၈

(  Zawgyi  )

 ၿပီးခဲ့သည့္ ေဖေဖၚဝါရီလအတြင္း ျပည္ပႏိုင္ငံမ်ားႏွင့္ ကုန္သြယ္ရာတြင္ ပင္လယ္ေရေၾကာင္းႏွင့္ နယ္စပ္ ကုန္သြယ္ေရးအပါအဝင္ ကုန္သြယ္မႈမွကန္ေဒၚလာ ၂၇၅၈ ဒသမ ၄၈၁ သန္းဖိုးကုန္သြယ္ခဲ့ရာ ထိုပမာဏမွာ  ဇန္နဝါရီလအတြင္း ကုန္သြယ္မႈပမာဏျဖစ္သည့္  ကန္ေဒၚလာ ၃၁၉၇ ဒသမ ၁၆၈ သန္းႏွင့္ ႏိူင္းယွဥ္ပါက ကန္ေဒၚလာ ၄၃၈ ဒသမ ၆၈၇ သန္းေလ်ာ့နည္းခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါစာရင္းအခ်က္အလက္မ်ားအရ ေဖေဖၚဝါရီလအတြင္း ျပည္ပသို႔ ကုန္ပစၥည္းတင္ပို႔မႈပမာဏမွာ ကန္ေဒၚလာ ၁၃၅၇ ဒသမ ၄၃၇ သန္းရွိၿပီး ျပည္ပမွ ကုန္ပစၥည္းတင္သြင္းမႈ ပမာဏမွာကန္ေဒၚလာ၁၄၀၁ ဒသမ ၀၄၄ သန္းရွိၿပီး စုစုေပါင္းကုန္သြယ္မႈ ကန္ေဒၚလာ ၂၇၅၈ ဒသမ ၄၈၁ သန္းရွိကာ ကုန္သြယ္ေရး လိုေငြ ကန္ေဒၚလာ ၄၃ဒသမ ၆၀၇ သန္း ျဖစ္ေပၚခဲ့ပါတယ္။

“ အခုခ်ိန္က ယခင္ကဆို ဘတ္ဂ်က္ပိတ္တဲ့ ကာလေရာက္တဲ့အတြက္ ကုန္သြယ္ေရးအားလုံးက အလုပ္ေလ်ာ့တာမ်ားသလို တင္ပို႔တာလည္း တင္သြင္းတာလည္း သတိထားၾကတဲ့ အခ်ိန္ပါ။ အခုက ျပည္တြင္း စီးပြားေရးက ေဆာက္လုပ္ေရးနဲ႔ အထည္ခ်ဳပ္က အဓိကျဖစ္တဲ့ အတြက္ အဲဒီဘက္က ေလ်ာ့ရင္ေလ်ာ့သလိုဘဲ ဒီဘက္ကို လာထိတာပဲ။ ၾသကၤန္နီးရင္ လုပ္ငန္းတခ်ိဳ႕က ရပ္သလို အေရာင္းအဝယ္ကလည္း တုံဆိုင္းတဲ့ သေဘာပါဘဲ” သြင္းကုန္ျဖန႔္ျဖဴးေရးလုပ္ကိုင္သူတစ္ဦးက ဆိုပါတယ္။

ဧၿပီလအတြင္း ထုတ္ျပန္ခဲ့သည့္ ဘ႑ာႏွစ္အလိုက္ ပုံမွန္/နယ္စပ္ (ႏိုင္ငံအလိုက္) ပို႔ကုန္၊ သြင္းကုန္၊ ကုန္သြယ္မႈပမာဏ အေျခအေန စာရင္း ဇယားအရဘ႑ာေရး ေဖေဖၚဝါရီလအထိ ငါးလတာကာလအတြင္း ကုန္သြယ္မႈမွာပို႔ကုန္ အေမရိကန္ေဒၚလာ ၆၆၃၇  ဒသမ ၈၁၉  သန္းႏွင့္ သြင္းကုန္ အေမရိကန္ေဒၚလာ ၇၅၂၆ ဒသမ ၆၇၂ သန္းရွိကာ စုစုေပါင္းကုန္သြယ္မႈ ကန္ေဒၚလာ ၁၄၁၆၄ ဒသမ ၄၉၁ သန္း(၁၄ ဘီလ်ံေက်ာ္) အထိရွိခဲ့ ေၾကာင္းသိရပါတယ္။    

ျပည္ပႏိုင္ငံမ်ားႏွင့္ ကုန္သြယ္ရာတြင္ ၅ ႏွစ္တာကာလအတြင္း ၂၀၁၇-၂၀၁၈ ဘ႑ာေရးႏွစ္တြင္ ကန္ ေဒၚလာ ၃၃ ဘီလ်ံေက်ာ္ျဖင့္ ကုန္သြယ္မႈ အမ်ားဆုံးျဖစ္ခဲ့ၿပီး ၂၀၁၄-၂၀၁၅ ဘ႑ာေရးႏွစ္တြင္ကန္ေဒၚလာ ၂၉ ဘီလ်ံေက်ာ္၊၂၀၁၅-၂၀၁၆ဘ႑ာေရးႏွစ္တြင္ကန္ေဒၚလာ ၂၇ ဘီလ်ံေက်ာ္၊၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွစ္တြင္ ကန္ေဒၚလာ ၂၉ ဘီလ်ံေက်ာ္ႏွင့္ ၂၀၁၈ ကာလတိုဘ႑ာေရးႏွစ္ တြင္ ကန္ေဒၚလာ ၁၈ ဘီလ်ံေက်ာ္ ကုန္သြယ္ ခဲ့ၿပီး ဘ႑ာေရးႏွစ္သစ္ ငါးလတာကာလအတြင္း ကန္ေဒၚလာ ၁၄ ဘီလ်ံေက်ာ္ထိကုန္သြယ္ထားေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ဧၿပီ ၁၈