ပြည်ပရင်းနှီးမြုပ်နှံမှု မေလအတွင်း အနည်းဆုံးဖြစ်ကာ ကန်ဒေါ်လာ ၈၆ သန်းသာဝင်ရောက်

ပြည်ပရင်းနှီးမြုပ်နှံမှု မေလအတွင်း အနည်းဆုံးဖြစ်ကာ ကန်ဒေါ်လာ ၈၆ သန်းသာဝင်ရောက်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA)က ထုတ်ပြန်တဲ့ Yearly Approved amount of Foreign investment (By Country) စာရင်းအရ မေလအတွင်း ပြည်ပမှ ရင်းနှီး မြုပ်နှံမှုပမာဏမှာ ကန်ဒေါ်လာ ၈၆ ဒသမ ၁၂၈ သန်းရှိခဲ့ပြီး ထိုပမာဏမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အနည်းဆုံးဝင်ရောက်မှုပမာဏဖြစ်ကြောင်း သိရပါတယ်။

အဆိုပါထုတ်ပြန်ချက်အရ မေလအတွင်းကဏ္ဍ ၁၂ ခုအနက် ကဏ္ဍ ၄ ခုမှ ဝင်ရောက်ခဲ့ပြီး ကျန်ကဏ္ဍ ၈ ခုတွင် ရင်းနှီးမြုပ်နှံမှု မဝင်ရောက် ခဲ့ကြောင်း သိရပါတယ်။မေလအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကန်ဒေါ်လာ ၄၁ ဒသမ ၄၁၈ သန်း၊ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ကန်ဒေါ်လာ ၃၁ ဒသမ ၆၂ သန်း၊ဟိုတယ် နှင့်ခရီးသွားလာရေးကဏ္ဍတွင် ကန်ဒေါ်လာ ၀ ဒသမ ၄၉၀ သန်း၊အခြားကဏ္ဍတွင် ကန်ဒေါ်လာ တစ်သန်း စုစု ပေါင်းကန်ဒေါ်လာ ၁၇ ဒသမ ၂၉ သန်းရင်းနှီးမြုပ်နှံမှု ဝင်ရောက်ခဲ့ပါတယ်။

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပမှ ဝင်ရောက်သည့် ရင်းနှီးမြုပ်နှံမှု လစဉ်ပမာဏမှာ  အောက်တိုဘာ လတွင် ကန်ဒေါ်လာ၃၇  ဒသမ ၄၉၂  သန်း၊ နိုဝင်ဘာလတွင် ကန်ဒေါ်လာ ၄၂၈ ဒသမ ၄၀၈ သန်း၊ ဒီဇင်ဘာလတွင် ကန်ဒေါ်လာ ၃၃၃ ဒသမ ၇၂၈  သန်း၊ ဇန်နဝါရီလတွင် ကန်ဒေါ်လာ ၄၅၄  ဒသမ ၃၇၄  သန်း၊ ဖေဖေါ်ဝါရီလတွင် ကန်ဒေါ်လာ ၄၄၇ ဒသမ ၅၈၂ သန်း၊ မတ်လတွင် ကန်ဒေါ်လာ ၁၆၆ ဒသမ ၀၁၈ သန်း၊ဧပြီ လတွင် ကန်ဒေါ်လာ ၅၄၅   ဒသမ ၆၈၃ သန်းနှင့် ယခုမေလတွင် ကန်ဒေါ်လာ ၈၆ ဒသမ ၁၂၈  သန်းဖြင့်  ရှစ်လတာကာလအတွင်း ကန်ဒေါ်လာ ၂၄၉၉ ဒသမ ၄၁၃ သန်း ဝင်ရောက်ခဲ့ပါတယ်။

ပြီးခဲ့သည့် ဧပြီလအတွင်း ပြည်ပမှ ရင်းနှီးမြုပ်နှံမှု စုစုပေါင်းကန်ဒေါ်လာ ၅၄၅ ဒသမ ၆၈၃ သန်း ရင်းနှီးမြုပ်နှံမှုဝင်ရောက်ခဲ့ပြီး လအလိုက် FDI ဝင်ရောက်မှုတွင် ကန်ဒေါ်လာ သန်း၁၀၀ အောက် ပထမဆုံး အကြိမ် ဝင်ရောက်သဖြင့် မေလ FDI ဝင်ရောက်မှု ပမာဏမှာ အနည်းဆုံး ပမာဏဖြစ်နေကြောင်း သိရပါတယ်။

DICA မှ ထုတ်ပြန်ခဲ့သည့် Yearly Approved amount of Foreign investment (By Sector)စာရင်း အရ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ရှစ်လတာ ကာလအတွင်းလယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ကန်ဒေါ်လာ ၁၄ ဒသမ ၀၄ သန်း၊ မွေးမြူရေး နှင့် သားငါးကဏ္ဍတွင် ကန်ဒေါ်လာ၃၃ ဒသမ ၉၆၇သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကန်ဒေါ်လာ၇၀၉  ဒသမ ၆၈၈ သန်း၊ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ကန်ဒေါ်လာ ၉၃ ဒသမ၂၈ သန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကန်ဒေါ်လာ ၁၀ ဒသ မ ၂၀၄သန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ကန်ဒေါ်လာ၁၁၈၇ ဒသမ ၃၀၇သန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍတွင် ကန်ဒေါ်လာ ၅၉ ဒသမ ၄၂၂ သန်း၊ အိမ်ခြံမြေကဏ္ဍတွင် ၅၄ ဒသမ ၁၃၃ သန်း၊ စက်မှု အိမ်ခြံမြေ ကဏ္ဍတွင် ကန်ဒေါ်လာ ၄၈ ဒသမ ၄၅၁ သန်းနှင့် အခြားကဏ္ဍတွင်  ကန်ဒေါ်လာ၂၈၈ ဒသမ၉၂၁ သန်းစုစုပေါင်းလာရောက် ရင်းနှီးမြုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ၂၄၉၉ ဒသမ၄၁၃သန်းရှိခဲ့ပါတယ်။

ယခုဘဏ္ဍာနှစ် ခုနှစ်လတာကာလအတွင်းရင်းနှီးမြုပ်နှံမှုတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍ၌ အများဆုံး ဝင်ရောက်ခဲ့ပြီးသတ္တူကဏ္ဍနှင့် ဆောက်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုဝင်ရောက်ခြင်းမရှိခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ဇွန် ၂၅

(  Zawgyi  )

 ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈ ဦးစီးဌာန (DICA)က ထုတ္ျပန္တဲ့ Yearly Approved amount of Foreign investment (By Country) စာရင္းအရ ေမလအတြင္း ျပည္ပမွ ရင္းႏွီး ျမဳပ္ႏွံမႈပမာဏမွာ ကန္ေဒၚလာ ၈၆ ဒသမ ၁၂၈ သန္းရွိခဲ့ၿပီး ထိုပမာဏမွာ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္အတြင္း အနည္းဆုံးဝင္ေရာက္မႈပမာဏျဖစ္ေၾကာင္း သိရပါတယ္။

အဆိုပါထုတ္ျပန္ခ်က္အရ ေမလအတြင္းက႑ ၁၂ ခုအနက္ က႑ ၄ ခုမွ ဝင္ေရာက္ခဲ့ၿပီး က်န္က႑ ၈ ခုတြင္ ရင္းႏွီးျမဳပ္ႏွံမႈ မဝင္ေရာက္ ခဲ့ေၾကာင္း သိရပါတယ္။ေမလအတြင္း ကုန္ထုတ္လုပ္မႈက႑တြင္ ကန္ေဒၚလာ ၄၁ ဒသမ ၄၁၈ သန္း၊ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑တြင္ ကန္ေဒၚလာ ၃၁ ဒသမ ၆၂ သန္း၊ဟိုတယ္ ႏွင့္ခရီးသြားလာေရးက႑တြင္ ကန္ေဒၚလာ ၀ ဒသမ ၄၉၀ သန္း၊အျခားက႑တြင္ ကန္ေဒၚလာ တစ္သန္း စုစု ေပါင္းကန္ေဒၚလာ ၁၇ ဒသမ ၂၉ သန္းရင္းႏွီးျမဳပ္ႏွံမႈ ဝင္ေရာက္ခဲ့ပါတယ္။

ယခုဘ႑ာႏွစ္အတြင္း ျပည္ပမွ ဝင္ေရာက္သည့္ ရင္းႏွီးျမဳပ္ႏွံမႈ လစဥ္ပမာဏမွာ  ေအာက္တိုဘာ လတြင္ ကန္ေဒၚလာ၃၇  ဒသမ ၄၉၂  သန္း၊ ႏိုဝင္ဘာလတြင္ ကန္ေဒၚလာ ၄၂၈ ဒသမ ၄၀၈ သန္း၊ ဒီဇင္ဘာလတြင္ ကန္ေဒၚလာ ၃၃၃ ဒသမ ၇၂၈  သန္း၊ ဇန္နဝါရီလတြင္ ကန္ေဒၚလာ ၄၅၄  ဒသမ ၃၇၄  သန္း၊ ေဖေဖၚဝါရီလတြင္ ကန္ေဒၚလာ ၄၄၇ ဒသမ ၅၈၂ သန္း၊ မတ္လတြင္ ကန္ေဒၚလာ ၁၆၆ ဒသမ ၀၁၈ သန္း၊ဧၿပီ လတြင္ ကန္ေဒၚလာ ၅၄၅   ဒသမ ၆၈၃ သန္းႏွင့္ ယခုေမလတြင္ ကန္ေဒၚလာ ၈၆ ဒသမ ၁၂၈  သန္းျဖင့္  ရွစ္လတာကာလအတြင္း ကန္ေဒၚလာ ၂၄၉၉ ဒသမ ၄၁၃ သန္း ဝင္ေရာက္ခဲ့ပါတယ္။

ၿပီးခဲ့သည့္ ဧၿပီလအတြင္း ျပည္ပမွ ရင္းႏွီးျမဳပ္ႏွံမႈ စုစုေပါင္းကန္ေဒၚလာ ၅၄၅ ဒသမ ၆၈၃ သန္း ရင္းႏွီးျမဳပ္ႏွံမႈဝင္ေရာက္ခဲ့ၿပီး လအလိုက္ FDI ဝင္ေရာက္မႈတြင္ ကန္ေဒၚလာ သန္း၁၀၀ ေအာက္ ပထမဆုံး အႀကိမ္ ဝင္ေရာက္သျဖင့္ ေမလ FDI ဝင္ေရာက္မႈ ပမာဏမွာ အနည္းဆုံး ပမာဏျဖစ္ေနေၾကာင္း သိရပါတယ္။

DICA မွ ထုတ္ျပန္ခဲ့သည့္ Yearly Approved amount of Foreign investment (By Sector)စာရင္း အရ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ရွစ္လတာ ကာလအတြင္းလယ္ယာစိုက္ပ်ိဳးေရးက႑တြင္ ကန္ေဒၚလာ ၁၄ ဒသမ ၀၄ သန္း၊ ေမြးျမဴေရး ႏွင့္ သားငါးက႑တြင္ ကန္ေဒၚလာ၃၃ ဒသမ ၉၆၇သန္း၊ ကုန္ထုတ္လုပ္မႈက႑တြင္ ကန္ေဒၚလာ၇၀၉  ဒသမ ၆၈၈ သန္း၊ လွ်ပ္စစ္ဓာတ္အားက႑တြင္ ကန္ေဒၚလာ ၉၃ ဒသမ၂၈ သန္း၊ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕က႑တြင္ ကန္ေဒၚလာ ၁၀ ဒသ မ ၂၀၄သန္း၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑တြင္ ကန္ေဒၚလာ၁၁၈၇ ဒသမ ၃၀၇သန္း၊ ဟိုတယ္ႏွင့္ခရီးသြားလာေရးက႑တြင္ ကန္ေဒၚလာ ၅၉ ဒသမ ၄၂၂ သန္း၊ အိမ္ၿခံေျမက႑တြင္ ၅၄ ဒသမ ၁၃၃ သန္း၊ စက္မႈ အိမ္ၿခံေျမ က႑တြင္ ကန္ေဒၚလာ ၄၈ ဒသမ ၄၅၁ သန္းႏွင့္ အျခားက႑တြင္  ကန္ေဒၚလာ၂၈၈ ဒသမ၉၂၁ သန္းစုစုေပါင္းလာေရာက္ ရင္းႏွီးျမဳပ္ႏွံမႈ ပမာဏမွာ အေမရိကန္ေဒၚလာ၂၄၉၉ ဒသမ၄၁၃သန္းရွိခဲ့ပါတယ္။

ယခုဘ႑ာႏွစ္ ခုႏွစ္လတာကာလအတြင္းရင္းႏွီးျမဳပ္ႏွံမႈတြင္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး က႑၌ အမ်ားဆုံး ဝင္ေရာက္ခဲ့ၿပီးသတၱဴက႑ႏွင့္ ေဆာက္လုပ္ေရးက႑တြင္ ရင္းႏွီးျမဳပ္ႏွံမႈဝင္ေရာက္ျခင္းမရွိခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ဇြန္ ၂၅