ပြည်ပအမှီအခိုကင်းကင်းဖြင့် ရပ်တည်နိုင်အောင် နိုင်ငံသားအားလုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ကြိုးစားရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆို

ပြည်ပအမှီအခိုကင်းကင်းဖြင့် ရပ်တည်နိုင်အောင် နိုင်ငံသားအားလုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ကြိုးစားရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆို

နိုင်ငံသားအားလုံး မိမိနိုင်ငံအတွက် ပြည်ပအမှီအခိုကင်းကင်းဖြင့် ရပ်တည်နိုင်အောင် ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ကြိုးစားကြရန် ဇွန် ၁၄ ရက်က ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ၊ ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် ညီအစ်ကိုမောင်နှမ မိသားစုစိတ်ဓာတ်ဖြင့် အားလုံးစည်းလုံးညီညွတ်စွာ နေထိုင်ပြီး ပြည်သူက အားကိုးရသည့် တိုင်းပြည်က အားထားရသည့် တပ်မတော်ဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။နိုင်ငံသားအားလုံးသည်လည်း မိမိနိုင်ငံအတွက် ပြည်ပအမှီအခိုကင်းကင်းဖြင့် ရပ်တည်နိုင်အောင် ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သလို တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး နိုင်ငံ့အရေးကို ဆောင်ရွက်ရာတွင် တပ်မတော်သားများအနေဖြင့် စည်းမျဉ်း စည်းကမ်း၊ ဥပဒေနည်းလမ်းများ၊ တိုက်တွန်းချက်၊ တားမြစ်ချက်၊ အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း စည်းကမ်းတကျ နေထိုင်ဆောင်ရွက်ပြီး စစ်သားကောင်းတစ်ယောက်ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ တည်နေရာ အနေအထားအရ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေးများ ကောင်းမွန်အောင် ဂရုပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှုမရှိသေးသဖြင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်မှု၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းမှု မရှိသေးခြင်း၊ စိန်ခေါ်မှုများ ရှိနေခြင်းများကြောင့် မိမိတို့တပ်မတော်၏ စွမ်းပကားရှိနေရန် လိုကြောင်း” လည်း အဆိုပါတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်မီး၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်တို့ ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ထိုကဏ္ဍ ၄ ရပ်အပေါ် မူတည်၍ ဖွံ့ဖြိုးမှု အရှိန်အဟုန် ကွာခြားသွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်မီး မရရှိပါက လူမှုစီးပွားဖွံ့ဖြိုးမှု နောက်ကျမည်ဖြစ်၍ လျှပ်စစ်မီးကို ချွေတာသုံးစွဲရန်လိုကြောင်း၊ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုကို အကြောင်းပြ၍ အမျိုးမျိုးသော နှောင့်ယှက်ဟန့်တားမှုများ ကြုံတွေ့ရကြောင်း၊ သို့ဖြစ်၍ ယင်းအခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် Run of River Type ရေအားလျှပ်စစ် ထုတ်လုပ်နည်းကို စဉ်စားဆောင်ရွက်နိုင်ကြောင်း၊ Real Time Information အတွက် ဆက်သွယ်ရေးစနစ်များ ကောင်းမွန်ရန်၊ လူ့စွမ်းအားအရင်းအမြစ်အတွက် ပညာရေးကောင်းမွန်ရန် အရေးကြီးကြောင်း၊ ပညာသင်ကြားနိုင်ရန်နှင့် အလုပ်လုပ်နိုင်ရအတွက် ကျန်းမာရေးကောင်းမွန်ရန်လည်း အရေးကြီးကြောင်း၊ ထို့ကြောင့် ပြည်သူများ ကျန်းမာရေးအတွက် တပ်မတော်မှ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ ပြောကြားခဲ့ပါတယ်။

အဆိုပါတွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်မြေခံတပ်မဌာချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများမှ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်စဉ် အသက်ခန္ဓာ ပေးဆပ်ခဲ့ရသူများနှင့် ခြေလက်အင်္ဂါ စွန့်လွှတ်ခဲ့ရသူများ၏ မိသားစုဝင်များအတွက် ချီးမြှင့်ငွေများကိုလည်း ပေးအပ်ခဲ့ပါတယ်။

KZ
Ref : မြဝတီ
ရန်ကုန်၊ ဇွန် - ၁၅

( Zawgyi )

ႏိုင္ငံသားအားလုံး မိမိႏိုင္ငံအတြက္ ျပည္ပအမွီအခိုကင္းကင္းျဖင့္ ရပ္တည္ႏိုင္ေအာင္ ညီညီၫြတ္ၫြတ္ စည္းစည္းလုံးလုံး ႀကိဳးစားၾကရန္ ဇြန္ ၁၄ ရက္က ကေလာတပ္နယ္ရွိ စစ္ဦးစီးတကၠသိုလ္မွ နည္းျပအရာရွိႀကီးမ်ားႏွင့္ သင္တန္းသားအရာရွိႀကီးမ်ား၊ ကေလာတပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ေျပာၾကားခဲ့ပါတယ္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က “အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအေနျဖင့္ ညီအစ္ကိုေမာင္ႏွမ မိသားစုစိတ္ဓာတ္ျဖင့္ အားလုံးစည္းလုံးညီၫြတ္စြာ ေနထိုင္ၿပီး ျပည္သူက အားကိုးရသည့္ တိုင္းျပည္က အားထားရသည့္ တပ္မေတာ္ျဖစ္ေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း။ႏိုင္ငံသားအားလုံးသည္လည္း မိမိႏိုင္ငံအတြက္ ျပည္ပအမွီအခိုကင္းကင္းျဖင့္ ရပ္တည္ႏိုင္ေအာင္ ညီညီၫြတ္ၫြတ္ စည္းစည္းလုံးလုံး ႀကိဳးစားၾကရမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သလို တပ္မေတာ္သည္ ႏိုင္ငံေတာ္၏ အစိတ္အပိုင္းတစ္ရပ္ျဖစ္ၿပီး ႏိုင္ငံ့အေရးကို ေဆာင္႐ြက္ရာတြင္ တပ္မေတာ္သားမ်ားအေနျဖင့္ စည္းမ်ဥ္း စည္းကမ္း၊ ဥပေဒနည္းလမ္းမ်ား၊ တိုက္တြန္းခ်က္၊ တားျမစ္ခ်က္၊ အမိန႔္ႏွင့္ ၫႊန္ၾကားခ်က္မ်ားအတိုင္း စည္းကမ္းတက် ေနထိုင္ေဆာင္႐ြက္ၿပီး စစ္သားေကာင္းတစ္ေယာက္ျဖစ္ေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ တည္ေနရာ အေနအထားအရ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ ဆက္ဆံေရး၊ ႏိုင္ငံတကာဆက္ဆံေရးမ်ား ေကာင္းမြန္ေအာင္ ဂ႐ုျပဳေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းမႈမရွိေသးသျဖင့္ ၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ႏိုင္ငံေရးအရ တည္ၿငိမ္မႈ၊ လုံၿခဳံေရးအရ တည္ၿငိမ္ေအးခ်မ္းမႈ မရွိေသးျခင္း၊ စိန္ေခၚမႈမ်ား ရွိေနျခင္းမ်ားေၾကာင့္ မိမိတို႔တပ္မေတာ္၏ စြမ္းပကားရွိေနရန္ လိုေၾကာင္း” လည္း အဆိုပါေတြ႕ဆုံပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ထို႔ျပင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႏိုင္ငံတစ္ႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ လွ်ပ္စစ္မီး၊ ဆက္သြယ္ေရး၊ သယ္ယူပို႔ေဆာင္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္တို႔ ေကာင္းမြန္ရမည္ျဖစ္ေၾကာင္း၊ ထိုက႑ ၄ ရပ္အေပၚ မူတည္၍ ဖြံ႕ၿဖိဳးမႈ အရွိန္အဟုန္ ကြာျခားသြားမည္ျဖစ္ေၾကာင္း၊ လွ်ပ္စစ္မီး မရရွိပါက လူမႈစီးပြားဖြံ႕ၿဖိဳးမႈ ေနာက္က်မည္ျဖစ္၍ လွ်ပ္စစ္မီးကို ေခြၽတာသုံးစြဲရန္လိုေၾကာင္း၊ ေရအားလွ်ပ္စစ္ ထုတ္လုပ္ႏိုင္ရန္ ေဆာင္႐ြက္ရာတြင္ ပတ္ဝန္းက်င္ထိခိုက္မႈကို အေၾကာင္းျပ၍ အမ်ိဳးမ်ိဳးေသာ ေႏွာင့္ယွက္ဟန႔္တားမႈမ်ား ႀကဳံေတြ႕ရေၾကာင္း၊ သို႔ျဖစ္၍ ယင္းအခက္အခဲကို ေျဖရွင္းႏိုင္ရန္အတြက္ Run of River Type ေရအားလွ်ပ္စစ္ ထုတ္လုပ္နည္းကို စဥ္စားေဆာင္႐ြက္ႏိုင္ေၾကာင္း၊ Real Time Information အတြက္ ဆက္သြယ္ေရးစနစ္မ်ား ေကာင္းမြန္ရန္၊ လူ႔စြမ္းအားအရင္းအျမစ္အတြက္ ပညာေရးေကာင္းမြန္ရန္ အေရးႀကီးေၾကာင္း၊ ပညာသင္ၾကားႏိုင္ရန္ႏွင့္ အလုပ္လုပ္ႏိုင္ရအတြက္ က်န္းမာေရးေကာင္းမြန္ရန္လည္း အေရးႀကီးေၾကာင္း၊ ထို႔ေၾကာင့္ ျပည္သူမ်ား က်န္းမာေရးအတြက္ တပ္မေတာ္မွ တတ္ႏိုင္သမွ် ကူညီေဆာင္႐ြက္ေပးေနျခင္း ျဖစ္ေၾကာင္း၊ ေျပာၾကားခဲ့ပါတယ္။

အဆိုပါေတြ႕ဆုံပြဲတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က နယ္ေျမခံတပ္မဌာခ်ဳပ္ ကြပ္ကဲမႈေအာက္ရွိ တပ္ရင္းမ်ားမွ ႏိုင္ငံေတာ္ကာကြယ္ေရး တာဝန္ထမ္းေဆာင္စဥ္ အသက္ခႏၶာ ေပးဆပ္ခဲ့ရသူမ်ားႏွင့္ ေျခလက္အဂၤါ စြန႔္လႊတ္ခဲ့ရသူမ်ား၏ မိသားစုဝင္မ်ားအတြက္ ခ်ီးျမႇင့္ေငြမ်ားကိုလည္း ေပးအပ္ခဲ့ပါတယ္။

KZ
Ref : ျမဝတီ
ရန္ကုန္၊ ဇြန္ - ၁၅