ပြည်သူများ၏ စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန် ရည်ရွယ်ထားဟု သူရဦးရွှေမန်း ပြောကြား

 
ပြည်သူများ၏ စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန် ရည်ရွယ်ထားဟု သူရဦးရွှေမန်း ပြောကြား

ပြည်သူများ၏ စားဝတ်နေရေး၊စီးပွားရေး၊လူမှုရေး အပါအဝင် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ငြိမ်းချမ်းရေးနှင့် သွေးစည်း ညီညွတ်ရေးတို့ကိုပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်ရည်ရွယ်ထားတယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ခေါင်းဆောင်ဖြစ်သူ သူရဦးရွှေမန်း ကပြောကြားလိုက်ပါတယ်။

အဆိုပါပြောကြားမှု ဇွန် ၁၉ ရက်က ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ဈေးရပ်ကွက် ရှိ မြို့လယ်သာသနာ့ဓမ္မဗိမာန်မှာ ပြုလုပ်တဲ့ UBP ပါတီနှင့် လူထုတွေ့ဆုံပွဲ မှာ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူများ၏ပါဝင်မှုသည်အရေးကြီးသလို ပါတီ၊ မူဝါဒ၊ လူပုဂ္ဂိုလ်တို့ကိုကြည့်၍ မှန်ကန်စွာရွေးချယ်ဆုံးဖြတ်နိုင်ရေးသည် အဓိကကျကြောင်းနှင့်မိမိတို့ပါတီအား လေ့လာပြီးပါဝင်နိုင်သည့် အခန်း ကဏ္ဍမှ ပါဝင်ကူညီပေးကြဖို့ကိုလည်း သူရဦးရွှေမန်း ကဖိတ်ခေါ်ပြောကြားခဲ့ပါသေးတယ်။

“ရည်ရွယ်ချက်နှင့်မူဝါဒများက ကောင်းမွန်လေ့ရှိကြပါတယ်။ဒါပေမယ့် ပကတိအခြေအနေနှင့် ကိုက်ညီခြင်းရှိမရှိ၊ လက်တွေ့အကောင် အထည် ဖော်နိုင်ခြင်း ရှိ၊မရှိ ဆန်းစစ်အကဲဖြတ်ရန်လိုပါတယ်။ ထိုသို့ဆန်းစစ်ရာမှာ ထိုပုဂ္ဂိုလ်၏ သမိုင်းကြောင်း၊ ဆောင်ရွက်ချက်များ၊လက်တွေ့ ဆောင်ရွက်နိုင်ခဲ့သည့် အတွေ့အကြုံ၊ စိတ်စေတနာနှင့် စွမ်းဆောင်နိုင်မှုတို့ကို ချိန်ထိုးအကဲဖြတ်လျှင် သိနိုင်ပါတယ်။ကျနော်ရဲ့ ဘဝဖြတ်သန်းမှု တလျောက် ဆောင်ရွက်ချက်များကို တာဝန်ယူ၊တာဝန်ခံပါတယ်။အစစ်ဆေးခံနိုင်ပါတယ်။ ကိုယ်လုပ်မှကိုယ်စားရမယ်ဆိုသည့်တိုင် ကိုယ့်လုပ် အား၊အရင်းအနှီးနှင့်ထိုက်တန်သည့်အကျိုးရလဒ်၊ အခွင့်အရေး၊ ပြည့်ပြည့်ဝဝရရှိအောင် စီမံဆောင်ရွက်ပေးရန် လိုလားကြမှာဖြစ်ပါတယ်။

ပြည်သူများ၏ပါဝင်မှုသည်အရေးကြီးပြီး ပါတီ၊ မူဝါဒ၊ လူပုဂ္ဂိုလ်တို့ကိုကြည့်၍မှန်ကန်စွာရွေးချယ်ဆုံးဖြတ်နိုင်ရေးသည် အဓိကဖြစ်ပါတယ်။ ဒါကြောင့်လည်းကျနော်တို့ပါတီကို လေ့လာပြီး ပါဝင်နိုင်သည့် အခန်းကဏ္ဍမှ ပါဝင်ကူညီပေးကြပါရန်ဖိတ်ခေါ်ပါတယ်။”လို့ UBP ပါတီခေါင်း
ဆောင် သူရဦးရွှေမန်း က ယင်းလူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။

အဆိုပါတွေ့ဆုံပွဲသို့  မြို့မိမြို့ဖများ၊နိုင်ငံရေးပါတီများ၊ရပ်မိရပ်ဖများ၊လူမှုအဖွဲ့အစည်းများ၊လေ့လာသူများအဖြစ် ရှမ်း၊ပလောင်၊ဓနု တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ခဲ့ကြပြီး တရားဥပဒေစိုးမိုးရေး ၊ဒေသဖွံ့ဖြိုးရေး၊စီးပွားရေး၊စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊သီးနှံများ ဈေးကောင်းရရှိရေး၊ပညာရေး၊ ကျန်းမာရေး၊ ဒေသလိုအပ်ချက်များကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြေသိမ်း
ရန်ကုန်၊ဇွန် ၂၀
ဓါတ်ပုံ - UBP ပါတီ

(  Zawgyi  )

 ျပည္သူမ်ား၏ စားဝတ္ေနေရး၊စီးပြားေရး၊လူမႈေရး အပါအဝင္ တရားဥပေဒစိုးမိုးေရးႏွင့္တည္ၿငိမ္ေအးခ်မ္းေရး ၿငိမ္းခ်မ္းေရးႏွင့္ ေသြးစည္း ညီၫြတ္ေရးတို႔ကိုပိုမိုတိုးတက္ေကာင္းမြန္ေအာင္ ေဆာင္႐ြက္ရန္ရည္႐ြယ္ထားတယ္လို႔ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ ေခါင္းေဆာင္ျဖစ္သူ သူရဦးေ႐ႊမန္း ကေျပာၾကားလိုက္ပါတယ္။

အဆိုပါေျပာၾကားမႈ ဇြန္ ၁၉ ရက္က ရွမ္းျပည္နယ္၊ ေနာင္ခ်ိဳၿမိဳ႕၊ ေဈးရပ္ကြက္ ရွိ ၿမိဳ႕လယ္သာသနာ့ဓမၼဗိမာန္မွာ ျပဳလုပ္တဲ့ UBP ပါတီႏွင့္ လူထုေတြ႕ဆုံပြဲ မွာ၎က အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။ ဒါ့အျပင္ ျပည္သူမ်ား၏ပါဝင္မႈသည္အေရးႀကီးသလို ပါတီ၊ မူဝါဒ၊ လူပုဂၢိဳလ္တို႔ကိုၾကည့္၍ မွန္ကန္စြာေ႐ြးခ်ယ္ဆုံးျဖတ္ႏိုင္ေရးသည္ အဓိကက်ေၾကာင္းႏွင့္မိမိတို႔ပါတီအား ေလ့လာၿပီးပါဝင္ႏိုင္သည့္ အခန္း က႑မွ ပါဝင္ကူညီေပးၾကဖို႔ကိုလည္း သူရဦးေ႐ႊမန္း ကဖိတ္ေခၚေျပာၾကားခဲ့ပါေသးတယ္။

“ရည္႐ြယ္ခ်က္ႏွင့္မူဝါဒမ်ားက ေကာင္းမြန္ေလ့ရွိၾကပါတယ္။ဒါေပမယ့္ ပကတိအေျခအေနႏွင့္ ကိုက္ညီျခင္းရွိမရွိ၊ လက္ေတြ႕အေကာင္ အထည္ ေဖာ္ႏိုင္ျခင္း ရွိ၊မရွိ ဆန္းစစ္အကဲျဖတ္ရန္လိုပါတယ္။ ထိုသို႔ဆန္းစစ္ရာမွာ ထိုပုဂၢိဳလ္၏ သမိုင္းေၾကာင္း၊ ေဆာင္႐ြက္ခ်က္မ်ား၊လက္ေတြ႕ ေဆာင္႐ြက္ႏိုင္ခဲ့သည့္ အေတြ႕အႀကဳံ၊ စိတ္ေစတနာႏွင့္ စြမ္းေဆာင္ႏိုင္မႈတို႔ကို ခ်ိန္ထိုးအကဲျဖတ္လွ်င္ သိႏိုင္ပါတယ္။က်ေနာ္ရဲ႕ ဘဝျဖတ္သန္းမႈ တေလ်ာက္ ေဆာင္႐ြက္ခ်က္မ်ားကို တာဝန္ယူ၊တာဝန္ခံပါတယ္။အစစ္ေဆးခံႏိုင္ပါတယ္။ ကိုယ္လုပ္မွကိုယ္စားရမယ္ဆိုသည့္တိုင္ ကိုယ့္လုပ္ အား၊အရင္းအႏွီးႏွင့္ထိုက္တန္သည့္အက်ိဳးရလဒ္၊ အခြင့္အေရး၊ ျပည့္ျပည့္ဝဝရရွိေအာင္ စီမံေဆာင္႐ြက္ေပးရန္ လိုလားၾကမွာျဖစ္ပါတယ္။

ျပည္သူမ်ား၏ပါဝင္မႈသည္အေရးႀကီးၿပီး ပါတီ၊ မူဝါဒ၊ လူပုဂၢိဳလ္တို႔ကိုၾကည့္၍မွန္ကန္စြာေ႐ြးခ်ယ္ဆုံးျဖတ္ႏိုင္ေရးသည္ အဓိကျဖစ္ပါတယ္။ ဒါေၾကာင့္လည္းက်ေနာ္တို႔ပါတီကို ေလ့လာၿပီး ပါဝင္ႏိုင္သည့္ အခန္းက႑မွ ပါဝင္ကူညီေပးၾကပါရန္ဖိတ္ေခၚပါတယ္။”လို႔ UBP ပါတီေခါင္း
ေဆာင္ သူရဦးေ႐ႊမန္း က ယင္းလူထုေတြ႕ဆုံပြဲမွာ ေျပာၾကားခဲ့တာပါ။

အဆိုပါေတြ႕ဆုံပြဲသို႔  ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ႏိုင္ငံေရးပါတီမ်ား၊ရပ္မိရပ္ဖမ်ား၊လူမႈအဖြဲ႕အစည္းမ်ား၊ေလ့လာသူမ်ားအျဖစ္ ရွမ္း၊ပေလာင္၊ဓႏု တိုင္းရင္းသား ႐ိုးရာယဥ္ေက်းမႈအဖြဲ႕မ်ား တက္ေရာက္ခဲ့ၾကၿပီး တရားဥပေဒစိုးမိုးေရး ၊ေဒသဖြံ႕ၿဖိဳးေရး၊စီးပြားေရး၊စိုက္ပ်ိဳးေရးက႑ဖြံ႕ၿဖိဳးတိုးတက္ေရး၊သီးႏွံမ်ား ေဈးေကာင္းရရွိေရး၊ပညာေရး၊ က်န္းမာေရး၊ ေဒသလိုအပ္ခ်က္မ်ားကို ေဆြးေႏြးခဲ့ၾကတယ္လို႔ ဆိုပါတယ္။

ေျပသိမ္း
ရန္ကုန္၊ဇြန္ ၂၀
ဓါတ္ပုံ - UBP ပါတီ