ဗစ်တိုးရီးယားအမှု လူမှုကွန်ရက်တွင် သက္ကမိုးညိုအမည်နှင့် ရေးသားနေသူကို ရဲတပ်ဖွဲ၏ ဂုဏ်သိက္ခာ ထိခိုက်စေသည့် အသုံးအနှုန်း များပါသည့် အတွက် ပျဉ်းမနားရဲစခန်းတွင်အမှုဖွင့်

ဗစ်တိုးရီးယားအမှု လူမှုကွန်ရက်တွင် သက္ကမိုးညိုအမည်နှင့် ရေးသားနေသူကို ရဲတပ်ဖွဲ၏ ဂုဏ်သိက္ခာ ထိခိုက်စေသည့် အသုံးအနှုန်း များပါသည့် အတွက် ပျဉ်းမနားရဲစခန်းတွင်အမှုဖွင့်

ဗစ်တိုးရီးယားအမှုကိစ္စအကြောင်းလူမှုကွန်ရက်တွင်သက္ကမိုးညိုအမည်နှင့်facebook တွင် ရေး သားနေသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်း အား မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ဂုဏ်သိက္ခာထိခိုက်စေသည့်အသုံးအနှုန်းများပါသည့် အရေးအသားများပါ သည်ဟု ဆိုကာပျဉ်းမနားမြို့ နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နိုင်က တရားလိုပြုလုပ်၍ အီလက်ထရော နစ်ဥပဒေ ပုဒ်မ ၃၄(ဃ)နဲ့ ပျဉ်းမနားမြို့နယ်ရဲစခန်းတွင် ယနေ့နံနက်ပိုင်းက အမှုဖွင့်စစ်ဆေးခဲ့ကြောင်း သိရှိရပါတယ်။

ယင်းသို့အမှုဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဟုပျဉ်းမနား မြို့မရဲစခန်းမှ စခန်းမှူး၊ဒု-ရဲမှူးအောင် နိုင်ဦးမှ ဒေါက်တာ ဝင်းကိုကိုသိန်းက အင်တာနက် လူမှုကွန်ရက်ကဖေ့ဘုတ်အကောင့်မှာ သက္ကမိုးညို အမည်နဲ့ဗစ်တိုးရီးယားအဓမ္မပြုကျင့်ခံရမှုနဲ့ပတ်သက်ပြီးစာတင်ရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာ ကိုထိခိုက်စေလောက်တဲ့ အသုံးအနှုန်း လေးတွေပါတဲ့ အတွက်သူ့ကိုကျနော်တို့ကအီလက်ထောနစ်ဥပ ဒေပုဒ်မ၃၄(က) နဲ့အရေးယူဆောင်ရွက်ထားရှိ တာဖြစ်ပါတယ်။ ကျနော်တို့ကအခုလက်ရှိ အမှုကို ခံဝန် ပေးနိုင်တဲ့အမှုဖြစ်တဲ့အတွက် လူတစ်ဦးကိုသိန်း(၅၀)နဲ့လူ နှစ်ဦးသိန်း(၁၀၀)နဲ့ ခံဝန်အာမခံပေးလွှတ် ထားရှိပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ကနေညွန်ကြားတာဖြစ်ပါတယ်။ အခုအာမခံက ရဲစခန်း အာမခံဖြစ်ပါတယ်။ သူ့ရဲ ဥပဒေကိုက ဒဏ်ငွေငါးဆယ်ကနေ သိန်းတစ်ရာအထိဒဏ်ငွေချနိုင်ပါတယ်။ ဒဏ်ငွေမဆောင်နိုင်မှထောင်ဒဏ်(၁)နှစ်မှ(၃)နှစ်အထိချမှတ်နိုင်ပါတယ်အားလုံးစစ်ဆေးပြီး သူ့ရဲ့ တရားစွဲဆို ခွင့်ပြုမိန့်အဆင့်ဆင့်ဆက်တင်ရပါတယ်။ ခွင့်ပြုမိန့်ကျမှတရားစွဲရပါတယ်။ သူတင်တဲ့ အကောင့်ကနေ ထွက်ပေါ် လာတဲ့ အဖြေ အားလုံးကိုသူတင်ပါတယ်ဆိုပြီးဝန်ခံထွက်ဆိုထားပါတယ်။ သူရေးသားထားတဲ့အသုံးအနှုန်းတွေက ရဲတပ်ဖွဲအပေါ်ဂုဏ်သိက္ခာ ထိခိုက် ကျဆင်းစေတဲ့ အတွက် ကျနော်ကနေတရားစွဲခြင်းဖြစ်ပါ တယ်” လို့ မီဒီယာများအားရှင်းလင်းပြောကြားခဲ့ပါတယ်။

“ ကျွန်တော်ကို ၆၆ တော့မဟုတ်ဘူး။ ဌာနဆိုင်ရာနဲ့ဆိုင်တော့-၄၃(ဃ)နဲ့ကျနော့်ကို စွဲဆိုထား တယ်၊ဆွဲဆိုထားတဲ့အခါ ဘာတွေပါလည်း ဆိုရင်(၄)ရက်နေ့(၅)ရက်နေ့(၆)ရက်နေ့မှာ ရေးခဲ့တဲ့စာတွေ ထဲကကောက်နှုတ်ချက်တွေပါတာပေါ့။အဲဒီထဲမှာ တချို့ဟာတွေသည် သူတို့ ရဲတပ်ဖွဲ့ကို အများပြည်သူ အထင်အမြင်လွဲမှားစေဆိုတာမျိုးတွေပါတယ်၊ဥပမာပြောရင် ဦးပညာတို့ကျောင်းအုပ်ကြီးထံဆီက ဖိုင် ကို ဟက်ဒစ်ကိုုဖြုတ်သိမ်းတာမဟုတ်ဘဲဒေါင်းလုတ်ဆွဲခဲ့တယ်ဆိုတာမျိုး နောက်တစ်ခုက သံသယ ဖြစ် ဖွယ်အချက်တွေရှိပါတယ်လို့ပြောတာ လေးတစ်ချက်ရှိ တယ်။

သံသယဖြစ်ဖွယ်အချက်အလက်ရှိ တယ် ဆိုတာမဟုတ်ပါဘူးပေါ့။ ပြည်သူတစ်ယောက်အနေနဲ့ကျနော်ကသံသယဖြစ်ခွင့်ရှိတာပေါ့လေ။ ဒါပေမဲ့ သူတို့ကသံသယရှိဖွယ်အချက်အလက်ရှိတယ်လို့ရေးတာ သူတို့အနေနဲ့ရဲတပ်ဖွဲ့ကို ဂုဏ်သိက္ခာကျ ဆင်းစေတယ်လို့ပြောတာ တစ်ချက်ရှိတယ်။ နောက်ကျွန်တော်ကအဂတိလိုက်စားမှုကော်မရှင်ကို စာရေးသင့် ပါတယ်လို့စာရေးခဲ့ပါတယ်။ အဂတိလိုက်စားမှုကော်မရှင်မှာ (၂)ချက်ရှိတယ်။ တကယ် ကာယကံရှင်က တိုင်ကြားတာ၊(၂)ကကျော်ဇောသတင်းဖြစ်တာ။ အခုဟာကကျော်ဇော သတင်းဖြစ် နေပြီဖြစ်သင့်နေပြီ၊ ဘာလို့လည်း ဆိုရင်အဲ့ဒီကဦးအောင်နိုင်သူရဲ့ပြောချက်တွေဟာလည်းပြည်သူအနေနဲ့သံသယဖြစ်ဖွယ်ရှိတယ်လို့ပြောလိုတာက ဒီ(၃)ချက် ကိုပြောချင်တာ ကိုရေးချင်တာ ပေါ်မူတည်ပြီး ကျွန်တော်ကို-၃၄(က)နဲ့တရားစွဲဆိုတာပေါ့လေ”ဟု သက္ကမိုးညို အမည်နှင့်facebook တွင် ရေးသားနေ သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်းမှ မီဒီယာများအားရှင်းလင်းပြောကြားခဲ့ပါတယ်။

PTG
နေပြည်တော်၊ဇူလိုင်-၁၀

(  Zawgyi  )

 ဗစ္တိုးရီးယားအမႈကိစၥအေၾကာင္းလူမႈကြန္ရက္တြင္သကၠမိုးညိဳအမည္ႏွင့္facebook တြင္ ေရး သားေနသည့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ဌာန ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာဝင္းကိုကိုသိန္း အား ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ဂုဏ္သိကၡာထိခိုက္ေစသည့္အသုံးအႏႈန္းမ်ားပါသည့္ အေရးအသားမ်ားပါ သည္ဟု ဆိုကာပ်ဥ္းမနားၿမိဳ႕ နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉးေအးျမင့္ႏိုင္က တရားလိုျပဳလုပ္၍ အီလက္ထေရာ နစ္ဥပေဒ ပုဒ္မ ၃၄(ဃ)နဲ႔ ပ်ဥ္းမနားၿမိဳ႕နယ္ရဲစခန္းတြင္ ယေန႔နံနက္ပိုင္းက အမႈဖြင့္စစ္ေဆးခဲ့ေၾကာင္း သိရွိရပါတယ္။

ယင္းသို႔အမႈဖြင့္လွစ္ရျခင္းႏွင့္ပတ္သက္၍ ဟုပ်ဥ္းမနား ၿမိဳ႕မရဲစခန္းမွ စခန္းမႉး၊ဒု-ရဲမႉးေအာင္ ႏိုင္ဦးမွ ေဒါက္တာ ဝင္းကိုကိုသိန္းက အင္တာနက္ လူမႈကြန္ရက္ကေဖ့ဘုတ္အေကာင့္မွာ သကၠမိုးညိဳ အမည္နဲ႔ဗစ္တိုးရီးယားအဓမၼျပဳက်င့္ခံရမႈနဲ႔ပတ္သက္ၿပီးစာတင္ရာမွာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲ႕ ဂုဏ္သိကၡာ ကိုထိခိုက္ေစေလာက္တဲ့ အသုံးအႏႈန္း ေလးေတြပါတဲ့ အတြက္သူ႔ကိုက်ေနာ္တို႔ကအီလက္ေထာနစ္ဥပ ေဒပုဒ္မ၃၄(က) နဲ႔အေရးယူေဆာင္႐ြက္ထားရွိ တာျဖစ္ပါတယ္။ က်ေနာ္တို႔ကအခုလက္ရွိ အမႈကို ခံဝန္ ေပးႏိုင္တဲ့အမႈျဖစ္တဲ့အတြက္ လူတစ္ဦးကိုသိန္း(၅၀)နဲ႔လူ ႏွစ္ဦးသိန္း(၁၀၀)နဲ႔ ခံဝန္အာမခံေပးလႊတ္ ထားရွိပါတယ္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဌာနခ်ဳပ္ကေနၫြန္ၾကားတာျဖစ္ပါတယ္။ အခုအာမခံက ရဲစခန္း အာမခံျဖစ္ပါတယ္။ သူ႔ရဲ ဥပေဒကိုက ဒဏ္ေငြငါးဆယ္ကေန သိန္းတစ္ရာအထိဒဏ္ေငြခ်ႏိုင္ပါတယ္။ ဒဏ္ေငြမေဆာင္ႏိုင္မွေထာင္ဒဏ္(၁)ႏွစ္မွ(၃)ႏွစ္အထိခ်မွတ္ႏိုင္ပါတယ္အားလုံးစစ္ေဆးၿပီး သူ႔ရဲ႕ တရားစြဲဆို ခြင့္ျပဳမိန႔္အဆင့္ဆင့္ဆက္တင္ရပါတယ္။ ခြင့္ျပဳမိန႔္က်မွတရားစြဲရပါတယ္။ သူတင္တဲ့ အေကာင့္ကေန ထြက္ေပၚ လာတဲ့ အေျဖ အားလုံးကိုသူတင္ပါတယ္ဆိုၿပီးဝန္ခံထြက္ဆိုထားပါတယ္။ သူေရးသားထားတဲ့အသုံးအႏႈန္းေတြက ရဲတပ္ဖြဲအေပၚဂုဏ္သိကၡာ ထိခိုက္ က်ဆင္းေစတဲ့ အတြက္ က်ေနာ္ကေနတရားစြဲျခင္းျဖစ္ပါ တယ္” လို႔ မီဒီယာမ်ားအားရွင္းလင္းေျပာၾကားခဲ့ပါတယ္။

“ ကြၽန္ေတာ္ကို ၆၆ ေတာ့မဟုတ္ဘူး။ ဌာနဆိုင္ရာနဲ႔ဆိုင္ေတာ့-၄၃(ဃ)နဲ႔က်ေနာ့္ကို စြဲဆိုထား တယ္၊ဆြဲဆိုထားတဲ့အခါ ဘာေတြပါလည္း ဆိုရင္(၄)ရက္ေန႔(၅)ရက္ေန႔(၆)ရက္ေန႔မွာ ေရးခဲ့တဲ့စာေတြ ထဲကေကာက္ႏႈတ္ခ်က္ေတြပါတာေပါ့။အဲဒီထဲမွာ တခ်ိဳ႕ဟာေတြသည္ သူတို႔ ရဲတပ္ဖြဲ႕ကို အမ်ားျပည္သူ အထင္အျမင္လြဲမွားေစဆိုတာမ်ိဳးေတြပါတယ္၊ဥပမာေျပာရင္ ဦးပညာတို႔ေက်ာင္းအုပ္ႀကီးထံဆီက ဖိုင္ ကို ဟက္ဒစ္ကိုုျဖဳတ္သိမ္းတာမဟုတ္ဘဲေဒါင္းလုတ္ဆြဲခဲ့တယ္ဆိုတာမ်ိဳး ေနာက္တစ္ခုက သံသယ ျဖစ္ ဖြယ္အခ်က္ေတြရွိပါတယ္လို႔ေျပာတာ ေလးတစ္ခ်က္ရွိ တယ္။

သံသယျဖစ္ဖြယ္အခ်က္အလက္ရွိ တယ္ ဆိုတာမဟုတ္ပါဘူးေပါ့။ ျပည္သူတစ္ေယာက္အေနနဲ႔က်ေနာ္ကသံသယျဖစ္ခြင့္ရွိတာေပါ့ေလ။ ဒါေပမဲ့ သူတို႔ကသံသယရွိဖြယ္အခ်က္အလက္ရွိတယ္လို႔ေရးတာ သူတို႔အေနနဲ႔ရဲတပ္ဖြဲ႕ကို ဂုဏ္သိကၡာက် ဆင္းေစတယ္လို႔ေျပာတာ တစ္ခ်က္ရွိတယ္။ ေနာက္ကြၽန္ေတာ္ကအဂတိလိုက္စားမႈေကာ္မရွင္ကို စာေရးသင့္ ပါတယ္လို႔စာေရးခဲ့ပါတယ္။ အဂတိလိုက္စားမႈေကာ္မရွင္မွာ (၂)ခ်က္ရွိတယ္။ တကယ္ ကာယကံရွင္က တိုင္ၾကားတာ၊(၂)ကေက်ာ္ေဇာသတင္းျဖစ္တာ။ အခုဟာကေက်ာ္ေဇာ သတင္းျဖစ္ ေနၿပီျဖစ္သင့္ေနၿပီ၊ ဘာလို႔လည္း ဆိုရင္အဲ့ဒီကဦးေအာင္ႏိုင္သူရဲ႕ေျပာခ်က္ေတြဟာလည္းျပည္သူအေနနဲ႔သံသယျဖစ္ဖြယ္ရွိတယ္လို႔ေျပာလိုတာက ဒီ(၃)ခ်က္ ကိုေျပာခ်င္တာ ကိုေရးခ်င္တာ ေပၚမူတည္ၿပီး ကြၽန္ေတာ္ကို-၃၄(က)နဲ႔တရားစြဲဆိုတာေပါ့ေလ”ဟု သကၠမိုးညိဳ အမည္ႏွင့္facebook တြင္ ေရးသားေန သည့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာဝင္းကိုကိုသိန္းမွ မီဒီယာမ်ားအားရွင္းလင္းေျပာၾကားခဲ့ပါတယ္။

PTG
ေနျပည္ေတာ္၊ဇူလိုင္-၁၀