ဗိုလ်တစ်ထောင်မြို့နယ် COD ၊BOD နှင့် AOD ဝင်းအတွင်း မြေသိမ်းခံရသည့် ပိုင်ရှင်များ နစ်နာကြေးရရှိရန် မြို့တော်ခန်းမရှေ့ ဆန္ဒပြတောင်း ဆို

 ဗိုလ်တစ်ထောင်မြို့နယ် COD ၊BOD နှင့် AOD ဝင်းအတွင်း မြေသိမ်းခံရသည့် ပိုင်ရှင်များ နစ်နာကြေးရရှိရန် မြို့တော်ခန်းမရှေ့ ဆန္ဒပြတောင်း ဆို

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိမြေများ သိမ်းဆည်းခံရသည့် ပိုင်ရှင်များက နစ်နာ ကြေးရရှိရန် ယနေ့ ဇူလိုင်လ ၂ ရက် နံနက်ပိုင်းက မဟာဗန္ဓုလပန်းခြံရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိ COD ၊BOD နှင့် AOD ဝင်းအတွင်း နှစ်၉၀ဂရမ်မြေပိုင်ရှင်များက လျော်ကြေး နစ်နာကြေးရရန် သက်ဆိုင်ရာဌာနများနှင့် အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး အချို့သောမြေပိုင်ရှင်တွေကို လျှော်ကြေးပေးလျှော်ခြင်းမရှိသေတဲ့ အတွက် ဆန္ဒပြတောင်းဆိုရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဦးမြင့်အောင်က “အဲဒီမြေလျော်ကြေးရဖို့ လျှောက်တာ ၃၈၃ ဦးလျှောက် တယ်။ ခုလက်ရှိမှာ ၂၇၇ ယောက်ကို ၂၀၁၉ ခုနှစ် သုံးလပိုင်းကတိုက်ခန်းတွေပေးလိုက်တယ်။ ၂၀၁၆ ဇွန် ၃၀ မှာ လည်း သိန်း ၃၂၀ လျော်ကြေးတွေပေးခဲ့တယ်။ ကျွန်တော်နဲ့ အတူတူ ဒီမှာ ဆန္ဒပြတဲ့ အဲလူတွေ၊ ကျွန်တော် ကိုယ်တိုင် လျှောက်လွှာတင်ပေးခဲ့တဲ့သူတွေ သူတို့တော့ရပြီး ကျွန်တော်တို့ ဘာလို့မရတာလဲ။ ဒါမတရား လုပ်တာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်သူ ၄၀ ခန့်က “ငါတို့ဘိုးဘွားပိုင်တဲ့ မြေတွေကို ဥပဒေမဲ့ သိမ်းဆည်းထားတဲ့ အာဏာရှင် တွေ အမြန်ကျဆုံးပါစေ” အစရှိတဲ့ ဗီနိုင်းတွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်သူ တွေအ နေနဲ့ ဇူလိုင်လ ၁၀ ရက်နေ့မှာလည်း ရန်ကုန်တိုင်း အစိုးရ ရုံးရှေ့မှာ ထိုင်သပိတ် ပြုလုပ်သွားဖို့ စီစဉ်ဆောင်ရွက်လျှက်ရှိတယ်လို့ သိရှိရပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ဇူလိုင် ၂

(  Zawgyi  )

 ရန္ကုန္တိုင္းေဒသႀကီး ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္အတြင္းရွိေျမမ်ား သိမ္းဆည္းခံရသည့္ ပိုင္ရွင္မ်ားက နစ္နာ ေၾကးရရွိရန္ ယေန႔ ဇူလိုင္လ ၂ ရက္ နံနက္ပိုင္းက မဟာဗႏၶဳလပန္းၿခံေရွ႕မွာ ဆႏၵျပေတာင္းဆိုခဲ့ပါတယ္။ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္အတြင္းရွိ COD ၊BOD ႏွင့္ AOD ဝင္းအတြင္း ႏွစ္၉၀ဂရမ္ေျမပိုင္ရွင္မ်ားက ေလ်ာ္ေၾကး နစ္နာေၾကးရရန္ သက္ဆိုင္ရာဌာနမ်ားႏွင့္ အႀကိမ္ႀကိမ္ေဆြးေႏြးခဲ့ၿပီး အခ်ိဳ႕ေသာေျမပိုင္ရွင္ေတြကို ေလွ်ာ္ေၾကးေပးေလွ်ာ္ျခင္းမရွိေသတဲ့ အတြက္ ဆႏၵျပေတာင္းဆိုရျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

ဦးေဆာင္ဆႏၵထုတ္ေဖာ္ခဲ့တဲ့ ဦးျမင့္ေအာင္က “အဲဒီေျမေလ်ာ္ေၾကးရဖို႔ ေလွ်ာက္တာ ၃၈၃ ဦးေလွ်ာက္ တယ္။ ခုလက္ရွိမွာ ၂၇၇ ေယာက္ကို ၂၀၁၉ ခုႏွစ္ သုံးလပိုင္းကတိုက္ခန္းေတြေပးလိုက္တယ္။ ၂၀၁၆ ဇြန္ ၃၀ မွာ လည္း သိန္း ၃၂၀ ေလ်ာ္ေၾကးေတြေပးခဲ့တယ္။ ကြၽန္ေတာ္နဲ႔ အတူတူ ဒီမွာ ဆႏၵျပတဲ့ အဲလူေတြ၊ ကြၽန္ေတာ္ ကိုယ္တိုင္ ေလွ်ာက္လႊာတင္ေပးခဲ့တဲ့သူေတြ သူတို႔ေတာ့ရၿပီး ကြၽန္ေတာ္တို႔ ဘာလို႔မရတာလဲ။ ဒါမတရား လုပ္တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဆႏၵထုတ္ေဖာ္သူ ၄၀ ခန႔္က “ငါတို႔ဘိုးဘြားပိုင္တဲ့ ေျမေတြကို ဥပေဒမဲ့ သိမ္းဆည္းထားတဲ့ အာဏာရွင္ ေတြ အျမန္က်ဆုံးပါေစ” အစရွိတဲ့ ဗီႏိုင္းေတြ ကိုင္ေဆာင္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။ ဆႏၵထုတ္ေဖာ္သူ ေတြအ ေနနဲ႔ ဇူလိုင္လ ၁၀ ရက္ေန႔မွာလည္း ရန္ကုန္တိုင္း အစိုးရ ႐ုံးေရွ႕မွာ ထိုင္သပိတ္ ျပဳလုပ္သြားဖို႔ စီစဥ္ေဆာင္႐ြက္လွ်က္ရွိတယ္လို႔ သိရွိရပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ဇူလိုင္ ၂