ဗုဒ္ဓသာသာသနာ ဖိနှိပ်ခံနေသည်ဟု ဆိုကာ ရဟန်းသီလရှင်လူပုဂ္ဂိုလ် ငါးဆယ်ကျော် မန္တလေးမဟာမုနိဘုရားတွင် ဆုတောင်းပွဲပြုလုပ်

ဗုဒ္ဓသာသာသနာ ဖိနှိပ်ခံနေသည် ဟုဆိုကာ ရဟန်းသီလရှင်လူပုဂ္ဂိုလ် ငါးဆယ်ကျော် မန္တလေးမဟာမုနိဘုရား တွင်ဆုတောင်းပွဲပြုလုပ်

မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာတော်ဖိနှိပ်ခံနေရလို့ဆိုပြီး ရဟန်းသီလရှင်နဲ့ လူပုဂ္ဂိုလ် စုစုပေါင်း အင်အား ငါးဆယ်ကျော်ဟာ ဒီနေ့မွန်းလွဲပိုင်းက မန္တလေးမဟာမုနိဘုရားကြီးမှာ စုပေါင်းဆုတောင်းပွဲ တစ်ရပ် လာရောက်ပြု လုပ်ခဲ့ကြပါတယ်။

အဖိနှိပ်ခံသာသနာနဲ့ အဖိနှိပ်ခံပြည်သူတွေ အတွက်ဆိုပြီး ဆုတောင်းပွဲ တစ်ရပ်ပြုလုပ် ခဲ့ကြတာ လည်းဖြစ်ပြီး မူလက ဆရာတော်ဦးဝီရသူအတွက်ဆုတောင်းပွဲပြုလုပ်တာလို့ သတင်းထွက်ခဲ့ပေ မယ့် လည်း ဆရာတော်ဦးဝိရသူကိစ္စနဲ့မပတ်သက်ဘူး ဗုဒ္ဓသာသနာဖိနှိပ်ခံနေရလို့ လာရောက်ဆုတောင်းပွဲ လုပ်ကြတာပါ လို့ဆုတောင်းပွဲမှာရှေ့ကထွက်ခဲ့တဲ့ဆရာတော်အရှင်ဣန္ဒဝီရ(လှည်းကူး)ကမိန့်ပါတယ်။

အင်အားငါးဆယ်ထက်မနည်းရှိတဲ့ဒီအဖွဲ့ဟာ ဘုရားကြီးဝင်းအတွင်း တိုင်းသာသနာရေးအဖွဲ့ပါဝင်တဲ့ တာဝန်ရှိသူတွေရဲ့တားဆီးမှုခံခဲ့ရပေမယ့် ဆုတောင်းပွဲကိုတော့ ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။ဒီအဖွဲ့ကို ဆရာတော်သုံးလေးပါးခန့်က ဦးဆောင်လာတာပဲဖြစ်ပြီး ဆရာတော်တွေဘက်ကတော့ ဦးဆောင်သူမရှိဘူးလို့မိန့်ကြပါတယ်။

တာဝန်ရှိသူတွေဘက်ကတော့ဘုရားပေါ်မှာလူစုလူဝေးနဲ့ဘုရားဖူးတွေအထိတ်တလန့်မဖြစ်ရအောင်တားဆီးမှုပြုရတာလို့ပြောဆိုထားပြီး ဆုဆောင်းပွဲဆက်လက်ပြုလုပ်ခဲ့တာနဲ့ပတ်သက်လို့တော့ "ဒီကိစ္စအထက်ကိုတင်ပြသွားမှာပါ" လို့ တိုင်းသာသနာရေးဦးစီးမှူးဦးကျော်လှိုင်ကပြောပါတယ်။

ဆုတောင်းပွဲမှာ မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ၊ ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်ပါစေ၊ ဗုဒ္ဓသာသနာတော် အန္တရာယ်ကင်းပါစေ၊ ဗုဒ္ဓသာသနာတော်နဲ့သံဃာတော်များ ဖိနှိပ်ချုပ်ချယ်ခံရခြင်းမှ ကင်းဝေးကြပါစေ စတဲ့ဆုတောင်းစကားတွေရွတ်ဆိုခဲ့ကြတာပါ။

KT                                                                        
မန္တလေး ဇွန် ၁၅

(  Zawgyi  )

ျမန္မာႏိုင္ငံမွာ ဗုဒၶသာသနာေတာ္ဖိႏွိပ္ခံေနရလို႔ဆိုၿပီး ရဟန္းသီလရွင္နဲ႔ လူပုဂၢိဳလ္ စုစုေပါင္း အင္အား ငါးဆယ္ေက်ာ္ဟာ ဒီေန႔မြန္းလြဲပိုင္းက မႏၲေလးမဟာမုနိဘုရားႀကီးမွာ စုေပါင္းဆုေတာင္းပြဲ တစ္ရပ္ လာေရာက္ျပဳ လုပ္ခဲ့ၾကပါတယ္။

အဖိႏွိပ္ခံသာသနာနဲ႔ အဖိႏွိပ္ခံျပည္သူေတြ အတြက္ဆိုၿပီး ဆုေတာင္းပြဲ တစ္ရပ္ျပဳလုပ္ ခဲ့ၾကတာ လည္းျဖစ္ၿပီး မူလက ဆရာေတာ္ဦးဝီရသူအတြက္ဆုေတာင္းပြဲျပဳလုပ္တာလို႔ သတင္းထြက္ခဲ့ေပ မယ့္ လည္း ဆရာေတာ္ဦးဝိရသူကိစၥနဲ႔မပတ္သက္ဘူး ဗုဒၶသာသနာဖိႏွိပ္ခံေနရလို႔ လာေရာက္ဆုေတာင္းပြဲ လုပ္ၾကတာပါ လို႔ဆုေတာင္းပြဲမွာေရွ႕ကထြက္ခဲ့တဲ့ဆရာေတာ္အရွင္ဣႏၵဝီရ(လွည္းကူး)ကမိန႔္ပါတယ္။

အင္အားငါးဆယ္ထက္မနည္းရွိတဲ့ဒီအဖြဲ႕ဟာ ဘုရားႀကီးဝင္းအတြင္း တိုင္းသာသနာေရးအဖြဲ႕ပါဝင္တဲ့ တာဝန္ရွိသူေတြရဲ႕တားဆီးမႈခံခဲ့ရေပမယ့္ ဆုေတာင္းပြဲကိုေတာ့ ဆက္လက္ျပဳလုပ္ခဲ့ၾကပါတယ္။ဒီအဖြဲ႕ကို ဆရာေတာ္သုံးေလးပါးခန႔္က ဦးေဆာင္လာတာပဲျဖစ္ၿပီး ဆရာေတာ္ေတြဘက္ကေတာ့ ဦးေဆာင္သူမရွိဘူးလို႔မိန႔္ၾကပါတယ္။

တာဝန္ရွိသူေတြဘက္ကေတာ့ဘုရားေပၚမွာလူစုလူေဝးနဲ႔ဘုရားဖူးေတြအထိတ္တလန႔္မျဖစ္ရေအာင္တားဆီးမႈျပဳရတာလို႔ေျပာဆိုထားၿပီး ဆုေဆာင္းပြဲဆက္လက္ျပဳလုပ္ခဲ့တာနဲ႔ပတ္သက္လို႔ေတာ့ "ဒီကိစၥအထက္ကိုတင္ျပသြားမွာပါ" လို႔ တိုင္းသာသနာေရးဦးစီးမႉးဦးေက်ာ္လႈိင္ကေျပာပါတယ္။
ဆုေတာင္းပြဲမွာ ျမန္မာျပည္ႀကီးၿငိမ္းခ်မ္းပါေစ၊ ဗုဒၶသာသနာေတာ္ႀကီး အဓြန႔္ရွည္ပါေစ၊ ဗုဒၶသာသနာေတာ္ အႏၲရာယ္ကင္းပါေစ၊ ဗုဒၶသာသနာေတာ္နဲ႔သံဃာေတာ္မ်ား ဖိႏွိပ္ခ်ဳပ္ခ်ယ္ခံရျခင္းမွ ကင္းေဝးၾကပါေစ စတဲ့ဆုေတာင္းစကားေတြ႐ြတ္ဆိုခဲ့ၾကတာပါ။

KT                                                                        
မႏၲေလး ဇြန္ ၁၅