ဘားအံတွင်အရက်ကြောင်နေသည့် သားက လေဖြတ်နေသည့်မိခင်ကို ပေါက်တူးဖြင့်ခုတ်သတ်

ဘားအံတွင်အရက်ကြောင်နေသည့် သားက လေဖြတ်နေသည့်မိခင်ကို  ပေါက်တူးဖြင့်ခုတ်သတ်

ကရင်ပြည်နယ်၊ဘားအံမြို့ တွင် ယနေ့ ဇွန်လ ၂၂ ရက် နံနက်ပိုင်းက အရက်ကြောင်နေသည့် သားက လေဖြတ်နေသည့်မိခင်အား ပေါက်တူးဖြင့်ခုတ်သတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ ၂၂ ရက် နံနက် ၂ နာရီအချိန်ခန့်တွင် ဘားအံမြို့၊အမှတ်(၁) ရပ်ကွက် လှာကမြင် လမ်းနေအသက် ၆၀ ကျော် အရွယ်  ဒေါ်သန်းမြင့် အား အရက်ကြောင်နေသည့်သားဖြစ်သူ ခင်မောင်လွင်(၄၂)နှစ်က ပေါက်တူးဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်ပါတယ်။

ဘားအံခရိုင်ရဲတပ်ဖွဲ့ မှ အရာရှိတစ်ဦးက" အရက်ကြောင်လို့ဖြစ်တာပါ။ပေါက်တူးနဲ့ လေဖြတ်နေတဲ့ သူ့အမေကိုခုတ်သတ်လိုက်တာ" လို့ဆိုပါတယ်။ သေဆုံးသူ ဒေါ်သန်းမြင့်တွင်ခေါင်းပြတ်၊ ပါး၊ မေးစေ့ပြတ်ရှဒဏ်ရာများ၊ မေးရိုးကျိုးကျေဒဏ် ရာများ ရရှိကာအခင်းဖြစ်နေရာတွင်သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူ ခင်မောင်လွင်အား ဘားအံ မြို့မရဲစခန်းတွင် (ပ)၈၆၈/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ ၃၀၂၊လူသတ်မှုဖြင့်အမှုဖွင့်ဖမ်းဆီးထားတယ်လို့သိရှိရပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ဘားအံ၊ ဇွန် ၂၂
ဓာတ်ပုံ-Marga Society (Hpa-an)

(  Zawgyi  )

 ကရင္ျပည္နယ္၊ဘားအံၿမိဳ႕ တြင္ ယေန႔ ဇြန္လ ၂၂ ရက္ နံနက္ပိုင္းက အရက္ေၾကာင္ေနသည့္ သားက ေလျဖတ္ေနသည့္မိခင္အား ေပါက္တူးျဖင့္ခုတ္သတ္မႈျဖစ္ပြားခဲ့တယ္လို႔ သိရွိရပါတယ္။

ျဖစ္စဥ္မွာ ဇြန္လ ၂၂ ရက္ နံနက္ ၂ နာရီအခ်ိန္ခန႔္တြင္ ဘားအံၿမိဳ႕၊အမွတ္(၁) ရပ္ကြက္ လွာကျမင္ လမ္းေနအသက္ ၆၀ ေက်ာ္ အ႐ြယ္  ေဒၚသန္းျမင့္ အား အရက္ေၾကာင္ေနသည့္သားျဖစ္သူ ခင္ေမာင္လြင္(၄၂)ႏွစ္က ေပါက္တူးျဖင့္ခုတ္သတ္ခဲ့ျခင္းျဖစ္ပါတယ္။

ဘားအံခ႐ိုင္ရဲတပ္ဖြဲ႕ မွ အရာရွိတစ္ဦးက" အရက္ေၾကာင္လို႔ျဖစ္တာပါ။ေပါက္တူးနဲ႔ ေလျဖတ္ေနတဲ့ သူ႔အေမကိုခုတ္သတ္လိုက္တာ" လို႔ဆိုပါတယ္။ ေသဆုံးသူ ေဒၚသန္းျမင့္တြင္ေခါင္းျပတ္၊ ပါး၊ ေမးေစ့ျပတ္ရွဒဏ္ရာမ်ား၊ ေမး႐ိုးက်ိဳးေက်ဒဏ္ ရာမ်ား ရရွိကာအခင္းျဖစ္ေနရာတြင္ေသဆုံးခဲ့ျခင္းျဖစ္ပါတယ္။

ျပစ္မႈက်ဴးလြန္သူ ခင္ေမာင္လြင္အား ဘားအံ ၿမိဳ႕မရဲစခန္းတြင္ (ပ)၈၆၈/၂၀၁၉၊ရာဇသတ္ႀကီးပုဒ္မ ၃၀၂၊လူသတ္မႈျဖင့္အမႈဖြင့္ဖမ္းဆီးထားတယ္လို႔သိရွိရပါတယ္။

မင္းထြန္း(အုတ္က်င္း)
ဘားအံ၊ ဇြန္ ၂၂
ဓာတ္ပုံ-Marga Society (Hpa-an)