မတူညီသောစွန့်ပစ်ပစ္စည်းများဖြင့် ပြန်လည်အသုံးချနိုင်ရန် စီမံချက်ချကာဖန်တီးမည်

မတူညီသောစွန့်ပစ်ပစ္စည်းများဖြင့် ပြန်လည်အသုံးချနိုင်ရန် စီမံချက်ချကာဖန်တီးမည်

မတူညီတဲ့ စွန့်ပစ်ပစ္စည်းတွေကိုအသုံးပြုပြီးတော့ ပြန်လည်အသုံးချနိုင်မယ့်ပစ္စည်းတွေကို စီမံချက်တွေ ရေးဆွဲဖန်တီးကာ စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုကိုလုပ်ဆောင်သွားဖို့ရှိတယ်လို့ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၅ လမ်းနဲ့ မဟာဗန္ဓုလပန်းခြံလမ်းကြားက နောက်ဖေး လမ်းကြားဥယျာဉ်မှာ ယနေ့(ဇွန်လ ၅ရက်)တွင်ပြုလုပ်တဲ့ “အမှိုက်ကနေရွှေ”လို့နာမည်ရတဲ့ ပြပွဲမှ သိရပါတယ်။

“ရန်ကုန်မြို့ရဲ့ စွန့်ပစ်အမှိုက်စီမံမှုစနစ်ကျစေဖို့ အစိုးရနဲ့ပြည်သူတွေဟာ စနစ်တကျပူးပေါင်းဆောင်ရွက် ရပါမယ်၊ အခုလိုဆောင်ရွက်တာတွေဟာ ကျန်းမာရေးအပိုင်းရော၊ လူနေထိုင်မှုအပိုင်းတွေပါ တိုးတက်လာဖို့ အထောက်အကူပြုလာစေနိုင်မှာ ဖြစ်ပါတယ်”လို့ ကျောက်တံတားမဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။

ယခုအစီအစဉ်နဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ မေလထဲမှာ သုတေသနစစ်တမ်းတွေကောက်ယူကာ လက်ရှိဖြစ်ပေါ် နေတဲ့ စွန့်ပစ်အမှိုက်တွေအတွက် ဆောင်ရွက်မှုပုံစံတွေကို လေ့လာခဲ့ကြပြီး ယင်းပတ်ဝန်းကျင်မှာ နေထိုင်သူ ၃၀၀ ဦးကိုလည်း အသိပညာဖြန့်ဝေသွားဖို့ရှိတယ်လို့ သိရပါတယ်။ ယနေ့ပြုလုပ်တဲ့ အဆိုပါအခမ်းအနားကို ဒို့အိမ်အဖွဲ့၊ ကျောက်တံတား၊ ပန်းဘဲတန်းမြို့နယ် နှစ်ခုတို့မှနေထိုင်သူတွေ၊ Building Markets တို့ ပူးပေါင်း ကျင်းပတာဖြစ်သလို စွန့်ပစ်အမှိုက်ကိုပြန်လည်အသုံးချလုပ်ဆောင်တဲ့နည်းပညာများဖြန့်ဝေသော ရွေ့လျားပြခန်းတွေကိုလည်း စီစဉ်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဇွန် ၅

(   Zawgyi   )

 မတူညီတဲ့ စြန႔္ပစ္ပစၥည္းေတြကိုအသုံးျပဳၿပီးေတာ့ ျပန္လည္အသုံးခ်ႏိုင္မယ့္ပစၥည္းေတြကို စီမံခ်က္ေတြ ေရးဆြဲဖန္တီးကာ စြန႔္ပစ္အမႈိက္ စီမံခန႔္ခြဲမႈကိုလုပ္ေဆာင္သြားဖို႔ရွိတယ္လို႔ ရန္ကုန္ၿမိဳ႕၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ၃၅ လမ္းနဲ႔ မဟာဗႏၶဳလပန္းၿခံလမ္းၾကားက ေနာက္ေဖး လမ္းၾကားဥယ်ာဥ္မွာ ယေန႔(ဇြန္လ ၅ရက္)တြင္ျပဳလုပ္တဲ့ “အမႈိက္ကေနေ႐ႊ”လို႔နာမည္ရတဲ့ ျပပြဲမွ သိရပါတယ္။

“ရန္ကုန္ၿမိဳ႕ရဲ႕ စြန႔္ပစ္အမႈိက္စီမံမႈစနစ္က်ေစဖို႔ အစိုးရနဲ႔ျပည္သူေတြဟာ စနစ္တက်ပူးေပါင္းေဆာင္႐ြက္ ရပါမယ္၊ အခုလိုေဆာင္႐ြက္တာေတြဟာ က်န္းမာေရးအပိုင္းေရာ၊ လူေနထိုင္မႈအပိုင္းေတြပါ တိုးတက္လာဖို႔ အေထာက္အကူျပဳလာေစႏိုင္မွာ ျဖစ္ပါတယ္”လို႔ ေက်ာက္တံတားမဲဆႏၵနယ္မွ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚၾကည္ျပာက ေျပာပါတယ္။

ယခုအစီအစဥ္နဲ႔ပတ္သက္ၿပီး လြန္ခဲ့တဲ့ ေမလထဲမွာ သုေတသနစစ္တမ္းေတြေကာက္ယူကာ လက္ရွိျဖစ္ေပၚ ေနတဲ့ စြန႔္ပစ္အမႈိက္ေတြအတြက္ ေဆာင္႐ြက္မႈပုံစံေတြကို ေလ့လာခဲ့ၾကၿပီး ယင္းပတ္ဝန္းက်င္မွာ ေနထိုင္သူ ၃၀၀ ဦးကိုလည္း အသိပညာျဖန႔္ေဝသြားဖို႔ရွိတယ္လို႔ သိရပါတယ္။ ယေန႔ျပဳလုပ္တဲ့ အဆိုပါအခမ္းအနားကို ဒို႔အိမ္အဖြဲ႕၊ ေက်ာက္တံတား၊ ပန္းဘဲတန္းၿမိဳ႕နယ္ ႏွစ္ခုတို႔မွေနထိုင္သူေတြ၊ Building Markets တို႔ ပူးေပါင္း က်င္းပတာျဖစ္သလို စြန႔္ပစ္အမႈိက္ကိုျပန္လည္အသုံးခ်လုပ္ေဆာင္တဲ့နည္းပညာမ်ားျဖန႔္ေဝေသာ ေ႐ြ႕လ်ားျပခန္းေတြကိုလည္း စီစဥ္လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဇြန္ ၅