မန္တလေးမြို့တွင် သြင်္ကန်ပွဲတော်ကာလ ယာဉ်မတော်တဆမှုနှင့်ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူ ၈ ဦးသေဆုံးခဲ့

မန္တလေးမြို့တွင် သြင်္ကန်ပွဲတော်ကာလ ယာဉ်မတော်တဆမှုနှင့်ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူ ၈ ဦးသေဆုံးခဲ့

မန္တလေးမြို့မှာ သြင်္ကန်ကာလအတွင်း ယာဉ်မတော်တဆမှုနဲ့ရန်ဖြစ်မှုတွေကြောင့် လူ ၈ ဦးသေဆုံးခဲ့တယ်လို့ မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာနဆီ ကသိရပါတယ်။

သေဆုံးက ယောက်ျားလေး ၈ ယောက်၊ မိန်းကလေး ၁ ယောက်ပါ၊ မိန်းကလေးက ကျုံးထဲကိုခုန်ချလို့ရေနစ်ပြီးတော့သေတာပါ၊ ယောက်ျားလေး ၆ ယောက်က ယာဉ်တိုက်မှုဖြစ် တာပါ၊ နောက်နှစ်ယောက်ကတော့ ရန်ဖြစ်ပြီးသေဆုံးတာပါ လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးမင်းလွင်က ပြောပါတယ်။

ဒါဟာ သြင်္ကန်အကြိုနေ့(ဧပြီ ၁၃ ရက်)မနက် ၈ နာရီ မှ နှစ်ဆန်းတစ်ရက်နေ့မနက် ၈ နာရီအထိ ဆေးရုံရောက်ရှိလာတဲ့သေဆုံး လူနာတွေ ပဲဖြစ်ပြီး ဒီသေဆုံးလူနာတွေဟာ အခင်း ဖြစ်နေရာမှာပဲသေဆုံးပြီးမှရောက်ရှိလာတာတွေချည်းဖြစ်တယ်လို့သိရပါတယ်။သေတဲ့လူတွေ မှန်သမျှကတော့ အဲဒီနေရာမှာပဲသေဆုံးပြီးမှရောက်လာကြတာပါ၊ ယာဉ်မတော်တဆမှုနဲ့ရန်ဖြစ်မှုတွေကြောင့်သေဆုံးကြတာပါ လို့လည်း ၎င်းကပြောပါတယ်။

ယာဉ်မတော်တဆမှုကြောင့်သေဆုံးမှုတွေမှာလည်း အများဆုံးက မော်တော်ဆိုင်ကယ်အက်စီးဒင့်ကြောင့်ဖြစ်တယ်လို့လည်းသိရပါတယ်။မော်တော်ယာဉ်အက်စီးဒင့်ထက် မော်တော်ဆိုင်ကယ်အက်စီးဒင့်ကများတယ်၊ မော်တော်ဆိုင်ကယ်ကြောင့်ဒဏ်ရာရသူကအများဆုံးဖြစ်တယ်၊ ဒါတွေကို အတွင်းလူနာနဲ့ပြင်ပလူနာ ဆိုပြီး ကျွန်တော်တို့က ဂရုတစိုက်နဲ့ကုသပေးပါတယ်  လို့ ဦးမင်းလွင်ကပြောပါတယ်။

မန္တလေးမြို့မှာ သြင်္ကန်ပွဲတော် ၄ ရက်တာကာလအတွင်း ယောက်ျားလေး ၈ ဦး၊ မိန်းကလေး ၁ ဦးသေဆုံးခဲ့ပြီး အတွင်းလူနာ ၁၉၆ ဦး၊ ပြင်ပလူနာ ၅၅၆ ဦး၊ စုစုပေါင်း ၇၅၂ ဦး ဆေးကုသမှုပေးခဲ့တယ်လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဆေးလူမှုဆက်ဆံရေး ဌာန မှတ်တမ်းအရသိရပါတယ်။

KT
မန္တလေး၊ ဧပြီ ၁၈ 

(   Zawgyi   )

 မႏၲေလးၿမိဳ႕မွာ ၾသကၤန္ကာလအတြင္း ယာဥ္မေတာ္တဆမႈနဲ႔ရန္ျဖစ္မႈေတြေၾကာင့္ လူ ၈ ဦးေသဆုံးခဲ့တယ္လို႔ မႏၲေလးအေထြေထြေရာဂါ ကုေဆး႐ုံႀကီး ေဆးလူမႈဆက္ဆံေရးဌာနဆီ ကသိရပါတယ္။

ေသဆုံးက ေယာက္်ားေလး ၈ ေယာက္၊ မိန္းကေလး ၁ ေယာက္ပါ၊ မိန္းကေလးက က်ဳံးထဲကိုခုန္ခ်လို႔ေရနစ္ၿပီးေတာ့ေသတာပါ၊ ေယာက္်ားေလး ၆ ေယာက္က ယာဥ္တိုက္မႈျဖစ္ တာပါ၊ ေနာက္ႏွစ္ေယာက္ကေတာ့ ရန္ျဖစ္ၿပီးေသဆုံးတာပါ လို႔ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီး ေဆးလူမႈဆက္ဆံေရးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉးဦးမင္းလြင္က ေျပာပါတယ္။

ဒါဟာ ၾသကၤန္အႀကိဳေန႔(ဧၿပီ ၁၃ ရက္)မနက္ ၈ နာရီ မွ ႏွစ္ဆန္းတစ္ရက္ေန႔မနက္ ၈ နာရီအထိ ေဆး႐ုံေရာက္ရွိလာတဲ့ေသဆုံး လူနာေတြ ပဲျဖစ္ၿပီး ဒီေသဆုံးလူနာေတြဟာ အခင္း ျဖစ္ေနရာမွာပဲေသဆုံးၿပီးမွေရာက္ရွိလာတာေတြခ်ည္းျဖစ္တယ္လို႔သိရပါတယ္။ေသတဲ့လူေတြ မွန္သမွ်ကေတာ့ အဲဒီေနရာမွာပဲေသဆုံးၿပီးမွေရာက္လာၾကတာပါ၊ ယာဥ္မေတာ္တဆမႈနဲ႔ရန္ျဖစ္မႈေတြေၾကာင့္ေသဆုံးၾကတာပါ လို႔လည္း ၎ကေျပာပါတယ္။

ယာဥ္မေတာ္တဆမႈေၾကာင့္ေသဆုံးမႈေတြမွာလည္း အမ်ားဆုံးက ေမာ္ေတာ္ဆိုင္ကယ္အက္စီးဒင့္ေၾကာင့္ျဖစ္တယ္လို႔လည္းသိရပါတယ္။ေမာ္ေတာ္ယာဥ္အက္စီးဒင့္ထက္ ေမာ္ေတာ္ဆိုင္ကယ္အက္စီးဒင့္ကမ်ားတယ္၊ ေမာ္ေတာ္ဆိုင္ကယ္ေၾကာင့္ဒဏ္ရာရသူကအမ်ားဆုံးျဖစ္တယ္၊ ဒါေတြကို အတြင္းလူနာနဲ႔ျပင္ပလူနာ ဆိုၿပီး ကြၽန္ေတာ္တို႔က ဂ႐ုတစိုက္နဲ႔ကုသေပးပါတယ္  လို႔ ဦးမင္းလြင္ကေျပာပါတယ္။

မႏၲေလးၿမိဳ႕မွာ ၾသကၤန္ပြဲေတာ္ ၄ ရက္တာကာလအတြင္း ေယာက္်ားေလး ၈ ဦး၊ မိန္းကေလး ၁ ဦးေသဆုံးခဲ့ၿပီး အတြင္းလူနာ ၁၉၆ ဦး၊ ျပင္ပလူနာ ၅၅၆ ဦး၊ စုစုေပါင္း ၇၅၂ ဦး ေဆးကုသမႈေပးခဲ့တယ္လို႔ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီး ေဆးလူမႈဆက္ဆံေရး ဌာန မွတ္တမ္းအရသိရပါတယ္။

KT
မႏၲေလး၊ ဧၿပီ ၁၈