မန္တလေး ၆၆ လမ်းပလက်ဖောင်း သြင်္ကန်အကြိုနေ့ဖွင့်မည်

မန္တလေး ၆၆ လမ်းပလက်ဖောင်း သြင်္ကန်အကြိုနေ့ဖွင့်မည်

မန္တလေးနန်းရှေ့ ၆၆ လမ်းကျုံးဘေး ပလက်ဖောင်းနဲ့ လူထုအပန်းဖြေစရာနေရာကို မနက်ဖြန်မှာပဲဖွင့်လှစ်သွားမှာဖြစ်တယ်လို့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကဆိုပါတယ်။

ကျုံးဘေးလမ်းလျှောက်အပန်းဖြေကြသူတွေအတွက် ကြည့်ရှုအပန်းဖြေစရာ လုံခြုံစိတ်ချရတဲ့နေရာတစ်ခုအဖြစ်အကြီးစားပြုပြင်မွမ်းမံခဲ့တဲ့ ဒီကျုံးဘေးပလက်ဖောင်းနဲ့ လူထုအပန်းဖြေစရာနေရာကို အလှူရှင် သင်္ဂဟဖောင်ဒေးရှင်းကလှူဒါန်းတာဖြစ်ပြီး မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီရဲ့လမ်းညွှန်မှုနဲ့ပြုလုပ်ခဲ့ကြတာပါ။

အခုအခါမှာ ပြင်ဆင်မှုပြီးသွားပြီဖြစ်လို့ မနက်ဖြန်ဧပြီလ ၁၃ ရက်နေ့ သြင်္ကန်အကြိုနေ့မနက် ၆ နာရီမှာ ဖွင့်ပွဲအခမ်းအနားနဲ့ဖွင့်လှစ်ပေးသွားမှာပါ။ဒါနဲ့ပတ်သက်လို့လည်း မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က"၆၆ လမ်းပလက်ဖောင်း သြင်္ကန်အကြိုနေ့ဖွင့်ပါမယ်၊ သြင်္ကန်ရက်အတွင်း အပျက်အဆီး အနည်းဆုံးဖြစ်အောင်ကြိုးစားထားပါတယ်၊လုံခြုံရေးကို အရပ်ဝတ်နဲ့ပါ အပြည့်အဝတာဝန်ချထားမှာပါ၊ cctv တွေလည်း ပလက်ဖောင်းရော လမ်းလယ်မီးတိုင်မှာပါတပ်ဆင်ထားပြီးControl room ကနေ ၂၄နာရီ စောင့်ကြည့်မှာပါ" လို့ ဆိုထားပါတယ်။

KT
မန္တလေး၊ ဧပြီ ၁၂ 

(  Zawgyi  )

 မန္တလေးနန်းရှေ့ ၆၆ လမ်းကျုံးဘေး ပလက်ဖောင်းနဲ့ လူထုအပန်းဖြေစရာနေရာကို မနက်ဖြန်မှာပဲဖွင့်လှစ်သွားမှာဖြစ်တယ်လို့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကဆိုပါတယ်။

ကျုံးဘေးလမ်းလျှောက်အပန်းဖြေကြသူတွေအတွက် ကြည့်ရှုအပန်းဖြေစရာ လုံခြုံစိတ်ချရတဲ့နေရာတစ်ခုအဖြစ်အကြီးစားပြုပြင်မွမ်းမံခဲ့တဲ့ ဒီကျုံးဘေးပလက်ဖောင်းနဲ့ လူထုအပန်းဖြေစရာနေရာကို အလှူရှင် သင်္ဂဟဖောင်ဒေးရှင်းကလှူဒါန်းတာဖြစ်ပြီး မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီရဲ့လမ်းညွှန်မှုနဲ့ပြုလုပ်ခဲ့ကြတာပါ။

အခုအခါမှာ ပြင်ဆင်မှုပြီးသွားပြီဖြစ်လို့ မနက်ဖြန်ဧပြီလ ၁၃ ရက်နေ့ သြင်္ကန်အကြိုနေ့မနက် ၆ နာရီမှာ ဖွင့်ပွဲအခမ်းအနားနဲ့ဖွင့်လှစ်ပေးသွားမှာပါ။
ဒါနဲ့ပတ်သက်လို့လည်း မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က"၆၆ လမ်းပလက်ဖောင်း သြင်္ကန်အကြိုနေ့ဖွင့်ပါမယ်၊ သြင်္ကန်ရက်အတွင်း အပျက်အဆီး အနည်းဆုံးဖြစ်အောင်ကြိုးစားထားပါတယ်၊လုံခြုံရေးကို အရပ်ဝတ်နဲ့ပါ အပြည့်အဝတာဝန်ချထားမှာပါ၊ cctv တွေလည်း ပလက်ဖောင်းရော လမ်းလယ်မီးတိုင်မှာပါတပ်ဆင်ထားပြီးControl room ကနေ ၂၄နာရီ စောင့်ကြည့်မှာပါ" လို့ ဆိုထားပါတယ်။

KT
မန္တလေး၊ ဧပြီ ၁၂