မန်းတက္ကသိုလ်ဝင်းအတွင်းဖြတ်ပြီး လမ်းဖောက်လုပ်မည့်အစီအစဉ်မရှိကြောင်း မန်းစည်ပင်တာဝန်ရှိသူများ ပြောကြား

မန်းတက္ကသိုလ်ဝင်းအတွင်းဖြတ်ပြီး လမ်းဖောက်လုပ်မည့်အစီအစဉ်မရှိကြောင်း မန်းစည်ပင်တာဝန်ရှိသူများ ပြောကြား

မန္တလေးမြို့လူထုမျှော်လင့်နေတဲ့ မန္တလေးတက္ကသိုလ်ဝင်းထဲကနေဖြတ်ပြီး သိပ္ပံလမ်းဘက်ထွက်လို့ရမယ့်ယာဉ်သွားလမ်းဖောက်လုပ်ဖို့အစီအစဉ် မရှိဘူးလို့ မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီဆီကသိရပါတယ်။ “ကျွန်တော်တို့လည်းဒီနေ့ပဲသိရတာပါ၊ မန္တလေးတက္ကသိုလ် ကိုဖြတ်ပြီး လမ်းဖောက်မယ်ဆိုတာ မဟုတ်ပါဘူး၊ အခုက ၃၈ လမ်းပေါက်သွားပြီဆိုတော့ ယာဉ်ကြော ကြပ်မှုလျော့သွားပြီဆိုတော့ ဒီအစီအစဉ် မရှိ လာနိုင်တော့ပါဘူး” လို့ မန္တလေးမြို့တော်စည်ပင်သာယာကော်မတီဝင်တစ်ဦးကပြောပါတယ်။

ယာဉ်ကြောကြပ်မှုနေ့စဉ်ကြုံတွေ့နေရတဲ့အတွက် မြို့လူထုမျှော်လင့်နေတဲ့ မန္တလေးတက္ကသိုလ်ဝင်း ထဲကနေ ဖြတ်ပြီး သိပ္ပံလမ်းဘက်ထွက်နိုင် မယ့်ယာဉ်သွား လမ်းဖောက်လုပ်ဖို့ကိစ္စဟာ တကယ်တော့မရှိခဲ့ဘူးလို့လည်း ကော်မတီဝင်ဦးကျော်ဆန်းမြင့်ကပြောပါတယ်။ မန္တလေး တက္ကသိုလ် ကိုဖြတ်ပြီးလမ်းတွေဖောက်မယ်ဆိုပြီး မမှန်သတင်းဖြန့်နေတာတွေရှိတယ်၊ ကော်မတီအနေနဲ့ ကတော့တက္ကသိုလ်ကိုဖြတ်ပြီး လမ်းဖောက်ဖို့ အတွက် အစီအစဉ်မရှိပါဘူး လို့ ၎င်းကဆိုပါတယ်။

 ပြီးခဲ့တဲ့လကမှဖွင့်လှစ်ပေးလိုက်တဲ့ ၃၈ လမ်း( ၇၈ လမ်းမှ ၇၃ လမ်းအထိ)လမ်းပိုင်းပွင့်သွားတာကြောင့်လည်း ယာဉ်ကြောကြပ်မှုတွေဟာ အရင်ကထက်လျော့ ကျသွားတယ်လို့သိရပြီး လတ်တလောယာဉ်ကြောကြပ်မှုတစ်ချို့က လမ်းတွေအဆင့်မြှင့်တင်နေတာကြောင့် ယာယီလမ်းပိတ်ဆို့မှုတွေဖြစ်နေတာပါ။

“၃၈ လမ်းဖောက်တဲ့ရည်ရွယ်ချက်ကိုက သွားရလာရတာအဆင်ပြေချောမွေ့စေဖို့ပါ ကျွန်တော်တို့တကယ့်အဓိကကျတဲ့လမ်းပိုင်းတွေကို အကောင်းဆုံးဖြစ် အောင်လုပ်သွားဖို့အစီအစဉ်ရှိပါတယ်” လို့လည်း ၎င်းကပြောပါတယ်။ မန္တလေးမြို့မှာက မြို့ရဲ့အရှေ့နဲ့အနောက်သွားလာ လို့ရတဲ့အဓိကလမ်းမကြီးတွေနည်းပါးနေသေးပြီး ဒါကြောင့်မို့လို့လည်း မနက်ပိုင်းနဲ့ညနေပိုင်းတို့မှာ ယာဉ် ကြောကြပ်မှုတွေဖြစ်ပေါ်လျက်ရှိပြီး အခုမြို့လူထုမျှော်လင့်နေတဲ့ မန္တလေးတက္ကသိုလ်ဝင်းထဲကနေဖြတ်ပြီး သိပ္ပံလမ်းဘက်ထွက်လို့ရမယ်ဆိုရင် ယာဉ်ကြော ကြပ်မှုတွေ ဒီထက်လျော့နည်းသွားနိုင်မယ်လို့ မြို့လူထုကပြောနေကြတာပါ။

KT
မန္တလေး၊ ဇူလိုင် ၉

(  Zawgyi  )
 

 မႏၲေလးၿမိဳ႕လူထုေမွ်ာ္လင့္ေနတဲ့ မႏၲေလးတကၠသိုလ္ဝင္းထဲကေနျဖတ္ၿပီး သိပၸံလမ္းဘက္ထြက္လို႔ရမယ့္ယာဥ္သြားလမ္းေဖာက္လုပ္ဖို႔အစီအစဥ္ မရွိဘူးလို႔ မႏၲေလးၿမိဳ႕ ေတာ္စည္ပင္သာယာေရးေကာ္မတီဆီကသိရပါတယ္။ “ကြၽန္ေတာ္တို႔လည္းဒီေန႔ပဲသိရတာပါ၊ မႏၲေလးတကၠသိုလ္ ကိုျဖတ္ၿပီး လမ္းေဖာက္မယ္ဆိုတာ မဟုတ္ပါဘူး၊ အခုက ၃၈ လမ္းေပါက္သြားၿပီဆိုေတာ့ ယာဥ္ေၾကာ ၾကပ္မႈေလ်ာ့သြားၿပီဆိုေတာ့ ဒီအစီအစဥ္ မရွိ လာႏိုင္ေတာ့ပါဘူး” လို႔ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေကာ္မတီဝင္တစ္ဦးကေျပာပါတယ္။

ယာဥ္ေၾကာၾကပ္မႈေန႔စဥ္ႀကဳံေတြ႕ေနရတဲ့အတြက္ ၿမိဳ႕လူထုေမွ်ာ္လင့္ေနတဲ့ မႏၲေလးတကၠသိုလ္ဝင္း ထဲကေန ျဖတ္ၿပီး သိပၸံလမ္းဘက္ထြက္ႏိုင္ မယ့္ယာဥ္သြား လမ္းေဖာက္လုပ္ဖို႔ကိစၥဟာ တကယ္ေတာ့မရွိခဲ့ဘူးလို႔လည္း ေကာ္မတီဝင္ဦးေက်ာ္ဆန္းျမင့္ကေျပာပါတယ္။ မႏၲေလး တကၠသိုလ္ ကိုျဖတ္ၿပီးလမ္းေတြေဖာက္မယ္ဆိုၿပီး မမွန္သတင္းျဖန႔္ေနတာေတြရွိတယ္၊ ေကာ္မတီအေနနဲ႔ ကေတာ့တကၠသိုလ္ကိုျဖတ္ၿပီး လမ္းေဖာက္ဖို႔ အတြက္ အစီအစဥ္မရွိပါဘူး လို႔ ၎ကဆိုပါတယ္။

 ၿပီးခဲ့တဲ့လကမွဖြင့္လွစ္ေပးလိုက္တဲ့ ၃၈ လမ္း( ၇၈ လမ္းမွ ၇၃ လမ္းအထိ)လမ္းပိုင္းပြင့္သြားတာေၾကာင့္လည္း ယာဥ္ေၾကာၾကပ္မႈေတြဟာ အရင္ကထက္ေလ်ာ့ က်သြားတယ္လို႔သိရၿပီး လတ္တေလာယာဥ္ေၾကာၾကပ္မႈတစ္ခ်ိဳ႕က လမ္းေတြအဆင့္ျမႇင့္တင္ေနတာေၾကာင့္ ယာယီလမ္းပိတ္ဆို႔မႈေတြျဖစ္ေနတာပါ။

“၃၈ လမ္းေဖာက္တဲ့ရည္႐ြယ္ခ်က္ကိုက သြားရလာရတာအဆင္ေျပေခ်ာေမြ႕ေစဖို႔ပါ ကြၽန္ေတာ္တို႔တကယ့္အဓိကက်တဲ့လမ္းပိုင္းေတြကို အေကာင္းဆုံးျဖစ္ ေအာင္လုပ္သြားဖို႔အစီအစဥ္ရွိပါတယ္” လို႔လည္း ၎ကေျပာပါတယ္။ မႏၲေလးၿမိဳ႕မွာက ၿမိဳ႕ရဲ႕အေရွ႕နဲ႔အေနာက္သြားလာ လို႔ရတဲ့အဓိကလမ္းမႀကီးေတြနည္းပါးေနေသးၿပီး ဒါေၾကာင့္မို႔လို႔လည္း မနက္ပိုင္းနဲ႔ညေနပိုင္းတို႔မွာ ယာဥ္ ေၾကာၾကပ္မႈေတြျဖစ္ေပၚလ်က္ရွိၿပီး အခုၿမိဳ႕လူထုေမွ်ာ္လင့္ေနတဲ့ မႏၲေလးတကၠသိုလ္ဝင္းထဲကေနျဖတ္ၿပီး သိပၸံလမ္းဘက္ထြက္လို႔ရမယ္ဆိုရင္ ယာဥ္ေၾကာ ၾကပ္မႈေတြ ဒီထက္ေလ်ာ့နည္းသြားႏိုင္မယ္လို႔ ၿမိဳ႕လူထုကေျပာေနၾကတာပါ။

KT
မႏၲေလး၊ ဇူလိုင္ ၉