မန်းတိုင်းအစိုးရအဖွဲ့တွင် လဝကဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းမည်

 
မန်းတိုင်းအစိုးရအဖွဲ့တွင် လဝကဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းမည်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှာ လူဝင်မူကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဆိုတဲ့ ဝန်ကြီးဌာနအသစ်တစ်ခု တို့ချဲ့ဖွဲ့စည်းဖို့ ဒီကနေ့ကျင်းပပြုလုပ်တဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ အစီအစဉ် ကနေအတည်ပြုခဲ့ပါတယ်။

"လူဝင်မှုကြီးကြပ်ရေးက ပိုပြီးတော့ နည်းနည်းလေးအရေးကြီးတဲ့အချိန်ရောက်လာပြီလေ မကြာခင်မှာလည်း ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အတွက်သန်းခေါင်စာရင်းကောက်ဖို့လုပ်နေတာတွေရှိပါတယ်၊ နောက်တစ်ခုကတော့ နိုင်ငံသားရပိုင်ခွင့်အပြည့်အဝရဖို့ပါ၊ ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ရှိသူတွေမကျန်ဖို့ပါပဲ" လို့ ဒီဝန်ကြီးဌာနတိုးချဲ့ရတာနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ကပြောပါတယ်။

ဒါဟာ နိုင်ငံတော်သမ္မတကအဆိုပြုလာတဲ့အပေါ် တိုင်းဒေသကြီးလွှတ်တော်က ကန့်ကွက်သူမရှိအတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။"အခြေခံဥပဒေအရ သမ္မတက ဝန်ကြီးဌာနဖွဲ့စည်းဖို့ အတည်ပြုချက်ရယူတာပါ ဝန်ကြီးဌာနတိုးချဲ့တာကို သမ္မတက လုပ်ပိုင်ခွင့်ရှိပါတယ်၊ ဒီဝန်ကြီးဌာနပေါ်လာပြီဆိုရင် ကျွန်တော်တို့က အလုပ်အကိုင်ပါအရင်ကထက်ဖန်တီးပေးနိုင်တော့မှာပါ" လို့လည်း ဝန်ကြီးချုပ်ကပြောပါတယ်။ဒီဝန်ကြီးနေရာအတွက် သင့်တော်တဲ့လွှတ်တော်ကိုယ်စားလှယ်သုံးဦး ဦးစားပေးတင်ပြသွားမှာဖြစ်ပြီး နောက်တစ်ကြိမ် ကျင်းပမယ့် လွှတ်တော် အစည်းအဝေးမှာ ဝန်ကြီးအသစ်ခန့်အပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိအခြေအနေအရ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၇ ခုရှိပြီး အခုတိုးချဲ့ဖွဲ့စည်းမယ့်ဝန်ကြီးဌာနနဲ့ဆိုရင် ၈ ခုရှိ လာတော့ မှာဖြစ်ပါတယ်။    
                                                  
KT
မန္တလေး ၊ ဇွန် ၂၁

(  Zawgyi   )

 မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွာ လူဝင္မူႀကီးၾကပ္ေရးႏွင့္လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာနဆိုတဲ့ ဝန္ႀကီးဌာနအသစ္တစ္ခု တို႔ခ်ဲ႕ဖြဲ႕စည္းဖို႔ ဒီကေန႔က်င္းပျပဳလုပ္တဲ့ မႏၲေလးတိုင္းေဒသႀကီး လႊတ္ေတာ္ (၁၄) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ပထမေန႔ အစီအစဥ္ ကေနအတည္ျပဳခဲ့ပါတယ္။

"လူဝင္မႈႀကီးၾကပ္ေရးက ပိုၿပီးေတာ့ နည္းနည္းေလးအေရးႀကီးတဲ့အခ်ိန္ေရာက္လာၿပီေလ မၾကာခင္မွာလည္း ေ႐ြးေကာက္ပြဲေကာ္မရွင္က ၂၀၂၀ အတြက္သန္းေခါင္စာရင္းေကာက္ဖို႔လုပ္ေနတာေတြရွိပါတယ္၊ ေနာက္တစ္ခုကေတာ့ ႏိုင္ငံသားရပိုင္ခြင့္အျပည့္အဝရဖို႔ပါ၊ ေ႐ြးေကာက္ပြဲေတြမွာ မဲေပးခြင့္ရွိသူေတြမက်န္ဖို႔ပါပဲ" လို႔ ဒီဝန္ႀကီးဌာနတိုးခ်ဲ႕ရတာနဲ႔ပတ္သက္ၿပီး မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္ ကေျပာပါတယ္။

ဒါဟာ ႏိုင္ငံေတာ္သမၼတကအဆိုျပဳလာတဲ့အေပၚ တိုင္းေဒသႀကီးလႊတ္ေတာ္က ကန႔္ကြက္သူမရွိအတည္ျပဳခဲ့တာလည္းျဖစ္ပါတယ္။"အေျခခံဥပေဒအရ သမၼတက ဝန္ႀကီးဌာနဖြဲ႕စည္းဖို႔ အတည္ျပဳခ်က္ရယူတာပါ ဝန္ႀကီးဌာနတိုးခ်ဲ႕တာကို သမၼတက လုပ္ပိုင္ခြင့္ရွိပါတယ္၊ ဒီဝန္ႀကီးဌာနေပၚလာၿပီဆိုရင္ ကြၽန္ေတာ္တို႔က အလုပ္အကိုင္ပါအရင္ကထက္ဖန္တီးေပးႏိုင္ေတာ့မွာပါ" လို႔လည္း ဝန္ႀကီးခ်ဳပ္ကေျပာပါတယ္။ဒီဝန္ႀကီးေနရာအတြက္ သင့္ေတာ္တဲ့လႊတ္ေတာ္ကိုယ္စားလွယ္သုံးဦး ဦးစားေပးတင္ျပသြားမွာျဖစ္ၿပီး ေနာက္တစ္ႀကိမ္ က်င္းပမယ့္ လႊတ္ေတာ္ အစည္းအေဝးမွာ ဝန္ႀကီးအသစ္ခန႔္အပ္သြားမွာျဖစ္တယ္လို႔သိရပါတယ္။

လက္ရွိအေျခအေနအရ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွာ ဝန္ႀကီးဌာန ၇ ခုရွိၿပီး အခုတိုးခ်ဲ႕ဖြဲ႕စည္းမယ့္ဝန္ႀကီးဌာနနဲ႔ဆိုရင္ ၈ ခုရွိ လာေတာ့ မွာျဖစ္ပါတယ္။    
                                                  
KT
မႏၲေလး ၊ ဇြန္ ၂၁