မန်းမြို့မီးပွိုင့်များတွင် အပူဒဏ်သက်သာစေရန် အမိုးများတပ်ဆင်သွားမည်၊

မန်းမြို့မီးပွိုင့်များတွင် အပူဒဏ်သက်သာစေရန် အမိုးများတပ်ဆင်သွားမည်၊

မန္တလေးမြို့ရှိ မီးပွိုင့်များတွင် ယာဉ်အသုံးပြုသူတွေ အပူဒဏ်ပြင်းထန်စွာမခံစားရစေဖို့အတွက် အပူဒဏ်ခံအရိပ်ရအမိုးတွေတပ်ဆင်ပေးသွားဖို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကစီစဉ်နေပါတယ်။

"ရာသီဥတုကတအားပူတော့ ယာဉ်မောင်းတွေ မီးပွိုင့်တွေမှာကြာကြာစောင့်ရရင် မသက်သာလှဘူး၊ ဒီအတွက်ကြောင့် မီးပွိုင့်တွေ ယာဉ်ကြပ်တည်းမှုဖြစ်တတ်တဲ့မီးပွိုင့်တွေမှာ အရိပ်ရအမိုးတွေတပ်ပေးသွားမှာပါ" လို့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကပြောပါတယ်။မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အပူချိန်ပြင်းစွာခံစားရတဲ့အတွက် အခုလိုစီစဉ်ဖြစ်သွားတာလို့သိရပြီး ဒီအတွက်လည်း အလှူရှင်တွေရဲ့ ကူညီမှုတွေရှိနေပါတယ်။

"ပထမဆုံးအလှူရှင်က promote လုပ်တဲ့အတွက် ၇၈လမ်း စစ်ကိုင်းလမ်းခွဲမှာစလုပ်ပြီးသွားပါပြီ၊ နဂိုက တည်းကလုပ်ဖို့အစီအစဉ်ရှိပြီးသားပါ၊ ရာသီဥတုတအားပူလာတာနဲ့ လုပ်ဖို့စဉ်းစားပြီးသားပါ၊ ကြာကြာစောင့်နေရ မယ့်နေရာတွေမှာ လုပ်ပေးသွားဖို့စီစဉ်ထားပါတယ်၊ ယာဉ်ကျပ်တည်းမှုများတဲ့နေရာတွေ မီးပွိုင့်မီးနီစောင့်ဆိုင်းကြာ မယ့်နေရာမျိုးတွေကို ရွေးလုပ်သွားရမှာပါ" လို့လည်း မြို့တော်ဝန်ကပြောပါတယ်။ဒီအစီအစဉ်ကို ဒီနေ့မှာပဲစတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရန်ကုန်မန္တလေးကားလမ်း စစ်ကိုင်းလမ်းခွဲမီးပွိုင့်မှာ တပ်ဆင်ပေးခဲ့တာပါ။

အဆိုပါအရိပ်ရအမိုးတွေကို လမ်းလယ်မီးလင်တိုင်စိုက်တဲ့ပုံစံလိုမျိုး သီးသန့်တိုင်ထောင်ပြီး မိုးပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။အပူချိန်လျော့ ကျသွားရင်တော့ ပြန်ဖြုတ်သိမ်းမယ် နောက်တစ်ခါအပူချိန်မြင့်မားချိန်တွေမှာပြန်သုံးမယ် အဲလိုစီစဉ်ထားပါတယ် လို့ မန္တလေးမြို့တော်ဝန်ကပြောပါတယ်။

KT
မန္တလေး ၊ ဧပြီ ၂၃

(  Zawgyi  )

 မႏၲေလးၿမိဳ႕ရွိ မီးပြိဳင့္မ်ားတြင္ ယာဥ္အသုံးျပဳသူေတြ အပူဒဏ္ျပင္းထန္စြာမခံစားရေစဖို႔အတြက္ အပူဒဏ္ခံအရိပ္ရအမိုးေတြတပ္ဆင္ေပးသြားဖို႔ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကစီစဥ္ေနပါတယ္။

"ရာသီဥတုကတအားပူေတာ့ ယာဥ္ေမာင္းေတြ မီးပြိဳင့္ေတြမွာၾကာၾကာေစာင့္ရရင္ မသက္သာလွဘူး၊ ဒီအတြက္ေၾကာင့္ မီးပြိဳင့္ေတြ ယာဥ္ၾကပ္တည္းမႈျဖစ္တတ္တဲ့မီးပြိဳင့္ေတြမွာ အရိပ္ရအမိုးေတြတပ္ေပးသြားမွာပါ" လို႔ မႏၲေလးၿမိဳ႕ေတာ္ဝန္ေဒါက္တာရဲလြင္ကေျပာပါတယ္။မႏၲေလးၿမိဳ႕မွာ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက အပူခ်ိန္ျပင္းစြာခံစားရတဲ့အတြက္ အခုလိုစီစဥ္ျဖစ္သြားတာလို႔သိရၿပီး ဒီအတြက္လည္း အလႉရွင္ေတြရဲ႕ ကူညီမႈေတြရွိေနပါတယ္။

"ပထမဆုံးအလႉရွင္က promote လုပ္တဲ့အတြက္ ၇၈လမ္း စစ္ကိုင္းလမ္းခြဲမွာစလုပ္ၿပီးသြားပါၿပီ၊ နဂိုက တည္းကလုပ္ဖို႔အစီအစဥ္ရွိၿပီးသားပါ၊ ရာသီဥတုတအားပူလာတာနဲ႔ လုပ္ဖို႔စဥ္းစားၿပီးသားပါ၊ ၾကာၾကာေစာင့္ေနရ မယ့္ေနရာေတြမွာ လုပ္ေပးသြားဖို႔စီစဥ္ထားပါတယ္၊ ယာဥ္က်ပ္တည္းမႈမ်ားတဲ့ေနရာေတြ မီးပြိဳင့္မီးနီေစာင့္ဆိုင္းၾကာ မယ့္ေနရာမ်ိဳးေတြကို ေ႐ြးလုပ္သြားရမွာပါ" လို႔လည္း ၿမိဳ႕ေတာ္ဝန္ကေျပာပါတယ္။ဒီအစီအစဥ္ကို ဒီေန႔မွာပဲစတင္လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ရန္ကုန္မႏၲေလးကားလမ္း စစ္ကိုင္းလမ္းခြဲမီးပြိဳင့္မွာ တပ္ဆင္ေပးခဲ့တာပါ။

အဆိုပါအရိပ္ရအမိုးေတြကို လမ္းလယ္မီးလင္တိုင္စိုက္တဲ့ပုံစံလိုမ်ိဳး သီးသန႔္တိုင္ေထာင္ၿပီး မိုးေပးသြားမွာျဖစ္တယ္လို႔သိရပါတယ္။အပူခ်ိန္ေလ်ာ့ က်သြားရင္ေတာ့ ျပန္ျဖဳတ္သိမ္းမယ္ ေနာက္တစ္ခါအပူခ်ိန္ျမင့္မားခ်ိန္ေတြမွာျပန္သုံးမယ္ အဲလိုစီစဥ္ထားပါတယ္ လို႔ မႏၲေလးၿမိဳ႕ေတာ္ဝန္ကေျပာပါတယ္။

KT
မႏၲေလး ၊ ဧၿပီ ၂၃