မီးမှန်ပါက လျှပ်စစ်ဓာတ်အားခ တိုးမြှင့်သတ်မှတ်သော်လည်း ထိခိုက်မှုမရှိနိုင်ဟုဆို

မီးမှန်ပါက လျှပ်စစ်ဓာတ်အားခ တိုးမြှင့်သတ်မှတ်သော်လည်း ထိခိုက်မှုမရှိနိုင်ဟုဆို

လက်ရှိပေးနေတဲ့ လျှပ်စစ်မီးပေးဝေမှုကို မပြတ်တောက်အောင် ပုံမှန်လုပ်ဆောင်ပါက လာမယ့် ဇူလိုင် ၁ရက်မှာ စတင်ပြင်ဆင် တိုးမြှင့် သတ်မှတ် တော့မယ့် ဓာတ်အားခအတွက် ထိခိုက်မှုသိပ်မရှိနိုင်ကြောင်း ဆီစက်လုပ်ငန်း ရှင်တွေဆီက သိရပါတယ်။

“မလာတာထက်စာရင်တော့ လာပြီးတော့ သင့်တင့်တဲ့နှုန်းထားက ပိုကောင်းမယ်၊ ဒါကယေဘူယျသဘော အနေနဲ့ ဒီလောက်ပဲပြောလို့ရမယ်”လို့ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းသွင်က ပြောကြားပါတယ်။ လက်ရှိကာလမှာ လျှပ်စစ်မီးမမှန် တာမျိုးကြုံခဲ့ရတဲ့အတွက် ဒီဇယ်ဆီနဲ့ လည်ပတ်လုပ်ကိုင်ရတာကြောင့် ကုန်ကျစရိတ်အနေနဲ့ မြင့်မားတဲ့အခြေအနေမျိုးဖြစ်လာခဲ့ရတယ်လို့ သိရပါတယ်။ “မီးလုံးဝမလာတဲ့အခါကျတော့ ဒီဇယ်နဲ့လည်ရတာဆိုတော့ စရိတ်စက အရမ်းတက်တယ်၊ ဖြစ်နိုင်ရင်တော့ မတက်တာတော့ အကောင်းဆုံးပေါ့လေ၊ မဖြစ်လို့ တက်မယ်ဆိုရင်တော့ သင့်တင့်တဲ့ နှုန်းထားလေးဆိုရင်တော့ မဆိုးဘူးဗျ၊ အဓိက ကတော့ မှန်ဖို့ပေ့ါနော်၊ တက်လည်း တက်ပြီးတော့ မမှန်ရင်တော့ ပိုဆိုးတာပေါ့လေ၊ တက်ရင်လည်း သင့်တင့်လျှောက်ပတ်တဲ့ နှုန်းလောက် တက်ရင်တော့ အဆင်ပြေ တာပေါ့၊ အားလုံး Economy ဖြစ်မှ ဖြစ်မှာကိုး ဟုတ်တယ်မဟုတ်လား”လို့လည်း သူက ဆက်ပြောပြပါတယ်။

ယခုတိုးမြှင့်သတ်မှတ်မယ့် လျှပ်စစ်ဓာတ်အားခနှုန်းထားဟာ သင့်တင့်တဲ့နှုန်းထားမျိုးဖြစ်ပေမယ့် ကုန်ထုတ်လုပ်မှုအနေအထား၊ ကုန်ကြမ်း အနေအထားတွေ နဲ့ ချိန်ဆတွက်ချက်ကြည့်ပါက ယခုထက် အနည်းငယ်လောက် လျှော့ချပါက ပိုကောင်းနိုင်တဲ့အခြေအနေမျိုးရှိတယ်လို့လည်း စက်မှုလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးစိုးမြင့်က ဆိုပါတယ်။ “လုပ်ငန်းရှင်တွေဘက်က ကြည့်ရင် မီးပုံမှန်ရရင် အဆင်ပြေတဲ့ အပိုင်းရှိပေမယ့် နှုန်းထားကလည်း နည်းနည်းလေးပြင်ဆင်ပေးရင် ပိုကောင်းတာပေါ့လေ၊ ဒါပေမဲ့လို့ စိုက်ထုတ်ရတဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ်အနေအထားလည်း ရှိတော့ Consumer ဘက်ကကြည့်ရင်တော့ ကုန်ချောအပိုင်းမှာ ဈေးအပြောင်းအလဲကတော့ အထိုက်အလျောက်ရှိလာမှာလို့ ယူဆရပါတယ်” လို့လည်း သူက ရှင်းပြပါတယ်။

လာမယ့် ဇူလိုင် ၁ ရက်မှ စတင်ကာ လျှပ်စစ်ဓာတ်အားခနှုန်းထားတွေကို ပြင်ဆင်သတ်မှတ်မယ့်အကြောင်း ပြည်ထောင်စု အစိုးရ အဖွဲ့ အစည်း အဝေးအမှတ်စဉ်(၇/၂၀၁၉)က သဘောတူထားပြီးဖြစ်တာကိုလည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားပါတယ်။ ထိုပြင်ဆင် သတ်မှတ်မယ့် နှုန်းထားမှာတော့ အိမ်သုံးအမျိုးအစား အနေနဲ့ ၁ ယူနစ်မှ ၃၀ အထိ ၃၅ ကျပ်မှ အခြေခံသတ်မှတ်ကာ ၃၁ မှ ၅၀ အထိ ၅၀ ကျပ်၊ ၅၁ မှ ၇၅ အထိ ၇၀ ကျပ်၊ ၇၆ မှ ၁၀၀ အထိ ၉၀ ကျပ်၊ ၁၀၁ မှ ၁၅၀ အထိ ၁၁၀ ကျပ်၊ ၁၅၁ မှ ၂၀၀ အထိ ၁၂၀ ကျပ်၊ ၂၀၁ နဲ့အထက် ကိုတော့ ၁၂၅ ကျပ်သတ်မှတ်ထားပြီး လုပ်ငန်းသုံးအမျိုးအစားအနေနဲ့ ၁ ယူနစ်မှ ၅၀၀ ယူနစ် အထိ ၁၂၅ ကျပ် မှ စတင်ကာအခြေခံသတ်မှတ်ကာ ၅၀၁ မှ ၅၀၀၀ အထိ ၁၃၅ ကျပ်၊ ၅၀၀၁ မှ ၁၀၀၀၀ အထိ ၁၄၅ ကျပ်၊ ၁၀၀၀၁ မှ ၂၀၀၀၀ အထိ ၁၅၅ ကျပ်၊ ၂၀၀၀၁ မှ ၅၀၀၀၀ အထိ ၁၆၅ ကျပ်၊ ၅၀၀၀၁ မှ ၁၀၀၀၀၀ အထိ ၁၇၅ ကျပ်၊ ၁၀၀၀၀၁ နဲ့အထက် ၁၈၀ ကျပ် စတဲ့ နှုန်းတွေနဲ့ ပြောင်းလဲကောက်ခံဖို့ ရှိတယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဇွန် ၂၅

(  Zawgyi  )

 လက္ရွိေပးေနတဲ့ လွ်ပ္စစ္မီးေပးေဝမႈကို မျပတ္ေတာက္ေအာင္ ပုံမွန္လုပ္ေဆာင္ပါက လာမယ့္ ဇူလိုင္ ၁ရက္မွာ စတင္ျပင္ဆင္ တိုးျမႇင့္ သတ္မွတ္ ေတာ့မယ့္ ဓာတ္အားခအတြက္ ထိခိုက္မႈသိပ္မရွိႏိုင္ေၾကာင္း ဆီစက္လုပ္ငန္း ရွင္ေတြဆီက သိရပါတယ္။

“မလာတာထက္စာရင္ေတာ့ လာၿပီးေတာ့ သင့္တင့္တဲ့ႏႈန္းထားက ပိုေကာင္းမယ္၊ ဒါကေယဘူယ်သေဘာ အေနနဲ႔ ဒီေလာက္ပဲေျပာလို႔ရမယ္”လို႔ ျမန္မာႏိုင္ငံဆီကုန္သည္မ်ားႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္း ဒုတိယဥကၠ႒ ဦးအုန္းသြင္က ေျပာၾကားပါတယ္။ လက္ရွိကာလမွာ လွ်ပ္စစ္မီးမမွန္ တာမ်ိဳးႀကဳံခဲ့ရတဲ့အတြက္ ဒီဇယ္ဆီနဲ႔ လည္ပတ္လုပ္ကိုင္ရတာေၾကာင့္ ကုန္က်စရိတ္အေနနဲ႔ ျမင့္မားတဲ့အေျခအေနမ်ိဳးျဖစ္လာခဲ့ရတယ္လို႔ သိရပါတယ္။ “မီးလုံးဝမလာတဲ့အခါက်ေတာ့ ဒီဇယ္နဲ႔လည္ရတာဆိုေတာ့ စရိတ္စက အရမ္းတက္တယ္၊ ျဖစ္ႏိုင္ရင္ေတာ့ မတက္တာေတာ့ အေကာင္းဆုံးေပါ့ေလ၊ မျဖစ္လို႔ တက္မယ္ဆိုရင္ေတာ့ သင့္တင့္တဲ့ ႏႈန္းထားေလးဆိုရင္ေတာ့ မဆိုးဘူးဗ်၊ အဓိက ကေတာ့ မွန္ဖို႔ေပ့ါေနာ္၊ တက္လည္း တက္ၿပီးေတာ့ မမွန္ရင္ေတာ့ ပိုဆိုးတာေပါ့ေလ၊ တက္ရင္လည္း သင့္တင့္ေလွ်ာက္ပတ္တဲ့ ႏႈန္းေလာက္ တက္ရင္ေတာ့ အဆင္ေျပ တာေပါ့၊ အားလုံး Economy ျဖစ္မွ ျဖစ္မွာကိုး ဟုတ္တယ္မဟုတ္လား”လို႔လည္း သူက ဆက္ေျပာျပပါတယ္။

ယခုတိုးျမႇင့္သတ္မွတ္မယ့္ လွ်ပ္စစ္ဓာတ္အားခႏႈန္းထားဟာ သင့္တင့္တဲ့ႏႈန္းထားမ်ိဳးျဖစ္ေပမယ့္ ကုန္ထုတ္လုပ္မႈအေနအထား၊ ကုန္ၾကမ္း အေနအထားေတြ နဲ႔ ခ်ိန္ဆတြက္ခ်က္ၾကည့္ပါက ယခုထက္ အနည္းငယ္ေလာက္ ေလွ်ာ့ခ်ပါက ပိုေကာင္းႏိုင္တဲ့အေျခအေနမ်ိဳးရွိတယ္လို႔လည္း စက္မႈလုပ္ငန္းရွင္ တစ္ဦးျဖစ္တဲ့ ဦးစိုးျမင့္က ဆိုပါတယ္။ “လုပ္ငန္းရွင္ေတြဘက္က ၾကည့္ရင္ မီးပုံမွန္ရရင္ အဆင္ေျပတဲ့ အပိုင္းရွိေပမယ့္ ႏႈန္းထားကလည္း နည္းနည္းေလးျပင္ဆင္ေပးရင္ ပိုေကာင္းတာေပါ့ေလ၊ ဒါေပမဲ့လို႔ စိုက္ထုတ္ရတဲ့ ထုတ္လုပ္မႈ ကုန္က်စရိတ္အေနအထားလည္း ရွိေတာ့ Consumer ဘက္ကၾကည့္ရင္ေတာ့ ကုန္ေခ်ာအပိုင္းမွာ ေဈးအေျပာင္းအလဲကေတာ့ အထိုက္အေလ်ာက္ရွိလာမွာလို႔ ယူဆရပါတယ္” လို႔လည္း သူက ရွင္းျပပါတယ္။

လာမယ့္ ဇူလိုင္ ၁ ရက္မွ စတင္ကာ လွ်ပ္စစ္ဓာတ္အားခႏႈန္းထားေတြကို ျပင္ဆင္သတ္မွတ္မယ့္အေၾကာင္း ျပည္ေထာင္စု အစိုးရ အဖြဲ႕ အစည္း အေဝးအမွတ္စဥ္(၇/၂၀၁၉)က သေဘာတူထားၿပီးျဖစ္တာကိုလည္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ေၾကညာထားပါတယ္။ ထိုျပင္ဆင္ သတ္မွတ္မယ့္ ႏႈန္းထားမွာေတာ့ အိမ္သုံးအမ်ိဳးအစား အေနနဲ႔ ၁ ယူနစ္မွ ၃၀ အထိ ၃၅ က်ပ္မွ အေျခခံသတ္မွတ္ကာ ၃၁ မွ ၅၀ အထိ ၅၀ က်ပ္၊ ၅၁ မွ ၇၅ အထိ ၇၀ က်ပ္၊ ၇၆ မွ ၁၀၀ အထိ ၉၀ က်ပ္၊ ၁၀၁ မွ ၁၅၀ အထိ ၁၁၀ က်ပ္၊ ၁၅၁ မွ ၂၀၀ အထိ ၁၂၀ က်ပ္၊ ၂၀၁ နဲ႔အထက္ ကိုေတာ့ ၁၂၅ က်ပ္သတ္မွတ္ထားၿပီး လုပ္ငန္းသုံးအမ်ိဳးအစားအေနနဲ႔ ၁ ယူနစ္မွ ၅၀၀ ယူနစ္ အထိ ၁၂၅ က်ပ္ မွ စတင္ကာအေျခခံသတ္မွတ္ကာ ၅၀၁ မွ ၅၀၀၀ အထိ ၁၃၅ က်ပ္၊ ၅၀၀၁ မွ ၁၀၀၀၀ အထိ ၁၄၅ က်ပ္၊ ၁၀၀၀၁ မွ ၂၀၀၀၀ အထိ ၁၅၅ က်ပ္၊ ၂၀၀၀၁ မွ ၅၀၀၀၀ အထိ ၁၆၅ က်ပ္၊ ၅၀၀၀၁ မွ ၁၀၀၀၀၀ အထိ ၁၇၅ က်ပ္၊ ၁၀၀၀၀၁ နဲ႔အထက္ ၁၈၀ က်ပ္ စတဲ့ ႏႈန္းေတြနဲ႔ ေျပာင္းလဲေကာက္ခံဖို႔ ရွိတယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဇြန္ ၂၅