မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မတ်လအတွင်း ကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၃၅၀ ခန့်ရှိ

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မတ်လအတွင်း ကုန်သွယ်မှု ကန်ဒေါ်လာ သန်း  ၃၅၀ ခန့်ရှိ

မူဆယ်နယ်စပ် ကုန်သွယ် ရေးစခန်းမှ မတ်လအတွင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်ခဲ့ရာ ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ သန်း ၃၅၀ ခန့်ရှိခဲ့ပြီး ထိုပမာဏမှာ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလထက် ကန်ဒေါ်လာ နှစ် သန်းခန့် ပိုများခဲ့ကြောင်း ဧပြီ တတိယအပတ်အတွင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရသိရပါတယ်။

အဆိုပါ အချက်အလက်များအရ မတ်လအတွင်း မူဆယ်မှ တရုတ်ဘက်သို့ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၉၁ ဒသမ၇၄၉ သန်း တင်ပို့ ခဲ့ပြီး သွင်းကုန် အမေရိကန်ဒေါ်လာ၁၅၃ ဒသမ ၃၄၂သန်း ပြန်လည်တင်သွင်း ခဲ့သဖြင့် မတ်လအတွင်းကန်ဒေါ်လာ ၃၄၅ ဒသမ ၀၉၁ သန်း ကုန်သွယ်ခဲ့ကာ ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ သန်း ၄၀ ခန့်( ၃၈ ဒသမ ၄၀၇ သန်း) ဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။

“မူဆယ်က အဓိက ဂိတ်ဘဲ။သူကနေ ရာသီကုန်တွေ အဓိကသွားနေတာ။ ဖရဲ သခွားစတဲ့ ကားတွေ ဒီမူဆယ်ဘက်ကနေ နေ့စဉ် ကားစီးရေ ငါးရာကျော် တရုတ်ဘက်ကို ဝင်နေတာ။ဆန်ကတော့ အရင်လိုမရဘူး။ တိရစ္ဆာန်တွေဆိုလဲ နွားကပုံနေပြီ။ အကုန်ခြုံကြည့်ရင် ဟိုဘက်က အရင်ကလို လာသမျှ မယူတော့ ဘူး။တော် တော်လေးစစ်လာတယ်။ပြီးတော့ သစ်သီးတွေ၊ ငှက်ပျောတစ်ရှုးတွေနဲ့ သယ်လာတာတွေ ရှိတဲ့ အတွက် စစ်ဆေးနေတာလည်း ရှိတယ်”လို့ မူဆယ်ဘက် ကုန်တင်ကားမောင်းသူတစ်ဦးကဆိုပါတယ်။
 
အောက်တိုဘာ၁ ရက်မှ ဧပြီ ၅ ရက်အထိငါးလတာကာလအတွင်းမူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် ကန်ဒေါ်လာ၁၆၃၄  ဒသမ ၃၈၃ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၉၀၃  ဒသမ ၅၁၂ သန်းရှိပြီး စုစုပေါင်းကုန်သွယ်မှု ကန်ဒေါ်လာ၂၅၃၇ ဒသမ၈၅၉ သန်း ဖိုး ကုန်သွယ် ခဲ့ကြောင်းသိရပါတယ်။ ထိုပမာဏမှာ ပြီးခဲ့သည်ဘဏ္ဍာနှစ်ကာလတူ အတွင်းကုန်သွယ်မှုဖြစ်သည့် ကန်ဒေါ်လာ ၃၃၁၃ ဒသမ ၁၆၇ သန်းထက် ကန်ဒေါ်လာ ၇၇၅ ဒသမ ၂၇၂ သန်းလျော့နည်းခဲ့ကြောင်းသိရပါတယ်။

ယခုဘဏ္ဍာနှစ်သစ် ငါးလတာကာလအတွင်းနယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုမှ ကုန်သွယ်သည့် တန်ဖိုးမှာ ကန်ဒေါ်လာ၅၁၇၁  ဒသမ၀၈၃ သန်း(ငါးဘီလျံကျော်)ရှိပြီးယခင်ဘဏ္ဍာနှစ် ကာလတူထက် ကန်ဒေါ်လာ၂၉၈ဒသမ ၀၀၆ သန်းပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်းသိရပါတယ်။

PWA
Photo Credit:ခွာညိုသစ်သီးပွဲရုံ fb

(  Zawgyi  )

 မူဆယ္နယ္စပ္ ကုန္သြယ္ ေရးစခန္းမွ မတ္လအတြင္း တ႐ုတ္ႏိုင္ငံႏွင့္ ကုန္သြယ္ခဲ့ရာ ကုန္သြယ္မႈ ပမာဏ ကန္ေဒၚလာ သန္း ၃၅၀ ခန႔္ရွိခဲ့ၿပီး ထိုပမာဏမွာ ၿပီးခဲ့သည့္ ေဖေဖၚဝါရီလထက္ ကန္ေဒၚလာ ႏွစ္ သန္းခန႔္ ပိုမ်ားခဲ့ေၾကာင္း ဧၿပီ တတိယအပတ္အတြင္းက စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ထုတ္ျပန္သည့္ စာရင္းအခ်က္အလက္မ်ားအရသိရပါတယ္။

အဆိုပါ အခ်က္အလက္မ်ားအရ မတ္လအတြင္း မူဆယ္မွ တ႐ုတ္ဘက္သို႔ ပို႔ကုန္ အေမရိကန္ေဒၚလာ ၁၉၁ ဒသမ၇၄၉ သန္း တင္ပို႔ ခဲ့ၿပီး သြင္းကုန္ အေမရိကန္ေဒၚလာ၁၅၃ ဒသမ ၃၄၂သန္း ျပန္လည္တင္သြင္း ခဲ့သျဖင့္ မတ္လအတြင္းကန္ေဒၚလာ ၃၄၅ ဒသမ ၀၉၁ သန္း ကုန္သြယ္ခဲ့ကာ ကုန္သြယ္ေရးပိုေငြ ကန္ေဒၚလာ သန္း ၄၀ ခန႔္( ၃၈ ဒသမ ၄၀၇ သန္း) ျဖစ္ေပၚခဲ့ေၾကာင္းသိရပါတယ္။

“မူဆယ္က အဓိက ဂိတ္ဘဲ။သူကေန ရာသီကုန္ေတြ အဓိကသြားေနတာ။ ဖရဲ သခြားစတဲ့ ကားေတြ ဒီမူဆယ္ဘက္ကေန ေန႔စဥ္ ကားစီးေရ ငါးရာေက်ာ္ တ႐ုတ္ဘက္ကို ဝင္ေနတာ။ဆန္ကေတာ့ အရင္လိုမရဘူး။ တိရစာၦန္ေတြဆိုလဲ ႏြားကပုံေနၿပီ။ အကုန္ၿခဳံၾကည့္ရင္ ဟိုဘက္က အရင္ကလို လာသမွ် မယူေတာ့ ဘူး။ေတာ္ ေတာ္ေလးစစ္လာတယ္။ၿပီးေတာ့ သစ္သီးေတြ၊ ငွက္ေပ်ာတစ္ရႈးေတြနဲ႔ သယ္လာတာေတြ ရွိတဲ့ အတြက္ စစ္ေဆးေနတာလည္း ရွိတယ္”လို႔ မူဆယ္ဘက္ ကုန္တင္ကားေမာင္းသူတစ္ဦးကဆိုပါတယ္။
 
ေအာက္တိုဘာ၁ ရက္မွ ဧၿပီ ၅ ရက္အထိငါးလတာကာလအတြင္းမူဆယ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ပို႔ကုန္ ကန္ေဒၚလာ၁၆၃၄  ဒသမ ၃၈၃ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၉၀၃  ဒသမ ၅၁၂ သန္းရွိၿပီး စုစုေပါင္းကုန္သြယ္မႈ ကန္ေဒၚလာ၂၅၃၇ ဒသမ၈၅၉ သန္း ဖိုး ကုန္သြယ္ ခဲ့ေၾကာင္းသိရပါတယ္။ ထိုပမာဏမွာ ၿပီးခဲ့သည္ဘ႑ာႏွစ္ကာလတူ အတြင္းကုန္သြယ္မႈျဖစ္သည့္ ကန္ေဒၚလာ ၃၃၁၃ ဒသမ ၁၆၇ သန္းထက္ ကန္ေဒၚလာ ၇၇၅ ဒသမ ၂၇၂ သန္းေလ်ာ့နည္းခဲ့ေၾကာင္းသိရပါတယ္။

ယခုဘ႑ာႏွစ္သစ္ ငါးလတာကာလအတြင္းနယ္စပ္ကုန္သြယ္ေရးစခန္း ၁၆ ခုမွ ကုန္သြယ္သည့္ တန္ဖိုးမွာ ကန္ေဒၚလာ၅၁၇၁  ဒသမ၀၈၃ သန္း(ငါးဘီလ်ံေက်ာ္)ရွိၿပီးယခင္ဘ႑ာႏွစ္ ကာလတူထက္ ကန္ေဒၚလာ၂၉၈ဒသမ ၀၀၆ သန္းပိုမိုကုန္သြယ္ႏိုင္ခဲ့ေၾကာင္းသိရပါတယ္။

PWA
Photo Credit:ခြာညိဳသစ္သီးပြဲ႐ုံ fb