မဲပေးခွင့်ရှိသူအားလုံး ၂၀၂၀ရွေးကာက်ပွဲတွင် မဲပေးနိုင်ရေးအတွက် စီမံချက်ချမှတ်ရေးဆွဲဆောင်ရွက်နေဟု ဆို

မဲပေးခွင့်ရှိသူအားလုံး ၂၀၂၀ရွေးကာက်ပွဲတွင် မဲပေးနိုင်ရေးအတွက် စီမံချက်ချမှတ်ရေးဆွဲဆောင်ရွက်နေဟု ဆို

လာမည့်၂၀၂၀ရွေးကောက်ပွဲတွင်မဲပေးခွင့်ရှိသူများအားလုံးမဲပေးနိုင်ရေးအတွက် စီမံချက်များချမှတ်၍ အသေးစိတ်ရေး ဆွဲဆောင်ရွက်ေနကြောင်းအလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြောကြားပါတယ်။

“လာမယ်ရွေးကောက်ပွဲအတွက်မဲစာရင်းတွေကိုပြုစုဖို့ကိစ္စဟာအဓိကတော့ရွေးကောက်ပွဲကော်မရှင်၊ ပြီးတော့ မှ အထွေထွေအုပ်ချုပ်ရေး ဦးစီဌာန၊နောက်အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ဒေသအာဏာ ပိုင်တွေနဲ့ပေါင်းပြီး မဲစာရင်းတွေပြုစုရေး ကိစ္စကိုလည်း၊တိုင်းဒေသကြီးပြည်နယ်တွေ မှာဆင်းပြီးဆောင်ရွက်မယ့် အခြေအနေတွေကိုချပြနေပါတယ်၊ အဓိကကတော့နောက်ဆုံး အခြေအနေနဲ့ကိုက် ညီတဲ့မဲစာရင်းတွေရရှိအောင်၊နောက်မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတွေကို လည်း အမြန်ဆုံး လုပ်ပေးနိုင်အောင် အဓိက ကတော့မဲပေးခွင့်ရှိသူတွေမဲပေးနိုင်အောင်မကြွင်းမကျန်မဲပေးနိုင်အောင်စီမံချက်ချပြီးအခုထဲက ဆောင်ရွက်နေ တာဖြစ်ပါတယ်။ နံပတ်(၁) မဲပေးနိုင်အောင်လုပ်မယ်။

အိမ်ထောင်စုစာရင်းလုပ်မယ်၊မှတ်ပုံတင်မရှိ သေးတဲ့သူတွေကိုလည်းရသင့်ရထိုက်တဲ့ သူတွေရအောင်ဖြေလျာ့မှုတွေနဲ့ အတူလုပ်သွားဖို့ အသေးစိတ် စီမံချက် တွေရေးဆွဲထားပါတယ်။အမြန်ဆုံးရအောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ် “ လို့ အလုပ်သမား၊လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက သတင်းထောက်များ အားပြောပါတယ်။

နေပြည်တော်၊သင်္ဂဟဟိုတယ်တွင်ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်သည့်၂၀၁၉ခုနှစ်၊ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူရေးအတွက်အသုံးပြုမည့်မေးခွန်းပုံစံတွင်ထည့်သွင်းဖော်ပြနိုင်ရေးအတွက်အချက်အလက်အသုံးပြုသူများအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

PTG
 နေပြည်တော်၊ဇွန်-၂၅

(  Zawgyi  )

 လာမည့်၂၀၂၀ရွေးကောက်ပွဲတွင်မဲပေးခွင့်ရှိသူများအားလုံးမဲပေးနိုင်ရေးအတွက် စီမံချက်များချမှတ်၍ အသေးစိတ်ရေး ဆွဲဆောင်ရွက်နေကြောင်းအလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြောကြားပါတယ်။




PTG
 နေပြည်တော်၊ဇွန်-၂၅