မြန်မာနှင့် စပိန်နိုင်ငံအကြား ကုန်သွယ်မှု ယခင်ကထက် တိုးတက်ကာ ယခုဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ သန်း ၂၅၀ နီးပါးထိ ရှိလာ

မြန်မာနှင့် စပိန်နိုင်ငံအကြား ကုန်သွယ်မှု ယခင်ကထက် တိုးတက်ကာ ယခုဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ သန်း ၂၅၀ နီးပါးထိ ရှိလာ

မြန်မာနှင့် စပိန်ကြား ကုန်သွယ်မှုပမာဏမှာ ဘဏ္ဍာနှစ် ၈ နှစ်တာ ကာလအတွင်း အမျာဆုံးဖြစ်လာပြီး ယခုဘဏ္ဍာနှစ်အတွင်း ကန်ဒေါ်လာ သန်း ၂၅၀ ခန့် ရှိလာတယ်လို့ ဇွန်လအတွင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်သည့် ကိန်းဂဏန်း အချက်အလက်များအရ သိရပါတယ်။

ထုတ်ပြန်ထားသည့် ကိန်းဂဏန်း အချက်အလက်များအရ ၅ နှစ်တာ ကာလအတွင်း စပိန်-မြန်မာ ကုန်သွယ်မှုမှာ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၅၈၄ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၂၆၀ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၄၈၈ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၉ ဒသမ ၀၀၇ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉၀ ဒသမ ၃၃၉ သန်း၊ ၂၀၁၈ ကာလတို ဘတ်ဂျက်ကာလတွင် အမေရိကန်ဒေါ်လာ ၁၇၉ ဒသမ ၅၇၄ သန်းထိ ကုန်သွယ်ခဲ့ရာမှာ ယခုဘဏ္ဍာနှစ် ဧပြီလကုန်အထိ ကန်ဒေါ်လာ ၂၄၈ ဒသမ ၃၁၈ သန်းထိ ကုန်သွယ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ယခုဘဏ္ဍာနှစ်အတွင်း လအလိုက် ကုန်သွယ်မှုပမာဏကို ပြန်ကြည့်ပါက ပြီးခဲ့သည့် ဧပြီလအတွင်း မြန်မာနှင့် စပိန်ကြား ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၂၄ ဒသမ ၆၇၉ သန်းဖိုး ကုန်သွယ်ခဲ့ပါတယ်။ထိုသို့ကုန်သွယ်ရာမှာ မြန်မာဘက်မှ စပိန်ဘက်သို့  အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅၈၈ သန်းဖိုး တင်ပို့ခဲ့ကာ စပိန်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၉၁ သန်းဖိုး ပြန်လည်တင်သွင်းခဲ့ပါတယ်။

“အဓိကတင်တာက ရေထွက်ကုန်ရယ်၊ နောက်တော့ ဆန်ပေါ့။ဒါတွေက အရင်ကတည်းက သူချိတ်ဆက်နဲ့သူ တင်ပို့နေတာ။ ဒီဘက်နှစ်ပိုင်းကျတာ့ ပိုများလာတာကလည်း ပွင့်လင်းလာတာရယ်၊ ပိတ်ဆို့ထားတာတွေကို ဖွင့်ပေးလိုက်တာတွေကြောင့်လည်းပါတယ်။ ရေကြောင်းကများပါတယ်” လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

ဇွန်လအတွင်း ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ ဧပြီလအထိ စပိန်-မြန်မာ ကုန်သွယ်မှုမှာ ပို့ကုန် အမေရိကန်ဒေါ်လာ၂၃၈ ဒသမ ၅၆၀ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၅၇ သန်းရှိပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ၂၄၈ ဒသမ ၃၁၈ သန်းဖိုး ကုန်သွယ်ခဲ့ကာ ကုန်သွယ်မှုပိုငွေ ကန်ဒေါ်လာ ၂၃၈ သန်းကျော် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

PWA
ရန်ကုန်၊ ဇွန် - ၁၅

( Zawgyi )

ျမန္မာႏွင့္ စပိန္ၾကား ကုန္သြယ္မႈပမာဏမွာ ဘ႑ာႏွစ္ ၈ ႏွစ္တာ ကာလအတြင္း အမ်ာဆုံးျဖစ္လာၿပီး ယခုဘ႑ာႏွစ္အတြင္း ကန္ေဒၚလာ သန္း ၂၅၀ ခန႔္ ရွိလာတယ္လို႔ ဇြန္လအတြင္း ကုန္သြယ္ေရးဦးစီးဌာနက ထုတ္ျပန္သည့္ ကိန္းဂဏန္း အခ်က္အလက္မ်ားအရ သိရပါတယ္။

ထုတ္ျပန္ထားသည့္ ကိန္းဂဏန္း အခ်က္အလက္မ်ားအရ ၅ ႏွစ္တာ ကာလအတြင္း စပိန္-ျမန္မာ ကုန္သြယ္မႈမွာ ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၄၁ ဒသမ ၅၈၄ သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၄၄ ဒသမ ၂၆၀ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၈၂ ဒသမ ၄၈၈ သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၆၉ ဒသမ ၀၀၇ သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၉၀ ဒသမ ၃၃၉ သန္း၊ ၂၀၁၈ ကာလတို ဘတ္ဂ်က္ကာလတြင္ အေမရိကန္ေဒၚလာ ၁၇၉ ဒသမ ၅၇၄ သန္းထိ ကုန္သြယ္ခဲ့ရာမွာ ယခုဘ႑ာႏွစ္ ဧၿပီလကုန္အထိ ကန္ေဒၚလာ ၂၄၈ ဒသမ ၃၁၈ သန္းထိ ကုန္သြယ္ႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ယခုဘ႑ာႏွစ္အတြင္း လအလိုက္ ကုန္သြယ္မႈပမာဏကို ျပန္ၾကည့္ပါက ၿပီးခဲ့သည့္ ဧၿပီလအတြင္း ျမန္မာႏွင့္ စပိန္ၾကား ကုန္သြယ္မႈမွာ ကန္ေဒၚလာ ၂၄ ဒသမ ၆၇၉ သန္းဖိုး ကုန္သြယ္ခဲ့ပါတယ္။ထိုသို႔ကုန္သြယ္ရာမွာ ျမန္မာဘက္မွ စပိန္ဘက္သို႔  အေမရိကန္ေဒၚလာ ၂၂ ဒသမ ၅၈၈ သန္းဖိုး တင္ပို႔ခဲ့ကာ စပိန္မွ ကန္ေဒၚလာ ၂ ဒသမ ၀၉၁ သန္းဖိုး ျပန္လည္တင္သြင္းခဲ့ပါတယ္။

“အဓိကတင္တာက ေရထြက္ကုန္ရယ္၊ ေနာက္ေတာ့ ဆန္ေပါ့။ဒါေတြက အရင္ကတည္းက သူခ်ိတ္ဆက္နဲ႔သူ တင္ပို႔ေနတာ။ ဒီဘက္ႏွစ္ပိုင္းက်တာ့ ပိုမ်ားလာတာကလည္း ပြင့္လင္းလာတာရယ္၊ ပိတ္ဆို႔ထားတာေတြကို ဖြင့္ေပးလိုက္တာေတြေၾကာင့္လည္းပါတယ္။ ေရေၾကာင္းကမ်ားပါတယ္” လို႔ ပို႔ကုန္လုပ္ငန္းရွင္တစ္ဦးက ဆိုပါတယ္။

ဇြန္လအတြင္း ထုတ္ျပန္သည့္ စာရင္းအခ်က္အလက္မ်ားအရ ဧၿပီလအထိ စပိန္-ျမန္မာ ကုန္သြယ္မႈမွာ ပို႔ကုန္ အေမရိကန္ေဒၚလာ၂၃၈ ဒသမ ၅၆၀ သန္း၊ သြင္းကုန္ အေမရိကန္ေဒၚလာ ၉ ဒသမ ၇၅၇ သန္းရွိၿပီး စုစုေပါင္း အေမရိကန္ေဒၚလာ၂၄၈ ဒသမ ၃၁၈ သန္းဖိုး ကုန္သြယ္ခဲ့ကာ ကုန္သြယ္မႈပိုေငြ ကန္ေဒၚလာ ၂၃၈ သန္းေက်ာ္ ျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

PWA
ရန္ကုန္၊ ဇြန္ - ၁၅