မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်ရန်မူကြမ်းအဆင့် အတွက် စက်တင်ဘာလကုန်၌ လျာထား

မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်ရန်မူကြမ်းအဆင့် အတွက် စက်တင်ဘာလကုန်၌ လျာထား

ရခိုင်ပြည်နယ်က မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း တင်သွင်းနိုင်ဖို့အတွက် မူကြမ်း အဆင့်တင် သွင်းတာကို လာမယ့် ၂၀၁၉ခုနှစ် စက်တင်ဘာလကုန်မှာ အပြီး လျာထားတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောပါတယ်။

“မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်ဖို့လုပ်ခဲ့တာ လွန်ခဲ့တဲ့သုံးနှစ်ကျော်လောက်ကပါ၊ အဲဒီတုန်း ကတည်းက ဆောင်ရွက်ခဲ့တယ်၊ နောက်ပိုင်းမှာ ကိုဖီအာနန်ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အစီရင်ခံစာ ပေါ်လာတယ်၊ အဲ့ဒီထဲမှာ သူက ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းသင့်တယ်လို့ အကြံပြုထားတာတွေ ကြောင့်လည်း ကျွန်တော်တို့ အင်တိုက်အားတိုက်နဲ့ ဆောင်ရွက်ခဲ့တာ နှစ်နှစ်ကျော်ပေါ့၊ မြောက်ဦးကို ကျွန်တော်တို့ လျာထားချက်က အခု ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ မတိုင်ခင်မှာ အဆိုပြုစာမူကြမ်း တင်သွင်းမှာ ဖြစ်ပါတယ်၊ တင်သွင်းတဲ့အခါမှာလည်း နိုင်ငံခြားသားပညာရှင်တွေရဲ့ Paper Work တွေကတော့ ပြီးသွားပါပြီ၊ အဲ့ဒီမှာ ဒုတိယတစ်ပိုင်းဖြစ်တဲ့ စီမံခန့်ခွဲမှုအစီအစဉ်နဲ့ မြေပုံအပိုင်းမှာပဲ နည်းနည်း ကျန်နိုင်တယ်၊ ကျွန်တော်တို့မှာ ရှိတဲ့အပိုင်းလောက်နဲ့ တင်သွင်းလို့ရလားလို့ နိုင်ငံခြားသားပညာရှင်ရော ယူနက်စကိုက ပညာရှင်ရော ရတယ်ဆိုတာနဲ့ မြောက်ဦးကို ၂၀၁၉ စက်တင်ဘာ ၃၀ မတိုင်ခင် မူကြမ်းတင်ဖို့လုပ်ထားပါတယ်၊ အချောကတော့ ၂၀၂၀ ဇန်နဝါရီလကုန်ပေါ့”လို့ ဦးကျော်ဦးလွင်က ရှင်းပြပါတယ်။

အဆိုပါကာလထဲမှာ တည်ငြိမ်မှုရှိလာတဲ့အခါ Ground Data ကောက်တာ ပိုမိုအဆင်ပြေစေမယ်လို့ မျှော်လင့်ထားကြသလို မြေပုံတွေဆွဲ တဲ့နေရာ မှာလည်း ဌာနက GIS ပညာရှင် ၂၀ လောက်ဟာ အဲ့ဒီမှာ စာရင်းကောက်နေတာတွေရှိသလို မြေတိုင်းဦးစီးဌာနကိုလည်း မြေပုံနဲ့ပတ်သက်တဲ့ လုပ်ငန်းအပ်နှံထားရာ  ပြီးစီးတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။

မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ဖို့အတွက် အတွေ့အကြုံရှိတဲ့ နိုင်ငံခြားသား ပညာရှင်တွေကိုလည်း နိုင်ငံတော် ကိုတင်ပြပြီး နိုင်ငံတော်စရိတ်နဲ့ ငှားရမ်းဆောင်ရွက်ထားကြောင်း၊ Data ကောက်တဲ့လုပ်ငန်းတွေအနေနဲ့ ၇၀ ရာခိုင်နှုန်းကျော်လောက်ပြီးစီးနေ သလို မြောက်ဦး ဒေသရဲ့ လက်ရှိ အနေအထားက တိုက်ပွဲတွေတစ်ချို့ဖြစ်နေသေးတာကြောင့် Data တွေ ဆက်လက်ကောက်လို့မရတဲ့ အခက်အခဲတွေအတွက် ဌာနကလည်း ပြည်ထောင်စုဝန်ကြီးထံ တင်ပြထားသလို ပြီးခဲ့တဲ့လက ပြုလုပ်တဲ့ ဒုတိယသမ္မတ(၂) ဦးစီးတဲ့ မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ အစည်းအဝေးမှာ တင်ပြခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။

မြောက်ဦးဒေသမှာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနရဲ့ ဝန်ထမ်းဖွဲ့စည်းပုံအနေနဲ့ ၃၇ ဦးသာရှိသော်လည်း ကမ္ဘာ့အမွေ အနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ အတွေ့အကြုံရှိတဲ့ ဝန်ထမ်းတွေပါပူးပေါင်းကာ ဝန်ထမ်းအင်အား ၈၀ ကျော်လောက်နဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဧပြီ ၁၈ 

(   Zawgyi  )

 ရခိုင္ျပည္နယ္က ေျမာက္ဦးေရွးေဟာင္းယဥ္ေက်းမႈေဒသကို ကမာၻ႔ေရွးေဟာင္းအေမြအႏွစ္စာရင္း တင္သြင္းႏိုင္ဖို႔အတြက္ မူၾကမ္း အဆင့္တင္ သြင္းတာကို လာမယ့္ ၂၀၁၉ခုႏွစ္ စက္တင္ဘာလကုန္မွာ အၿပီး လ်ာထားတယ္လို႔ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္ဦးလြင္က ေျပာပါတယ္။

“ေျမာက္ဦးကို ကမာၻ႔အေမြအႏွစ္စာရင္းတင္ဖို႔လုပ္ခဲ့တာ လြန္ခဲ့တဲ့သုံးႏွစ္ေက်ာ္ေလာက္ကပါ၊ အဲဒီတုန္း ကတည္းက ေဆာင္႐ြက္ခဲ့တယ္၊ ေနာက္ပိုင္းမွာ ကိုဖီအာနန္ရဲ႕ ရခိုင္ျပည္နယ္ဆိုင္ရာ အစီရင္ခံစာ ေပၚလာတယ္၊ အဲ့ဒီထဲမွာ သူက ကမာၻ႔အေမြအႏွစ္စာရင္း တင္သြင္းသင့္တယ္လို႔ အႀကံျပဳထားတာေတြ ေၾကာင့္လည္း ကြၽန္ေတာ္တို႔ အင္တိုက္အားတိုက္နဲ႔ ေဆာင္႐ြက္ခဲ့တာ ႏွစ္ႏွစ္ေက်ာ္ေပါ့၊ ေျမာက္ဦးကို ကြၽန္ေတာ္တို႔ လ်ာထားခ်က္က အခု ၂၀၁၉ ခုႏွစ္ စက္တင္ဘာ ၃၀ မတိုင္ခင္မွာ အဆိုျပဳစာမူၾကမ္း တင္သြင္းမွာ ျဖစ္ပါတယ္၊ တင္သြင္းတဲ့အခါမွာလည္း ႏိုင္ငံျခားသားပညာရွင္ေတြရဲ႕ Paper Work ေတြကေတာ့ ၿပီးသြားပါၿပီ၊ အဲ့ဒီမွာ ဒုတိယတစ္ပိုင္းျဖစ္တဲ့ စီမံခန႔္ခြဲမႈအစီအစဥ္နဲ႔ ေျမပုံအပိုင္းမွာပဲ နည္းနည္း က်န္ႏိုင္တယ္၊ ကြၽန္ေတာ္တို႔မွာ ရွိတဲ့အပိုင္းေလာက္နဲ႔ တင္သြင္းလို႔ရလားလို႔ ႏိုင္ငံျခားသားပညာရွင္ေရာ ယူနက္စကိုက ပညာရွင္ေရာ ရတယ္ဆိုတာနဲ႔ ေျမာက္ဦးကို ၂၀၁၉ စက္တင္ဘာ ၃၀ မတိုင္ခင္ မူၾကမ္းတင္ဖို႔လုပ္ထားပါတယ္၊ အေခ်ာကေတာ့ ၂၀၂၀ ဇန္နဝါရီလကုန္ေပါ့”လို႔ ဦးေက်ာ္ဦးလြင္က ရွင္းျပပါတယ္။

အဆိုပါကာလထဲမွာ တည္ၿငိမ္မႈရွိလာတဲ့အခါ Ground Data ေကာက္တာ ပိုမိုအဆင္ေျပေစမယ္လို႔ ေမွ်ာ္လင့္ထားၾကသလို ေျမပုံေတြဆြဲ တဲ့ေနရာ မွာလည္း ဌာနက GIS ပညာရွင္ ၂၀ ေလာက္ဟာ အဲ့ဒီမွာ စာရင္းေကာက္ေနတာေတြရွိသလို ေျမတိုင္းဦးစီးဌာနကိုလည္း ေျမပုံနဲ႔ပတ္သက္တဲ့ လုပ္ငန္းအပ္ႏွံထားရာ  ၿပီးစီးတဲ့ အေျခအေနေတြရွိေနတယ္လို႔ သိရပါတယ္။

ေျမာက္ဦးေဒသကို ကမာၻ႔အေမြအႏွစ္စာရင္း တင္သြင္းႏိုင္ဖို႔အတြက္ အေတြ႕အႀကဳံရွိတဲ့ ႏိုင္ငံျခားသား ပညာရွင္ေတြကိုလည္း ႏိုင္ငံေတာ္ ကိုတင္ျပၿပီး ႏိုင္ငံေတာ္စရိတ္နဲ႔ ငွားရမ္းေဆာင္႐ြက္ထားေၾကာင္း၊ Data ေကာက္တဲ့လုပ္ငန္းေတြအေနနဲ႔ ၇၀ ရာခိုင္ႏႈန္းေက်ာ္ေလာက္ၿပီးစီးေန သလို ေျမာက္ဦး ေဒသရဲ႕ လက္ရွိ အေနအထားက တိုက္ပြဲေတြတစ္ခ်ိဳ႕ျဖစ္ေနေသးတာေၾကာင့္ Data ေတြ ဆက္လက္ေကာက္လို႔မရတဲ့ အခက္အခဲေတြအတြက္ ဌာနကလည္း ျပည္ေထာင္စုဝန္ႀကီးထံ တင္ျပထားသလို ၿပီးခဲ့တဲ့လက ျပဳလုပ္တဲ့ ဒုတိယသမၼတ(၂) ဦးစီးတဲ့ ျမန္မာႏိုင္ငံ အမ်ိဳးသားယဥ္ေက်းမႈ ဗဟိုေကာ္မတီ အစည္းအေဝးမွာ တင္ျပခဲ့တာေတြ ရွိတယ္လို႔ သိရပါတယ္။

ေျမာက္ဦးေဒသမွာ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာနရဲ႕ ဝန္ထမ္းဖြဲ႕စည္းပုံအေနနဲ႔ ၃၇ ဦးသာရွိေသာ္လည္း ကမာၻ႔အေမြ အႏွစ္စာရင္းတင္သြင္းႏိုင္ေရးအတြက္ ကမာၻ႔အေမြအႏွစ္ဆိုင္ရာ အေတြ႕အႀကဳံရွိတဲ့ ဝန္ထမ္းေတြပါပူးေပါင္းကာ ဝန္ထမ္းအင္အား ၈၀ ေက်ာ္ေလာက္နဲ႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဧၿပီ ၁၈