ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့ အင်တာနက် ပြတ်တောက်မှု သုံးရက် အထိဖြစ်လာ

  ရခိုင်ပြည်နယ်အတွင်း  မြို့နယ်အချို့ အင်တာနက် ပြတ်တောက်မှု သုံးရက် အထိဖြစ်လာ

ရခိုင်ပြည်နယ်ထဲက တစ်ချို့သောမြို့နယ်တွေမှာ အင်တာနက်ပြတ်တောက်မှုတွေကြုံခဲ့ရပြီး ယနေ့(ဇွန်လ ၂၄ ရက်)မှာ သုံးရက်မြောက်အထိ ဖြစ်လာခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ အင်တာနက်ပြတ်တောက်မှုကို ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ စတဲ့ မြို့နယ်တွေနဲ့ ချင်းပြည်နယ်ထဲက ပလက်၀ မြို့နယ် တွေမှာ ကြုံနေရတာဖြစ်ပြီး ယနေ့မှာတော့ သုံးရက်မြောက်ဖြစ်  လာခဲ့တယ်လို့ သိရပါတယ်။ “ဘာဖြစ်မှန်းတော့ မသိဘူး၊ မောင်တောမြို့နယ်ထဲက အငူမော်ဆိပ်ကမ်းဘက်မှာတော့ အင်တာနက် သုံးလို့ရတယ်၊ ဒီဘက်မြို့ထဲဘက်တွေ၊ ဘူးသီးတောင်ဘက်တွေ၊ ရသေ့တောင်ဘက်တွေ၊ ကျောက်တော် ဘက်တွေမှာတော့ အင်တာနက်သုံးလို့မရဘူး၊ ကျွန်တော်တို့က ဖုန်းနဲ့ပဲအဓိကဆက်သွယ် လုပ်ကိုင်နေတာ ဖြစ်လို့ ဒီလိုပြတ်တောက်တာက လုပ်ငန်းအပေါ် သိပ်တော့ ထိခိုက်မှုမဖြစ်ဘူး”လို့ ရခိုင်ပြည်နယ်အတွင်း ခရီးသည်ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်နေတဲ့ ကိုကျော်ဆန်းဦးက ရှင်းပြပါတယ်။

ထိုအခြေအနေနဲ့ပတ်သက်ပြီး မောင်တော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးက “ကျွန်တော်က အလုပ်ကိစ္စတစ်ခုနဲ့ အခုစစ်တွေမှာရောက်နေတာပါ၊ ဒီစစ်တွေမှာတော့ အင်တာနက်မပြတ်ပါဘူး၊ ဒါနဲ့ပတ်သက်ပြီးတော့ သုံးသပ်ပြောကြား ဖို့လည်း မရှိပါဘူး၊ ဆက်သွယ်ရေးက ဆောင်ရွက်တဲ့လုပ်ငန်းဖြစ်တာကြောင့် ဆက်သွယ်ရေးဘက်ကိုပဲ မေးစေချင်တယ်”လို့ ဆိုပါတယ်။ ထိုကဲ့သို့ အင်တာနက်လိုင်းပြတ်တောက်နေတာကြောင့် ကုန်စည်ရောင်းဝယ်နေတဲ့ ကုန်သည်တွေအနေနဲ့ ဈေးကွက် အခြေအနေတွေ၊ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းပြောင်းလဲမှုအခြေအနေတွေကို အင်တာနက်မှတစ်ဆင့် ကြည့်ရှု လုပ်ဆောင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

ထိုသို့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အပေါ် ပြန်လည်ဖွင့်ပေးဖို့အတွက်ကိုလည်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က ရခိုင်ပြည်နယ်လွှတ်တော်မှာ ယနေ့(ဇွန်လ ၂၄ရက်) အရေးကြီးအဆိုကို တင်သွင်းလိုက်ပြီး ယင်းအဆိုနဲ့ပတ်သက်လို့ ဇွန်လ ၂၆ ရက်မှာ ဆက်လက်ဆွေးနွေး ဖို့လည်း ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ထားပါတယ်။ ထိုအဆိုနဲ့ပတ်သက်ပြီး ဆွေးနွေးမယ့် လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဇွန်လ ၂၅ ရက်မှာ စာရင်းပေးသွင်းကြဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဇွန် ၂၄

( Zawgyi )

 ရခိုင္ျပည္နယ္ထဲက တစ္ခ်ိဳ႕ေသာၿမိဳ႕နယ္ေတြမွာ အင္တာနက္ျပတ္ေတာက္မႈေတြႀကဳံခဲ့ရၿပီး ယေန႔(ဇြန္လ ၂၄ ရက္)မွာ သုံးရက္ေျမာက္အထိ ျဖစ္လာခဲ့ေၾကာင္း ေဒသခံေတြဆီက သိရပါတယ္။

အဆိုပါ အင္တာနက္ျပတ္ေတာက္မႈကို ရခိုင္ျပည္နယ္ထဲက ေမာင္ေတာ၊ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ပုဏၰားကြၽန္း၊ ေျမာက္ဦး၊ ေက်ာက္ေတာ္၊ မင္းျပား၊ ေျမပုံ စတဲ့ ၿမိဳ႕နယ္ေတြနဲ႔ ခ်င္းျပည္နယ္ထဲက ပလက္၀ ၿမိဳ႕နယ္ ေတြမွာ ႀကဳံေနရတာျဖစ္ၿပီး ယေန႔မွာေတာ့ သုံးရက္ေျမာက္ျဖစ္  လာခဲ့တယ္လို႔ သိရပါတယ္။ “ဘာျဖစ္မွန္းေတာ့ မသိဘူး၊ ေမာင္ေတာၿမိဳ႕နယ္ထဲက အငူေမာ္ဆိပ္ကမ္းဘက္မွာေတာ့ အင္တာနက္ သုံးလို႔ရတယ္၊ ဒီဘက္ၿမိဳ႕ထဲဘက္ေတြ၊ ဘူးသီးေတာင္ဘက္ေတြ၊ ရေသ့ေတာင္ဘက္ေတြ၊ ေက်ာက္ေတာ္ ဘက္ေတြမွာေတာ့ အင္တာနက္သုံးလို႔မရဘူး၊ ကြၽန္ေတာ္တို႔က ဖုန္းနဲ႔ပဲအဓိကဆက္သြယ္ လုပ္ကိုင္ေနတာ ျဖစ္လို႔ ဒီလိုျပတ္ေတာက္တာက လုပ္ငန္းအေပၚ သိပ္ေတာ့ ထိခိုက္မႈမျဖစ္ဘူး”လို႔ ရခိုင္ျပည္နယ္အတြင္း ခရီးသည္ပို႔ေဆာင္ေရး လုပ္ငန္း လုပ္ကိုင္ေနတဲ့ ကိုေက်ာ္ဆန္းဦးက ရွင္းျပပါတယ္။

ထိုအေျခအေနနဲ႔ပတ္သက္ၿပီး ေမာင္ေတာ္ခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဒုတိယခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးရဲထူးက “ကြၽန္ေတာ္က အလုပ္ကိစၥတစ္ခုနဲ႔ အခုစစ္ေတြမွာေရာက္ေနတာပါ၊ ဒီစစ္ေတြမွာေတာ့ အင္တာနက္မျပတ္ပါဘူး၊ ဒါနဲ႔ပတ္သက္ၿပီးေတာ့ သုံးသပ္ေျပာၾကား ဖို႔လည္း မရွိပါဘူး၊ ဆက္သြယ္ေရးက ေဆာင္႐ြက္တဲ့လုပ္ငန္းျဖစ္တာေၾကာင့္ ဆက္သြယ္ေရးဘက္ကိုပဲ ေမးေစခ်င္တယ္”လို႔ ဆိုပါတယ္။ ထိုကဲ့သို႔ အင္တာနက္လိုင္းျပတ္ေတာက္ေနတာေၾကာင့္ ကုန္စည္ေရာင္းဝယ္ေနတဲ့ ကုန္သည္ေတြအေနနဲ႔ ေဈးကြက္ အေျခအေနေတြ၊ ေန႔စဥ္ျဖစ္ေပၚေနတဲ့ ေဈးႏႈန္းေျပာင္းလဲမႈအေျခအေနေတြကို အင္တာနက္မွတစ္ဆင့္ ၾကည့္ရႈ လုပ္ေဆာင္ဖို႔ အခက္အခဲေတြရွိေနတယ္လို႔ သိရပါတယ္။

ထိုသို႔ အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ထားတဲ့အေပၚ ျပန္လည္ဖြင့္ေပးဖို႔အတြက္ကိုလည္း မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ရခိုင္ျပည္နယ္လႊတ္ေတာ္မွာ ယေန႔(ဇြန္လ ၂၄ရက္) အေရးႀကီးအဆိုကို တင္သြင္းလိုက္ၿပီး ယင္းအဆိုနဲ႔ပတ္သက္လို႔ ဇြန္လ ၂၆ ရက္မွာ ဆက္လက္ေဆြးေႏြး ဖို႔လည္း ျပည္နယ္လႊတ္ေတာ္က ဆုံးျဖတ္ထားပါတယ္။ ထိုအဆိုနဲ႔ပတ္သက္ၿပီး ေဆြးေႏြးမယ့္ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြအေနနဲ႔ ဇြန္လ ၂၅ ရက္မွာ စာရင္းေပးသြင္းၾကဖို႔လည္း စီစဥ္ထားတယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဇြန္ ၂၄