ရထားလက်မှတ်ခတိုးမြှင့်ဖို့ အခြေအနေမရှိသေး

ရထားလက်မှတ်ခတိုးမြှင့်ဖို့ အခြေအနေမရှိသေး

လတ်တလောကာလမှာ ရထားလက်မှတ်ခ တိုးမြှင့်ကောက်ခံဖို့ အခြေအနေမျိုးမရှိသေးကြောင်း မြန်မာ့မီးရထား မှ အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောကြားခဲ့ပါတယ်။

ရထားလက်မှတ်ခများ တိုးမြှင့်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် အခြေအနေကို အတည်ပြုနိုင်ဖို့ မေးမြန်းတဲ့အခါ တိုးမြှင့် ဖို့အခြေအနေ မရှိသေးတဲ့အကြောင်းကို သူကပြောကြားခဲ့တာဖြစ်ပါတယ်။ “လောလောဆယ်မှာတော့ တိုးဖို့အခြေအနေမရှိသေးပါဘူး၊ ကျွန်တော် တို့က အစိုးရဌာနတွေဖြစ်တာကြောင့် တိုးချင်တိုင်းတိုးလို့မရပါဘူး၊ အခုနောက်ပိုင်းမှာက Service ပိုင်းကိုကောင်းအောင် လုပ်ဆောင်နေကြ ပါတယ်၊ အဲ့ဒီလို Service ပိုင်းကောင်းလာတဲ့တစ်ချိန်မှာတော့ စီးနင်းတဲ့သူအတွက်လည်း အဆင်ပြေမယ့် အခြေ အနေမျိုး အဖြစ် နှုန်းထားကိုပြင်ဆင်သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်”လို့ သူက ရှင်းပြပါတယ်။

ယခုအခါ ရန်ကုန်မြို့ပတ်ရထားလမ်းအပါအဝင် ရန်ကုန်-မန္တလေးလမ်း၊ ရန်ကုန်-မော်လမြိုင်လမ်း စတဲ့ ရထားလမ်းတွေမှာ အဆင့်မြှင့်တင် တာတွေကို လုပ်ဆောင်နေပြီး ရထားလမ်းကြံ့ခိုင်မှုရှိတဲ့ အခြေအနေမျိုး ဖြစ်အောင်ဖန်တီးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ရန်ကုန်မြို့ပတ် ရထားလမ်းတွင်လည်း ယခင်ကလက်မှတ်ခနှုန်းထားကို ငွေ ၁၀၀၊ ၂၀၀၊ ၃၀၀ ကျပ်နှုန်းဖြင့် ကောက်ခံခဲ့သလို ၃၀၀ ကျပ်တန် အထူးရထားတွေမှာ အဲယားကွန်းဝန်ဆောင်မှုပါစီစဉ်ပေးခဲ့ပေမယ့် နောက်ပိုင်း မှာတော့ မိုင်အလိုက်ပိုင်းဖြတ်ကာ ငွေ ၁၀၀ ကျပ်နှုန်းဖြင့်ပြောင်းလဲကောက်ခံခဲ့ကြတာဖြစ်ပါတယ်။

 ရန်ကုန်မြို့မှာ ရထားဖြင့်စီးနင်းသွားလာသူများပြားလာသလို လက်ရှိကာလမှာတော့ တစ်ရက်ကို ခရီးသည်ပျမ်းမျှ ၇၀၀၀၀ ကျော်လောက်ရှိရာမှ ယခုလုပ်ဆောင်နေတဲ့ အဆင့်မြှင့်တင်နေသော စီမံကိန်းလုပ်ငန်းများပြီးပါက ယင်းပမာဏထက်သုံးဆလောက် ပိုမိုများပြားလာနိုင်မယ့် အခြေအနေမျိုးရှိလာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဇွန် ၁၇

(  Zawgyi  )

 လတ္တေလာကာလမွာ ရထားလက္မွတ္ခ တိုးျမႇင့္ေကာက္ခံဖို႔ အေျခအေနမ်ိဳးမရွိေသးေၾကာင္း ျမန္မာ့မီးရထား မွ အေထြေထြမန္ေနဂ်ာ ဦးေက်ာ္ေက်ာ္မ်ိဳးက ေျပာၾကားခဲ့ပါတယ္။

ရထားလက္မွတ္ခမ်ား တိုးျမႇင့္မယ္ဆိုတဲ့ သတင္းေတြထြက္ေပၚေနတာေၾကာင့္ အေျခအေနကို အတည္ျပဳႏိုင္ဖို႔ ေမးျမန္းတဲ့အခါ တိုးျမႇင့္ ဖို႔အေျခအေန မရွိေသးတဲ့အေၾကာင္းကို သူကေျပာၾကားခဲ့တာျဖစ္ပါတယ္။ “ေလာေလာဆယ္မွာေတာ့ တိုးဖို႔အေျခအေနမရွိေသးပါဘူး၊ ကြၽန္ေတာ္ တို႔က အစိုးရဌာနေတြျဖစ္တာေၾကာင့္ တိုးခ်င္တိုင္းတိုးလို႔မရပါဘူး၊ အခုေနာက္ပိုင္းမွာက Service ပိုင္းကိုေကာင္းေအာင္ လုပ္ေဆာင္ေနၾက ပါတယ္၊ အဲ့ဒီလို Service ပိုင္းေကာင္းလာတဲ့တစ္ခ်ိန္မွာေတာ့ စီးနင္းတဲ့သူအတြက္လည္း အဆင္ေျပမယ့္ အေျခ အေနမ်ိဳး အျဖစ္ ႏႈန္းထားကိုျပင္ဆင္သြားဖို႔ စီစဥ္ထားတာျဖစ္ပါတယ္”လို႔ သူက ရွင္းျပပါတယ္။

ယခုအခါ ရန္ကုန္ၿမိဳ႕ပတ္ရထားလမ္းအပါအဝင္ ရန္ကုန္-မႏၲေလးလမ္း၊ ရန္ကုန္-ေမာ္လၿမိဳင္လမ္း စတဲ့ ရထားလမ္းေတြမွာ အဆင့္ျမႇင့္တင္ တာေတြကို လုပ္ေဆာင္ေနၿပီး ရထားလမ္းႀကံ့ခိုင္မႈရွိတဲ့ အေျခအေနမ်ိဳး ျဖစ္ေအာင္ဖန္တီးလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ရန္ကုန္ၿမိဳ႕ပတ္ ရထားလမ္းတြင္လည္း ယခင္ကလက္မွတ္ခႏႈန္းထားကို ေငြ ၁၀၀၊ ၂၀၀၊ ၃၀၀ က်ပ္ႏႈန္းျဖင့္ ေကာက္ခံခဲ့သလို ၃၀၀ က်ပ္တန္ အထူးရထားေတြမွာ အဲယားကြန္းဝန္ေဆာင္မႈပါစီစဥ္ေပးခဲ့ေပမယ့္ ေနာက္ပိုင္း မွာေတာ့ မိုင္အလိုက္ပိုင္းျဖတ္ကာ ေငြ ၁၀၀ က်ပ္ႏႈန္းျဖင့္ေျပာင္းလဲေကာက္ခံခဲ့ၾကတာျဖစ္ပါတယ္။

 ရန္ကုန္ၿမိဳ႕မွာ ရထားျဖင့္စီးနင္းသြားလာသူမ်ားျပားလာသလို လက္ရွိကာလမွာေတာ့ တစ္ရက္ကို ခရီးသည္ပ်မ္းမွ် ၇၀၀၀၀ ေက်ာ္ေလာက္ရွိရာမွ ယခုလုပ္ေဆာင္ေနတဲ့ အဆင့္ျမႇင့္တင္ေနေသာ စီမံကိန္းလုပ္ငန္းမ်ားၿပီးပါက ယင္းပမာဏထက္သုံးဆေလာက္ ပိုမိုမ်ားျပားလာႏိုင္မယ့္ အေျခအေနမ်ိဳးရွိလာမယ္လို႔လည္း ခန႔္မွန္းထားၾကပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဇြန္ ၁၇