ရန်ကုန်တိုင်းတွင် ခွေးကိုက်ခံရသူ ၂ သိန်းအထိရှိခဲ့ဟု ဆို

 ရန်ကုန်တိုင်းတွင် ခွေးကိုက်ခံရသူ ၂ သိန်းအထိရှိခဲ့ဟု ဆို

ပြီးခဲ့သည့်နှစ်အတွင်းက ရန်ကုန်တိုင်းဒေသကြီးတွင် ခွေးကိုက်ခံရသူ ၂ သိန်းအထိရှိခဲ့သည့်အတွက် လေလွင့်ခွေးများမျိုးဆက်မပြန့်ပွားရေးကို ထိန်းချုပ်ပေးရန်နှင့် ခွေးရူးပြန်ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူလူထုသိရှိရန်အတွက် ပညာပေးလုပ်ငန်းများကို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးဖို့ မင်္ဂလာတောင်ညွှ န့်မြို့နယ်၊မဲဆန္ဒနယ်အမှတ် -(၁)လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဒီကနေ့ ဇူလိုင် ၃ ရက်တွင် ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။“တစ်နိုင်ငံလုံးမှာခွေးကောင်ရေက ၄ သန်းခန့်ရှိပါတယ်။အဲ့အရေအတွက်မှာက ၇၀ ရာခိုင်နှုန်းက လေလွင့်ခွေးတွေပဲဖြစ်နေတယ်။

ရန်ကုန်မြို့မှာ ၂၀၁၄ ခုနှစ်က ခွေးကောင်ရေ ၇ သောင်းကျော်ရှိပြီးတော့ ၂၀၁၈ နဲ့ ၂၀၁၉ မှာဆိုရင် ၂ ဆကျော်အထိမြင့်တက်လာပါတယ်။ ခွေးကိုက်ခံရတဲ့လူဦးရေ ၆ သောင်းကျော်မှာ လူဦးရေ တစ်ထောင်ကျော်ဟာခွေးရူးပြန်ရောဂါခံစားရတာဖြစ်တယ်လို့ ကျန်းမာရေး ဌာနရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ ၂၀၁၆ ခုနှစ်က ရန်ကုန်မြို့မှာပြုလုပ်တဲ့ သုသေတန စာတမ်းအရ ခွေးနှစ်ကောင်မှာ တစ်ကောင် မှာခွေးရူးပြန်ရောဂါပိုးတွေရှိနေတယ်ဆိုတာကို သိရပါတယ်။ခွေးနှစ်ကောင်ကလည်းသုံးနှစ်အတွင်းမှာအကောင်ရေ ၃၀၀ အထိမျိုးပွားနိုင်တယ် ဆိုတာကိုလည်းတွေ့ရှိရပါတယ်။ခွေးတွေရဲ့ မျိုးဆက်ပြန့်ပွားမှုနှုန်း မျိုးပွားနှုန်းကလည်း အင်မတန်မှမြင့်မားတာဖြစ်ပါတယ်။ဒါကြောင့် ခွေးတွေရဲ့မျိုးဆက်ပြန့်ပွားရေးကိုထိန်းချုပ်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။

လက်ရှိအခြေအနေမှာခွေးတွေကိုသားကြောဖြတ်တဲ့အခြေအနေတွေကို ဆောင်ရွက် နေတာဖြစ်ပါတယ်။ အဲ့ဒါကလည်း နည်းစနစ် တစ်ခုဖြစ် ပါတယ်။ခွေး တွေဟာသားကြောဖြတ်လိုက်ပြီဆိုလို့ရှိရင်  မျိုးဆက်ပြန့်ပွားချင်တဲ့ စိတ်ကုန်ခမ်းတဲ့အခြေအနေ ကိုရောက်ရှိ ပါတယ်။ ဒါကြောင့် မျိုးဆက်ပြန့်ပွားချင်တဲ့စိတ်မရှိတော့ဘူးဆိုရင် သားချတဲ့အချိန်မှာ သားဇောနဲ့လိုက်ကပ်နေတဲ့ခွေးတွေရဲ့ အန္တရာယ်ကိုလည်း ကင်းရှင်းမယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာက သားကြောဖြတ်ပြီးဆောင်ရွက်နေတဲ့အခြေအနေက   ထိရောက်စွာဆောင်ရွက်နေတာမရှိပါဘူး။ဘတ်ဂျက်သုံစွဲမှှု ဝန်ထမ်းအင်အား အခြေအနေတွေကြောင့် ထိထိရောက်ရောက် မလုပ်နိုင်သေးပါဘူး။ဒါကြောင့်သားကြောဖြတ်တာကိုသက်ဆိုင်ရာဌာနတွေက ပူးပေါင်းပြီး  ထိထိရောက်ရောက်ဆောင်ရွက်ဖို့လိုပါတယ်။ဒါကိုလည်း ကျနော်တို့ရန်ကုနု်တိုင်းလွှတ်တော်ကနေတိုက်တွန်း  လိုပါတယ်။”လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး ကပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်မှာခွေးကိုက်ခံရတဲ့အရေအတွက်က ၁၈၀၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှ ခွေးကိုက်ခံရတဲ့ အရေအတွက် က ၂ သိန်းအထိဖြစ်လာခဲ့ကြောင်း၊ ယခု ၂၀၁၉ ခုနှစ်အတွင်းမှာလည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကိုရောက်ရှိလာ တဲ့ခွေးကိုက်ခံ ရတဲ့ အရေအတွက်က  ၄၆၀၀ ကျော်ရှိပြီး အဲ့ဒီထဲမှာမှ ခွေးရူးပြန်ရောဂါတွေ့ရှိတာက ၁၀ ဦးကျော်ရှိနေခဲ့တယ်လို့လည်း ၎င်းက တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

ပြေသိမ်း
ရန်ကုန်၊ဇူလိုင် ၃
ဓါတ်ပုံ - Yangon Hluttaw
 Photo Credit:U Bo Bo Oo - ဘိုဘိုဦး

(  Zawgyi  )

 ၿပီးခဲ့သည့္ႏွစ္အတြင္းက ရန္ကုန္တိုင္းေဒသႀကီးတြင္ ေခြးကိုက္ခံရသူ ၂ သိန္းအထိရွိခဲ့သည့္အတြက္ ေလလြင့္ေခြးမ်ားမ်ိဳးဆက္မျပန႔္ပြားေရးကို ထိန္းခ်ဳပ္ေပးရန္ႏွင့္ ေခြး႐ူးျပန္ေရာဂါကာကြယ္ေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ျပည္သူလူထုသိရွိရန္အတြက္ ပညာေပးလုပ္ငန္းမ်ားကို ထိထိေရာက္ေရာက္ က်ယ္က်ယ္ျပန႔္ျပန႔္ ေဆာင္႐ြက္ေပးဖို႔ မဂၤလာေတာင္ၫႊ န႔္ၿမိဳ႕နယ္၊မဲဆႏၵနယ္အမွတ္ -(၁)လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌးက ဒီကေန႔ ဇူလိုင္ ၃ ရက္တြင္ က်င္းပတဲ့ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အစည္းအေဝးမွာ တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။“တစ္ႏိုင္ငံလုံးမွာေခြးေကာင္ေရက ၄ သန္းခန႔္ရွိပါတယ္။အဲ့အေရအတြက္မွာက ၇၀ ရာခိုင္ႏႈန္းက ေလလြင့္ေခြးေတြပဲျဖစ္ေနတယ္။

ရန္ကုန္ၿမိဳ႕မွာ ၂၀၁၄ ခုႏွစ္က ေခြးေကာင္ေရ ၇ ေသာင္းေက်ာ္ရွိၿပီးေတာ့ ၂၀၁၈ နဲ႔ ၂၀၁၉ မွာဆိုရင္ ၂ ဆေက်ာ္အထိျမင့္တက္လာပါတယ္။ ေခြးကိုက္ခံရတဲ့လူဦးေရ ၆ ေသာင္းေက်ာ္မွာ လူဦးေရ တစ္ေထာင္ေက်ာ္ဟာေခြး႐ူးျပန္ေရာဂါခံစားရတာျဖစ္တယ္လို႔ က်န္းမာေရး ဌာနရဲ႕ စာရင္းဇယားေတြအရ သိရပါတယ္။ ၂၀၁၆ ခုႏွစ္က ရန္ကုန္ၿမိဳ႕မွာျပဳလုပ္တဲ့ သုေသတန စာတမ္းအရ ေခြးႏွစ္ေကာင္မွာ တစ္ေကာင္ မွာေခြး႐ူးျပန္ေရာဂါပိုးေတြရွိေနတယ္ဆိုတာကို သိရပါတယ္။ေခြးႏွစ္ေကာင္ကလည္းသုံးႏွစ္အတြင္းမွာအေကာင္ေရ ၃၀၀ အထိမ်ိဳးပြားႏိုင္တယ္ ဆိုတာကိုလည္းေတြ႕ရွိရပါတယ္။ေခြးေတြရဲ႕ မ်ိဳးဆက္ျပန႔္ပြားမႈႏႈန္း မ်ိဳးပြားႏႈန္းကလည္း အင္မတန္မွျမင့္မားတာျဖစ္ပါတယ္။ဒါေၾကာင့္ ေခြးေတြရဲ႕မ်ိဳးဆက္ျပန႔္ပြားေရးကိုထိန္းခ်ဳပ္ႏိုင္ဖို႔ကလည္း အေရးႀကီးပါတယ္။

လက္ရွိအေျခအေနမွာေခြးေတြကိုသားေၾကာျဖတ္တဲ့အေျခအေနေတြကို ေဆာင္႐ြက္ ေနတာျဖစ္ပါတယ္။ အဲ့ဒါကလည္း နည္းစနစ္ တစ္ခုျဖစ္ ပါတယ္။ေခြး ေတြဟာသားေၾကာျဖတ္လိုက္ၿပီဆိုလို႔ရွိရင္  မ်ိဳးဆက္ျပန႔္ပြားခ်င္တဲ့ စိတ္ကုန္ခမ္းတဲ့အေျခအေန ကိုေရာက္ရွိ ပါတယ္။ ဒါေၾကာင့္ မ်ိဳးဆက္ျပန႔္ပြားခ်င္တဲ့စိတ္မရွိေတာ့ဘူးဆိုရင္ သားခ်တဲ့အခ်ိန္မွာ သားေဇာနဲ႔လိုက္ကပ္ေနတဲ့ေခြးေတြရဲ႕ အႏၲရာယ္ကိုလည္း ကင္းရွင္းမယ္။ ဒါေပမယ့္ က်ေနာ္တို႔ဆီမွာက သားေၾကာျဖတ္ၿပီးေဆာင္႐ြက္ေနတဲ့အေျခအေနက   ထိေရာက္စြာေဆာင္႐ြက္ေနတာမရွိပါဘူး။ဘတ္ဂ်က္သုံစြဲမွႈ ဝန္ထမ္းအင္အား အေျခအေနေတြေၾကာင့္ ထိထိေရာက္ေရာက္ မလုပ္ႏိုင္ေသးပါဘူး။ဒါေၾကာင့္သားေၾကာျဖတ္တာကိုသက္ဆိုင္ရာဌာနေတြက ပူးေပါင္းၿပီး  ထိထိေရာက္ေရာက္ေဆာင္႐ြက္ဖို႔လိုပါတယ္။ဒါကိုလည္း က်ေနာ္တို႔ရန္ကုႏု္တိုင္းလႊတ္ေတာ္ကေနတိုက္တြန္း  လိုပါတယ္။”လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌး ကေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ၂၀၁၇ ခုႏွစ္မွာေခြးကိုက္ခံရတဲ့အေရအတြက္က ၁၈၀၀၀၀ ေက်ာ္ရွိခဲ့ၿပီး ၂၀၁၈ ခုႏွစ္မွ ေခြးကိုက္ခံရတဲ့ အေရအတြက္ က ၂ သိန္းအထိျဖစ္လာခဲ့ေၾကာင္း၊ ယခု ၂၀၁၉ ခုႏွစ္အတြင္းမွာလည္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး ကိုေရာက္ရွိလာ တဲ့ေခြးကိုက္ခံ ရတဲ့ အေရအတြက္က  ၄၆၀၀ ေက်ာ္ရွိၿပီး အဲ့ဒီထဲမွာမွ ေခြး႐ူးျပန္ေရာဂါေတြ႕ရွိတာက ၁၀ ဦးေက်ာ္ရွိေနခဲ့တယ္လို႔လည္း ၎က တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးမွာ ေျပာၾကားခဲ့တာပါ။

ေျပသိမ္း
ရန္ကုန္၊ဇူလိုင္ ၃
ဓါတ္ပုံ - Yangon Hluttaw
 Photo Credit:U Bo Bo Oo - ဘိုဘိုဦး