ရန်ကုန်မြို့တွင်း နေရာသုံးခုတွင် Food Box များထားရှိပေးယူနိုင်သလို လှူဒါန်းနိုင်ဟုဆို

ရန်ကုန်မြို့တွင်း နေရာသုံးခုတွင် Food Box များထားရှိပေးယူနိုင်သလို လှူဒါန်းနိုင်ဟုဆို

ရန်ကုန်မြို့မှာ ပထမဆုံးသော Food Box အစီအစဉ်တစ်ခုကို KMS Construction က လှည်းတန်း၊ တာမွေ၊ မြေနီကုန်း စတဲ့ နေရာသုံးခုမှာ စတင်ထားရှိပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ Food Box ထဲမှာတော့ မုန့်တွေနဲ့ ရေသန့်၊ အချိုရည်တွေကို ထားရှိပေးသလို ဘယ်သူမဆို အခမဲ့အဖြစ် ယူဆောင်စားသောက်နိုင်တဲ့အပြင် အလှူရှင်တွေအနေနဲ့လည်း ပါဝင်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

ထို Food Box တွေကို လှည်းတန်းမီးပွိုင့်နားက နေရာ၊ မြေနီကုန်း ဒဂုံစင်တာအရှေ့နဲ့ တာမွေဈေးအနီး ဘတ်စ်ကားမှတ်တိုင်နားမှာ ထားရှိပေးတာလည်း ဖြစ်သလို ဇွန်လ ၂၃ ရက်မှာ စတင်လုပ်ဆောင်ခဲ့ပြီး ယနေ့ (ဇွန်လ ၂၄ ရက်)မှာတော့ ဒုတိယအကြိမ်အဖြစ် မုန့်တွေကို ထပ်မံဖြည့်တင်းတာတွေ လုပ်ဆောင်လျက် ရှိတယ်လို့လည်း ယင်းကုမ္ပဏီမှ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဇွန် ၂၄
(Photo: KMS Construction)

( Zawgyi )

ရန္ကုန္ၿမိဳ႕မွာ ပထမဆုံးေသာ Food Box အစီအစဥ္တစ္ခုကို KMS Construction က လွည္းတန္း၊ တာေမြ၊ ေျမနီကုန္း စတဲ့ ေနရာသုံးခုမွာ စတင္ထားရွိေပးခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါ Food Box ထဲမွာေတာ့ မုန႔္ေတြနဲ႔ ေရသန႔္၊ အခ်ိဳရည္ေတြကို ထားရွိေပးသလို ဘယ္သူမဆို အခမဲ့အျဖစ္ ယူေဆာင္စားေသာက္ႏိုင္တဲ့အျပင္ အလႉရွင္ေတြအေနနဲ႔လည္း ပါဝင္လႉဒါန္းႏိုင္တယ္လို႔ သိရပါတယ္။

ထို Food Box ေတြကို လွည္းတန္းမီးပြိဳင့္နားက ေနရာ၊ ေျမနီကုန္း ဒဂုံစင္တာအေရွ႕နဲ႔ တာေမြေဈးအနီး ဘတ္စ္ကားမွတ္တိုင္နားမွာ ထားရွိေပးတာလည္း ျဖစ္သလို ဇြန္လ ၂၃ ရက္မွာ စတင္လုပ္ေဆာင္ခဲ့ၿပီး ယေန႔ (ဇြန္လ ၂၄ ရက္)မွာေတာ့ ဒုတိယအႀကိမ္အျဖစ္ မုန႔္ေတြကို ထပ္မံျဖည့္တင္းတာေတြ လုပ္ေဆာင္လ်က္ ရွိတယ္လို႔လည္း ယင္းကုမၸဏီမွ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဇြန္ ၂၄
(Photo: KMS Construction)