ရန်ကုန်လိုင်စင်ပေး၍ ကျောင်းကားသွင်းခွင့်ပြုထားပေမယ့်တင်သွင်းသူမရှိသေး

ရန်ကုန်လိုင်စင်ပေး၍ ကျောင်းကားသွင်းခွင့်ပြုထားပေမယ့်တင်သွင်းသူမရှိသေး

ရန်ကုန်မြို့ရဲ့ ကျောင်းကားစနစ်သစ်ကို ဖော်ဆောင်တဲ့နေရာမှာ အထောက်အကူပြုစေဖို့အတွက် လက်ရှိ လုပ်ကိုင်နေတဲ့ ကျောင်းကြိုပို့ကား လုပ်ကိုင်သူတွေကို ကျောင်းကားတင်သွင်းပါက ရန်ကုန်လိုင်စင်ပေးဖို့ စီစဉ်ထားပေမယ့် ယခုအထိ တင်သွင်းသူမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အခုအထိ တင်သွင်းတဲ့သူတွေ မရှိသေးပါဘူး”လို့ သူကဆိုပါတယ်။ လက်ရှိ လုပ်ဆောင်နေတဲ့ ကျောင်းကားစနစ်မှာ ယခင်လုပ်ကိုင်နေတဲ့ ကြိုပို့လုပ်ငန်းရှင်တွေအနေနဲ့လည်း ပါဝင်လုပ်ဆောင် နိုင်ရန်စီစဉ်ကာ မူဝါဒ ၁၂ ချက်နဲ့ညီတဲ့ ယာဉ်တွေကို ပြည်ပကနေ မှာယူတင်သွင်းပါကလည်း ရန်ကုန်လိုင်စင်အနေဖြင့် ရရှိအောင် စီမံလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ “ကျောင်းကား သွင်းမယ်ဆိုရင် လုပ်ဆောင်နေတဲ့အပိုင်းက YRTA ရယ်၊ ပညာရေးအပိုင်းဘက်ခြမ်းရယ်၊ ကညနအပိုင်းရယ်ဆိုပြီးရှိပါတယ်၊ ပညာရေးဘက်ခြမ်းကျတော့ သူက ဒီကျောင်းမှာ အရင်ကတည်းက လုပ်ကိုင်တဲ့သူဟုတ်မဟုတ်ဆိုတာ သိနိုင်တယ်လေ၊ ဆိုလိုတာက အပြင်လူတွေဝင်လာတာမျိုးမရှိတော့ဘူး၊ သတ်မှတ်တဲ့ မူဝါဒနဲ့ ညီတဲ့ ယာဉ်အမျိုးအစား ဟုတ်မဟုတ်ကို ကညနက စစ်ဆေးရပါတယ်၊ YRTA က ဒါကိုထောက်ခံပြီးတော့ ရန်ကုန်လိုင်စင်ရအောင် အစိုးရကို တင်ပြပေးရတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ရှင်းပြပါတယ်။

လက်ရှိမှာတော့ တင်သွင်းသူမရှိသလို ကျောင်းကားစနစ်ဖော်ဆောင်တဲ့ ကျောင်းပေါင်း ၂၂ ကျောင်း အနက်မှာ ကျောင်းပေါင်း ၁၂ ကျောင်း အတွက် YRTA က တာဝန်ယူစီမံခန့်ခွဲတဲ့ ကျောင်းကား ၉၂ စီးဖြင့် ပြေးဆွဲပေး နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

  ဇွဲမာန်
ရန်ကုန်၊ ဇွန် ၂၀

(  Zawgyi  )

 ရန္ကုန္ၿမိဳ႕ရဲ႕ ေက်ာင္းကားစနစ္သစ္ကို ေဖာ္ေဆာင္တဲ့ေနရာမွာ အေထာက္အကူျပဳေစဖို႔အတြက္ လက္ရွိ လုပ္ကိုင္ေနတဲ့ ေက်ာင္းႀကိဳပို႔ကား လုပ္ကိုင္သူေတြကို ေက်ာင္းကားတင္သြင္းပါက ရန္ကုန္လိုင္စင္ေပးဖို႔ စီစဥ္ထားေပမယ့္ ယခုအထိ တင္သြင္းသူမရွိေသးေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA) မွ မန္ေနးဂ်င္းဒါ႐ိုက္တာ ဦးေအာင္ညီညီေမာ္က ေျပာပါတယ္။

“ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ အခုအထိ တင္သြင္းတဲ့သူေတြ မရွိေသးပါဘူး”လို႔ သူကဆိုပါတယ္။ လက္ရွိ လုပ္ေဆာင္ေနတဲ့ ေက်ာင္းကားစနစ္မွာ ယခင္လုပ္ကိုင္ေနတဲ့ ႀကိဳပို႔လုပ္ငန္းရွင္ေတြအေနနဲ႔လည္း ပါဝင္လုပ္ေဆာင္ ႏိုင္ရန္စီစဥ္ကာ မူဝါဒ ၁၂ ခ်က္နဲ႔ညီတဲ့ ယာဥ္ေတြကို ျပည္ပကေန မွာယူတင္သြင္းပါကလည္း ရန္ကုန္လိုင္စင္အေနျဖင့္ ရရွိေအာင္ စီမံလုပ္ေဆာင္ေပးေနတာျဖစ္ပါတယ္။ “ေက်ာင္းကား သြင္းမယ္ဆိုရင္ လုပ္ေဆာင္ေနတဲ့အပိုင္းက YRTA ရယ္၊ ပညာေရးအပိုင္းဘက္ျခမ္းရယ္၊ ကညနအပိုင္းရယ္ဆိုၿပီးရွိပါတယ္၊ ပညာေရးဘက္ျခမ္းက်ေတာ့ သူက ဒီေက်ာင္းမွာ အရင္ကတည္းက လုပ္ကိုင္တဲ့သူဟုတ္မဟုတ္ဆိုတာ သိႏိုင္တယ္ေလ၊ ဆိုလိုတာက အျပင္လူေတြဝင္လာတာမ်ိဳးမရွိေတာ့ဘူး၊ သတ္မွတ္တဲ့ မူဝါဒနဲ႔ ညီတဲ့ ယာဥ္အမ်ိဳးအစား ဟုတ္မဟုတ္ကို ကညနက စစ္ေဆးရပါတယ္၊ YRTA က ဒါကိုေထာက္ခံၿပီးေတာ့ ရန္ကုန္လိုင္စင္ရေအာင္ အစိုးရကို တင္ျပေပးရတယ္”လို႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA) မွ တြဲဖက္အတြင္းေရးမႉး ဦးလွေအာင္က ရွင္းျပပါတယ္။

လက္ရွိမွာေတာ့ တင္သြင္းသူမရွိသလို ေက်ာင္းကားစနစ္ေဖာ္ေဆာင္တဲ့ ေက်ာင္းေပါင္း ၂၂ ေက်ာင္း အနက္မွာ ေက်ာင္းေပါင္း ၁၂ ေက်ာင္း အတြက္ YRTA က တာဝန္ယူစီမံခန႔္ခြဲတဲ့ ေက်ာင္းကား ၉၂ စီးျဖင့္ ေျပးဆြဲေပး ေနတာေတြလည္း ရွိတယ္လို႔ သိရပါတယ္။

  ဇြဲမာန္
ရန္ကုန္၊ ဇြန္ ၂၀