ရိုက်တာသတင်းထောက်နှစ်ဦး၏အယူခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ပယ်ချ

ရိုက်တာသတင်းထောက်နှစ်ဦး၏အယူခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ပယ်ချ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့တင်ပြထားသည့်ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် သတင်းထောက်ကိုကျော်စိုးဦးနှင့် ကိုဝလုံးတို့ ၏အမှုအယူခံလျှောက်ထားမှုအားယနေ့နံနက်ပိုင်းတွင် နေပြည် တော်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ပလပ်ကာ ပယ်ချခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေဦး ခင်မောင်ဇော်က သတင်းထောက်များအားပြောကြားခဲ့ပါတယ်၊
 
“အခြေအနေကတော့ပြင်ဆင်မှုကိုပလပ်လိုက်လိုက်ပါတယ်၊နောက်တစ်ခါအောက်ရုံး(၂)ရုံးရဲ့အမိန့်တွေကိုအတည်ပြုလိုက်ပါတယ်။ဒီနေ့ဆိုလို့ရှိယင်သူတို့ကိုဆက်ပြီးအပြစ်ပေးတယ်ပေါ့။မလွှတ်ပေးဘူးပေါ့။ ဘာ ကြောင့် ရယ်လို့အကြောင်းပြချက် မပါသေးဘူး။ အမိန့်ပိုင်းကိုဘဲ ချလိုက်တာ။ ဒီအယူခံကိုပယ်လိုက် တယ်၊ ပလပ်လိုက်တယ် “ဟု တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်က သတင်းထောက်များအား ပြောကြား ခဲ့ပါတယ်။

ထိုပြင် တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်က ဆက်ပြောခဲ့ရာမှာ “ဒီအဆုံးအဖြတ်နဲ့ပတ်သက်လို့ စိတ်ပျက်တယ်ဆိုတာ ကိုတော့ပြောချင်ပါ တယ်။ ဒါဟာမြန်မာနိုင်ငံရဲ့တရားစီရင်ရေးလွတ်လပ်ခွင့်ကိုရောမြန်မာ နိုင်ငံရဲ့ဂုဏ်သိက္ခာကိုရောထိခိုက်စေတယ်။နောက်မြန်မာနိုင်ငံ မှာရှိ တဲ့ မီဒီယာတွေရဲ့လွတ်လပ်စွာသတင်း ရှာ ဖွေခွင့်ဖြန့်ဖြူးခွင့် အဲ့ဒါတွေအားလုံးကို အင်မတန်ကြောက်စရာကောင်းလောက် တဲ့အတား အမြစ်အဟန့် အတား ကြီးဖြစ်သွားစေတယ်လို့ယူဆပါတယ် “ ဟုဆက်လက်ပြောကြားခဲ့ပါတယ်။

ပြစ်ဒဏ်ကျခံနေရသည့် ရိုက်တာသတင်းထောက်(၂)ဦး၏ ဇနီးဖြစ်သူတို့က “ ကျမတို့ကတော့ တစ်ခုခု ပြောင်းလဲလာလိမ့်မယ် လို့ထင်တယ်။ အကောင်းကိုလည်းမျှော်လင့်ထားတာပေါ့။ဒီနေ့ဆုံးဖြတ်တာဟာ ကိုယ်ထင် သလိုဖြစ်မလာတော့စိတ်ထဲမှာတော့ အတော်ဝမ်းနည်းတယ်။ ဒီအခါကြီးတွေမှာပြန်လွတ်မလား လို့မျှော်လင့် တယ်။ အမြဲတမ်းမျှော်လင့်တယ်။ တစ်ခုခုနေ့ထူးနေ့မြတ်မှာ ဆိုသူတို့များ လွတ်မလား ဆိုတဲ့မျှော်လင့်ချက်က မိသားစုတွေမှာအမြဲတမ်းရှိတယ် “လို့ သတင်းထောက်များအားပြောကြားခဲ့ပါတယ်။

ရိုက်တာသတင်းထောက်(၂)ဦးဖြစ်သည့်သတင်းထောက်ကိုကျော်စိုးဦးနှင့်ကိုဝလုံးတို့အား နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ-၃(၁)(ဂ)ဖြင့်မြောက်ပိုင်းခရိုင်တရားရုံးမှ၂၀၁၈ခုနှစ်၊စက်တင် ဘာ လ(၃)ရက် နေ့တွင်ထောင်ဒဏ်(၇)နှစ်ချမှတ်ခံထားရပြီး ယင်းစီရင် ချက်အပေါ် မကျေနပ်သဖြင့် ရန် ကုန်တိုင်းတရားလွှတ် တော်သို့ အယူ ခံများဆက်လက်တင်သွင်းခဲ့သော်လည်း ရန်ကုန်တိုင်း တရားလွှတ်တော် မှဇန်နဝါရီ(၁၁)ရက်နေ့ တွင်အမှုကိုပလပ်ခဲ့သဖြင့် အမြင့်ဆုံးဖြစ်သည့်နေပြည်တော်ရှိပြည် ထောင် စုတရားလွှတ်တော်ချုပ်သို့ မတ်လ(၂၆) ရက်နေ့က ထပ်မံအယူခံတက်ခဲ့ရာယနေ့တွင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှယင်းအယူခံအား ပလပ်ခဲ့ခြင်းဖြစ်ပါတယ်။

PTG
နေပြည်တော်၊ဧပြီ ၂၃

(  Zawgyi  )

 ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္႐ုံးသို႔တင္ျပထားသည့္႐ိုက္တာသတင္းေထာက္ႏွစ္ဦးျဖစ္သည့္ သတင္းေထာက္ကိုေက်ာ္စိုးဦးႏွင့္ ကိုဝလုံးတို႔ ၏အမႈအယူခံေလွ်ာက္ထားမႈအားယေန႔နံနက္ပိုင္းတြင္ ေနျပည္ ေတာ္ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္႐ုံးက ပလပ္ကာ ပယ္ခ်ခဲ့ေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေနဦး ခင္ေမာင္ေဇာ္က သတင္းေထာက္မ်ားအားေျပာၾကားခဲ့ပါတယ္၊
 
“အေျခအေနကေတာ့ျပင္ဆင္မႈကိုပလပ္လိုက္လိုက္ပါတယ္၊ေနာက္တစ္ခါေအာက္႐ုံး(၂)႐ုံးရဲ႕အမိန႔္ေတြကိုအတည္ျပဳလိုက္ပါတယ္။ဒီေန႔ဆိုလို႔ရွိယင္သူတို႔ကိုဆက္ၿပီးအျပစ္ေပးတယ္ေပါ့။မလႊတ္ေပးဘူးေပါ့။ ဘာ ေၾကာင့္ ရယ္လို႔အေၾကာင္းျပခ်က္ မပါေသးဘူး။ အမိန႔္ပိုင္းကိုဘဲ ခ်လိုက္တာ။ ဒီအယူခံကိုပယ္လိုက္ တယ္၊ ပလပ္လိုက္တယ္ “ဟု တရားလႊတ္ေတာ္ေရွ႕ေနဦးခင္ေမာင္ေဇာ္က သတင္းေထာက္မ်ားအား ေျပာၾကား ခဲ့ပါတယ္။

ထိုျပင္ တရားလႊတ္ေတာ္ေရွ႕ေနဦးခင္ေမာင္ေဇာ္က ဆက္ေျပာခဲ့ရာမွာ “ဒီအဆုံးအျဖတ္နဲ႔ပတ္သက္လို႔ စိတ္ပ်က္တယ္ဆိုတာ ကိုေတာ့ေျပာခ်င္ပါ တယ္။ ဒါဟာျမန္မာႏိုင္ငံရဲ႕တရားစီရင္ေရးလြတ္လပ္ခြင့္ကိုေရာျမန္မာ ႏိုင္ငံရဲ႕ဂုဏ္သိကၡာကိုေရာထိခိုက္ေစတယ္။ေနာက္ျမန္မာႏိုင္ငံ မွာရွိ တဲ့ မီဒီယာေတြရဲ႕လြတ္လပ္စြာသတင္း ရွာ ေဖြခြင့္ျဖန႔္ျဖဴးခြင့္ အဲ့ဒါေတြအားလုံးကို အင္မတန္ေၾကာက္စရာေကာင္းေလာက္ တဲ့အတား အျမစ္အဟန႔္ အတား ႀကီးျဖစ္သြားေစတယ္လို႔ယူဆပါတယ္ “ ဟုဆက္လက္ေျပာၾကားခဲ့ပါတယ္။

ျပစ္ဒဏ္က်ခံေနရသည့္ ႐ိုက္တာသတင္းေထာက္(၂)ဦး၏ ဇနီးျဖစ္သူတို႔က “ က်မတို႔ကေတာ့ တစ္ခုခု ေျပာင္းလဲလာလိမ့္မယ္ လို႔ထင္တယ္။ အေကာင္းကိုလည္းေမွ်ာ္လင့္ထားတာေပါ့။ဒီေန႔ဆုံးျဖတ္တာဟာ ကိုယ္ထင္ သလိုျဖစ္မလာေတာ့စိတ္ထဲမွာေတာ့ အေတာ္ဝမ္းနည္းတယ္။ ဒီအခါႀကီးေတြမွာျပန္လြတ္မလား လို႔ေမွ်ာ္လင့္ တယ္။ အၿမဲတမ္းေမွ်ာ္လင့္တယ္။ တစ္ခုခုေန႔ထူးေန႔ျမတ္မွာ ဆိုသူတို႔မ်ား လြတ္မလား ဆိုတဲ့ေမွ်ာ္လင့္ခ်က္က မိသားစုေတြမွာအၿမဲတမ္းရွိတယ္ “လို႔ သတင္းေထာက္မ်ားအားေျပာၾကားခဲ့ပါတယ္။

႐ိုက္တာသတင္းေထာက္(၂)ဦးျဖစ္သည့္သတင္းေထာက္ကိုေက်ာ္စိုးဦးႏွင့္ကိုဝလုံးတို႔အား ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒပုဒ္မ-၃(၁)(ဂ)ျဖင့္ေျမာက္ပိုင္းခ႐ိုင္တရား႐ုံးမွ၂၀၁၈ခုႏွစ္၊စက္တင္ ဘာ လ(၃)ရက္ ေန႔တြင္ေထာင္ဒဏ္(၇)ႏွစ္ခ်မွတ္ခံထားရၿပီး ယင္းစီရင္ ခ်က္အေပၚ မေက်နပ္သျဖင့္ ရန္ ကုန္တိုင္းတရားလႊတ္ ေတာ္သို႔ အယူ ခံမ်ားဆက္လက္တင္သြင္းခဲ့ေသာ္လည္း ရန္ကုန္တိုင္း တရားလႊတ္ေတာ္ မွဇန္နဝါရီ(၁၁)ရက္ေန႔ တြင္အမႈကိုပလပ္ခဲ့သျဖင့္ အျမင့္ဆုံးျဖစ္သည့္ေနျပည္ေတာ္ရွိျပည္ ေထာင္ စုတရားလႊတ္ေတာ္ခ်ဳပ္သို႔ မတ္လ(၂၆) ရက္ေန႔က ထပ္မံအယူခံတက္ခဲ့ရာယေန႔တြင္ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္႐ုံးမွယင္းအယူခံအား ပလပ္ခဲ့ျခင္းျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊ဧၿပီ ၂၃