ရွှေတိဂုံစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူမှု ကျပ်သိန်းပေါင်း သုံးသိန်း ခုနစ်သောင်းကျော် ကုန်ကျခံကာ လုပ်ဆောင်ခဲ့

ရွှေတိဂုံစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူမှု ကျပ်သိန်းပေါင်း သုံးသိန်း ခုနစ်သောင်းကျော် ကုန်ကျခံကာ လုပ်ဆောင်ခဲ့

ရွှေတိဂုံစေတီတော်ကြီးရဲ့ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူတဲ့ လုပ်ငန်းအစီအစဉ်တွေဟာ ယခုဆိုရင် အကုန်လုံး ပြီးစီးသွားခဲ့သလို စုစုပေါင်း ကျပ်သိန်းပေါင်း ၃၇၀၀၀၀ ကျော် ကုန်ကျခံကာ ကပ်လှူပူဇော် ခဲ့တယ်လို့ ဂေါပကအဖွဲ့မှ သိရပါတယ်။

ထိုရွှေသင်္ကန်းတော်ကပ်လှူပူဇော်မှုနဲ့ပတ်သက်တဲ့ ကုသိုလ်တော်အောင်ပွဲအဖြစ် ရေစက်ချအခမ်းအနား တစ်ရပ်ကိုလည်း ယနေ့(ဇွန်လ ၁၇ရက်) မနက်မှာ ကျင်းပခဲ့ပါတယ်။ ထိုအခမ်းအနားအနေနဲ့ ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကိုလည်း မနက် ၅ နာရီခွဲမှာ ကျင်းပခဲ့ပြီး မနက် ၆ နာရီခွဲမှာ သံဃာတော် တွေကို အရုဏ်ဆွမ်းကပ်လှူခဲ့ကာ မနက် ၈ နာရီမှာ အလှူတော်ရေစက်ချ အခမ်းအနား ကျင်းပခဲ့ပါတယ်။

အဆိုပါ ရွှေသင်္ကန်းတော်ကပ်လှူတာကို ငါးနှစ်တစ်ကြိမ်ပြုလုပ်ခဲ့ကာ ၂၀၁၄-၁၅ နောက်ဆုံး အကြိမ်ပြုလုပ်ခဲ့ပြီး ရာသီဥတုအခြေအနေကြောင့် ယိုယွင်းပျက်စီးမှုကို အများပြည်သူတို့မှ စိတ်ချမ်းမြေ့စွာ ဖူးမြော်ကြည်ညိုနိုင်ရေး အတွက် လေးနှစ်အကြာဖြစ်တဲ့ ၂၀၁၈-၁၉ ကာလမှာ ယခုလို ကပ်လှူလုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ “လုပ်ငန်း ကော်မတီ ၁၀ရပ်ဖွဲ့စည်းကာ တာဝန်တွေခွဲဝေရယူပြီး လုပ်ငန်းများလုံခြုံစိတ်ချစွာ စီစဉ်ဆောင်ရွက် နိုင်ဖို့ ဝါးငြမ်းကိုလည်း ကျွမ်းကျင်သူများအဖွဲ့နဲ့ ငြမ်းဆင်ခဲ့ရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၅ရက်ကနေ အောက်တိုဘာလ ၁၀ ရက်အထိ ၄၅ရက်အကြာ အချိန်ယူဆောင်ရွက်ခဲ့တာကြောင့် လုပ်ငန်းကာလ တစ်လျှောက် ထိခိုက်မှုမတော်တဆမှုတွေ မရှိခဲ့ပါဘူး”လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြောကြားပါတယ်။

ယခုရွှေသင်္ကန်းကပ်လှူတဲ့ အစီအစဉ်မှာ ရွှေပိဿာချိန်ပေါင်း ၃၄၈ ပိဿာ၊ ရွှေသင်္ကန်းတော်တွေ ဖြစ်တဲ့ Gold Coating အချပ်ပေါင်း ၂၀၂၆၇ ချပ်၊ Gold Plating အချပ်ပေါင်း ၁၉၀၀ ချပ်တို့ကို ကပ်လှူခဲ့ပြီး မျက်ပါးရွှေဆိုင်း များကိုလည်း ကပ်လှူခဲ့ရာ ပစ္စယာရှစ်မြှောင့်မှာ အဆိုင်းပေါင်း ၁၇၆၉၉ ဆိုင်း၊ စေတီတော်ကြီးရဲ့ ရွှေပြုပြင် ဖြည့်စွက်တဲ့လုပ်ငန်းမှာ အဆိုင်းပေါင်း ၆၇၆ ဆိုင်း၊ စုစုပေါင်း ရွှေဆိုင်းပေါင်း ၁၈၃၇၅ ဆိုင်း ကပ်လှူခဲ့ကာ ရွှေဆိုင်းနဲ့ လုပ်အားခတန်ဖိုးပေါင်း ကျပ်သိန်း ၈၄၀၀ ကျော်ရှိခဲ့ကြောင်း၊ ငြမ်းဆင်ကာလ ၄၅ ရက်၊ ဖြုတ်သိမ်း ကာလ ၂၇ ရက်အချိန်ယူခဲ့ရပြီး ကုန်ကျစရိတ်ကျပ်သိန်းပေါင်း ၁၂၀၀ ကျော်ရှိခဲ့ကာ ဆပ်ကော်မတီအလိုက် အထွေထွေကုန်ကျစရိတ် ကျပ်သိန်းပေါင်း ၂၀၀၀၀ ကျော် ကုန်ကျခဲ့သလို စုစုပေါင်း ကျပ်သိန်းပေါင်း ၃၇၀၀၀၀ ကျော် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဇွန် ၁၇

(   Zawgyi   )

 ေ႐ႊတိဂုံေစတီေတာ္ႀကီးရဲ႕ လုံးေတာ္ျပည့္ေ႐ႊသကၤန္းကပ္လႉတဲ့ လုပ္ငန္းအစီအစဥ္ေတြဟာ ယခုဆိုရင္ အကုန္လုံး ၿပီးစီးသြားခဲ့သလို စုစုေပါင္း က်ပ္သိန္းေပါင္း ၃၇၀၀၀၀ ေက်ာ္ ကုန္က်ခံကာ ကပ္လႉပူေဇာ္ ခဲ့တယ္လို႔ ေဂါပကအဖြဲ႕မွ သိရပါတယ္။

ထိုေ႐ႊသကၤန္းေတာ္ကပ္လႉပူေဇာ္မႈနဲ႔ပတ္သက္တဲ့ ကုသိုလ္ေတာ္ေအာင္ပြဲအျဖစ္ ေရစက္ခ်အခမ္းအနား တစ္ရပ္ကိုလည္း ယေန႔(ဇြန္လ ၁၇ရက္) မနက္မွာ က်င္းပခဲ့ပါတယ္။ ထိုအခမ္းအနားအေနနဲ႔ ဗုဒၶဘိေသက အေနကဇာတင္ မဂၤလာအခမ္းအနားကိုလည္း မနက္ ၅ နာရီခြဲမွာ က်င္းပခဲ့ၿပီး မနက္ ၆ နာရီခြဲမွာ သံဃာေတာ္ ေတြကို အ႐ုဏ္ဆြမ္းကပ္လႉခဲ့ကာ မနက္ ၈ နာရီမွာ အလႉေတာ္ေရစက္ခ် အခမ္းအနား က်င္းပခဲ့ပါတယ္။

အဆိုပါ ေ႐ႊသကၤန္းေတာ္ကပ္လႉတာကို ငါးႏွစ္တစ္ႀကိမ္ျပဳလုပ္ခဲ့ကာ ၂၀၁၄-၁၅ ေနာက္ဆုံး အႀကိမ္ျပဳလုပ္ခဲ့ၿပီး ရာသီဥတုအေျခအေနေၾကာင့္ ယိုယြင္းပ်က္စီးမႈကို အမ်ားျပည္သူတို႔မွ စိတ္ခ်မ္းေျမ့စြာ ဖူးေျမာ္ၾကည္ညိဳႏိုင္ေရး အတြက္ ေလးႏွစ္အၾကာျဖစ္တဲ့ ၂၀၁၈-၁၉ ကာလမွာ ယခုလို ကပ္လႉလုပ္ေဆာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ “လုပ္ငန္း ေကာ္မတီ ၁၀ရပ္ဖြဲ႕စည္းကာ တာဝန္ေတြခြဲေဝရယူၿပီး လုပ္ငန္းမ်ားလုံၿခဳံစိတ္ခ်စြာ စီစဥ္ေဆာင္႐ြက္ ႏိုင္ဖို႔ ဝါးျငမ္းကိုလည္း ကြၽမ္းက်င္သူမ်ားအဖြဲ႕နဲ႔ ျငမ္းဆင္ခဲ့ရာ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ ၁၅ရက္ကေန ေအာက္တိုဘာလ ၁၀ ရက္အထိ ၄၅ရက္အၾကာ အခ်ိန္ယူေဆာင္႐ြက္ခဲ့တာေၾကာင့္ လုပ္ငန္းကာလ တစ္ေလွ်ာက္ ထိခိုက္မႈမေတာ္တဆမႈေတြ မရွိခဲ့ပါဘူး”လို႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးၾကည္မင္းက ေျပာၾကားပါတယ္။

ယခုေ႐ႊသကၤန္းကပ္လႉတဲ့ အစီအစဥ္မွာ ေ႐ႊပိႆာခ်ိန္ေပါင္း ၃၄၈ ပိႆာ၊ ေ႐ႊသကၤန္းေတာ္ေတြ ျဖစ္တဲ့ Gold Coating အခ်ပ္ေပါင္း ၂၀၂၆၇ ခ်ပ္၊ Gold Plating အခ်ပ္ေပါင္း ၁၉၀၀ ခ်ပ္တို႔ကို ကပ္လႉခဲ့ၿပီး မ်က္ပါးေ႐ႊဆိုင္း မ်ားကိုလည္း ကပ္လႉခဲ့ရာ ပစၥယာရွစ္ေျမႇာင့္မွာ အဆိုင္းေပါင္း ၁၇၆၉၉ ဆိုင္း၊ ေစတီေတာ္ႀကီးရဲ႕ ေ႐ႊျပဳျပင္ ျဖည့္စြက္တဲ့လုပ္ငန္းမွာ အဆိုင္းေပါင္း ၆၇၆ ဆိုင္း၊ စုစုေပါင္း ေ႐ႊဆိုင္းေပါင္း ၁၈၃၇၅ ဆိုင္း ကပ္လႉခဲ့ကာ ေ႐ႊဆိုင္းနဲ႔ လုပ္အားခတန္ဖိုးေပါင္း က်ပ္သိန္း ၈၄၀၀ ေက်ာ္ရွိခဲ့ေၾကာင္း၊ ျငမ္းဆင္ကာလ ၄၅ ရက္၊ ျဖဳတ္သိမ္း ကာလ ၂၇ ရက္အခ်ိန္ယူခဲ့ရၿပီး ကုန္က်စရိတ္က်ပ္သိန္းေပါင္း ၁၂၀၀ ေက်ာ္ရွိခဲ့ကာ ဆပ္ေကာ္မတီအလိုက္ အေထြေထြကုန္က်စရိတ္ က်ပ္သိန္းေပါင္း ၂၀၀၀၀ ေက်ာ္ ကုန္က်ခဲ့သလို စုစုေပါင္း က်ပ္သိန္းေပါင္း ၃၇၀၀၀၀ ေက်ာ္ ကုန္က်ခဲ့တယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဇြန္ ၁၇