လယ်ယာမြေသိမ်းဆည်းထားသူအချို့အား မြန်မြန်ဆန်ဆန်ပြန်ပေးရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်းပြောကြား

လယ်ယာမြေသိမ်းဆည်းထားသူအချို့အား  မြန်မြန်ဆန်ဆန်ပြန်ပေးရန်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်းပြောကြား

လယ်ယာမြေသိမ်းဆည်းထားသည့်အဖွဲ့အစည်းနှင့်လူပုဂ္ဂိုလ်အချို့က မူလပိုင်ရှင်ထံပြန်မပေးချင်၍ အချိန်ဆွဲနေမှုများရှိနေပြီး ကိုယ်ပိုင်ဆိုင် သည့်အရာမဟုတ်သည့်အတွက် မြန်မြန်ဆန်ဆန်ပြန်ပေးကြဖို့ နဲ့နှောင့်နှေးကြန့်ကြာမှုတွေ ရှိအောင်မပြုလုပ်ကြဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတိုက်တွန်းပြောကြားလိုက်ပါတယ်။

အဆိုပါပြောကြားမှုကို ဒီကနေ့ ဇွန် ၂၈ ရက်၊နံနက်ပိုင်းအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တွင် ပြုလုပ်ခဲ့ တဲ့နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တောင်သူလယ်သမားများတွေ့ဆုံ ဆွေးနွေးပွဲ မှာမိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာပဲဖြစ်ပါတယ်။

“ကျမတို့တွေ့တဲ့ဟာကတော့ဒီလိုမြေတွေနဲ့ပတ်သက်လို့ရှိရင် သိမ်းထားတဲ့သူတွေ က ပြန်မပေးချင်လို့ အချိန်ဆွဲထားတာတွေ ရှိနေတယ် လို့ပြောပါတယ်။တ ချို့ဟာတွေကျတော့အုပ်ချုပ်ရေးပိုင်းဆိုင်ရာလုပ်နည်းလုပ်ဟန်တွေ လုပ်ထုံးလုပ်နည်းတွေဟာသိပ်ပြီးတော့ မပြီးပြင်လို့ မကြန့်ကြာသင့်ပဲနဲ့ ကြန့်ကြာတာတွေလည်းရှိပါတယ်။အဲ့အထဲမှာလည်းမြေပြင်နဲ့ပတ်သက်ရင် မူလပိုင်ရှင်ဆိုပြီးပြန်ပြီးတော့ တောင်းတဲ့ လူတွေကလည်းပြည့်ပြည့်စုံစုံအထောက်အထားမရှိတာတို့ တခါတလေလည်း မမှန်မကန်ပဲတောင်းတာတို့ ဒါတွေလည်းရှိနေပါတယ်။

အဲ့ဒါအားလုံးဟာ  ဖြောင့်ဖြောင့်မှန်မှန်နဲ့ကိုယ်လုပ်ရမယ့်တာဝန်ကိုကျေပွန်ဖို့အရေးကြီးပါတယ်။ဒါမှလည်းလယ်ယာကိစ္စတွေကို အမြန်ဆုံးဖြေ ရှင်းနိုင် မှာပါ။ တစ်ဖက်တည်းအပြစ်ရှိတယ်လို့လည်းးမသတ်မှတ်ပါဘူး။ဒါပေမယ့်လည်းအခု ဧရာဝတီတိုင်းဝန်ကြီးချုပ်နဲ့ဆွေးနွေးတဲ့အခါမှာ  ပြန်ပေးရမယ့် အဖွဲ့အစည်း ပုဂ္ဂိုလ်တွေက ပြန်ပေးရမယ့် ဟာမှာနှောင့်နှေးနေတ ယ်လို့ကျမကြားရပါတယ်။ နှောင်နှေးနေကြတဲ့ သူများ မနှောင့်နှေးကြဖို့ တိုက်တွန်းပါရစေ။ကိုယ်မပိုင်ဆိုင်တဲကိစ္စကိုဘာလို့ဖက်တွယ်နေကြရမှာလည်း မြန်မြန်ဆန်ဆန်ပြန်ပေးလိုက်တော့ အားလုံးအတွက်လည်းကောင်းပါတ ယ်။ကျမတို့နိုင်ငံအတွက်လည်းကောင်းပါတယ်။ဒီကျမတို့နိုင်ငံကစိုက်ပျိုးရေးကို အခြေခံ တဲ့နိုင်ငံဖြစ်တာ မို့လယ်ယာမြေကိစ္စဟာအင်မတန်မှ အရေးကြီးပါတယ်။”လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

ဒါ့အပြင် မိမိအနေဖြင့် နိုင်ငံအနှံ့အပြားကပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ရသည့်အခါတွင် လူထုကတင်ပြသည့်အထဲမှာ လယ်ယာမြေကိစ္စက ထိပ်ဆုံးက အများဆုံးဖြစ်နေသည်ကို တွေ့ရကြောင်း၊ လယ်ယာမြေပြဿနာများကို အမြန်ဆုံးပြီးပျောက်အောင်ဆောင်ရွက်ပေးရန် တွန်းအားပေး နေရပြီး အချိန်ကာလ သတ်မှတ်ချက်များ သက်မှတ်ထားပေမယ့် လက်တွေ့မြေပြင်တွင် နှစ်နဲ့ချီပြီးစောင့်ဆိုင်းရသည့်ကိစ္စရပ်များ များစွာ ကျန်နေသေးသည်ကို စီစစ်တွေ့ရှိရကြောင်း၊ ယင်းသို့ဖြစ်ရခြင်းမှာ ဝန်ထမ်းအင်အားမလုံလောက်သောကြောင့်လား၊ လုပ်နည်းလုပ်ထုံးတွေက ကြန့်ကြာနေသည့်အတွက်လား၊ တာဝန်ယူတာဝန်ခံမှုမရှိဘဲ ဟိုဘက်ဒီဘက်စာတွေလွဲနေလို့ မပြီးပြတ်သည်လားဆိုသည်များကို သေသေချာချာ သုံးသပ်လေ့လာပြီး လိုအပ်တာမှန်သမျှ ဖြည့်ဆည်းဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရများကို တိုက်တွန်းထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

“ကျမတို့နိုင်ငံရဲ့လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဆိုလို့ရှိရင် ဒီကနေ့တက်ရောက်လာတဲ့သူအချင်းချင်းပူးပေါင်းဆောင်ရွက်ကြဖို့ တက်ရောက် လာကြတဲ့ သူ အချင်းချင်းစာနာနားလည်ကြဖို့ ရိုင်းပင်းကူညီကြဖို့ အထူးပဲအရေးကြီးလှပါတယ်။အထူးသဖြင့် ကျမတို့တောင်သူလယ်သမားတွေ အနေနဲ့ ကုန်သည်၊စက်ပိုင်ရှင်  စက်ပိုင်ရှင်တွေကြားမှာခိုင်မာပြီးရေရှည်တည်တံ့မယ့် နားလည်မှု၊စာနာမှုတွေ ရှိရမှာဖြစ် ပါတယ်။ ဒီလိုမျိုးတွေ တည်ဆောက်နိုင်အောင်အစိုးရဌာနဆိုင်ရာတွေက လည်းတောင်သူလယ်သမားတွေရဲ့လိုအပ်ချက်  လယ်ယာစီးပွား လုပ်ငန်းရှင် ကုမ္ပဏီတွေ ရဲ့လိုအပ်ချက်တွေကို နည်းမှန်၊လမ်းမှန် ကူညီဆောင်ရွက်ပေးဖို့လိုပါတယ်။ဌာနဆိုင်ရာအပိုင်းမှာဆိုရင် ငွေစာရင်းဌာန၊စိုက်ပျိုးရေးဌာန ၊စက်မှုလယ်ယာဌာနတွေဟာတောင်သူလယ်သမားတွေနဲ့တိုက်ရိုက် ထိတွေ့ဆက်ဆံပြီး နိုင်ငံတော်အစိုးရ ကိုယ်စားဝန်ဆောင်မှုပေးနေရ တာဖြစ်လို့ဒီဌာနတွေအနေနဲ့ တောင်သူလယ်သမားတွေကို ရင်းနှီးနွေးထွေးစွာကူညီပေးဖို့လိုပါတယ်။ နီးနီးစပ်စပ်အတူတကွ ပုံမှန်ထိတွေ့ ဆက်ဆံပြီး လုပ်ပေးနိုင်တာတွေကိုလုပ်ပေးရမှာဖြစ်ပါတယ်။လုပ်ပေးရမှာတွေကိုလည်းနှောင့်နှေးကြန့်ကြာမှုမရှိပဲလုပ်ဆောင်ဖို့လိုပါတယ်။

အရေးကြီးပါတယ်။မလုပ်ပေးနိုင်သေးတဲ့ကိစ္စတွေဆိုလည်းမလုပ်ပေးနိုင်ရတဲ့အကြောင်းအရင်းကိုရိုးရိုးသားသားနဲ့ပွင့်ပွင့်လင်းလင်းရှင်းပြဖို့လိုပါတယ်။”လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ၎င်း၏မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါသေးတယ်။ ဒီကနေ့ ဧရာဝတီ တိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်မှာပြုလုပ်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တောင်သူလယ်သမားများတွေ့ဆုံပွဲသို့ ဒေသခံတောင်သူလယ်သမား ၁၉၆၃ ဦး၊ဖိတ်ကြားထားသည့်လုပ်ငန်းရှင် ၄၀၀ ဦးနှင့်လွှတ်တော်ကိုယ်စာလှယ်များ အပါအဝင် ဌာနဆိုင်ရာမှတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ဓနုဖြူ၊ဇွန် ၂၈
photo - Thant Zin

(  Zawgyi  )

လယ္ယာေျမသိမ္းဆည္းထားသည့္အဖြဲ႔အစည္းႏွင့္လူပုဂၢိဳလ္အခ်ိဳ႕က မူလပိုင္ရွင္ထံျပန္မေပးခ်င္၍ အခ်ိန္ဆြဲေနမႈမ်ားရွိေနျပီး ကုိယ္ပုိင္ဆုိင္ သည့္အရာမဟုတ္သည့္အတြက္ ျမန္ျမန္ဆန္ဆန္ျပန္ေပးၾကဖုိ႔ နဲ႔ေႏွာင့္ေႏွးၾကန္႔ၾကာမႈေတြ ရွိေအာင္မျပဳလုပ္ၾကဖို႔ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကတုိက္တြန္းေျပာၾကားလုိက္ပါတယ္။

အဆုိပါေျပာၾကားမႈကုိ ဒီကေန႔ ဇြန္ ၂၈ ရက္၊နံနက္ပုိင္းအခ်ိန္က ဧရာ၀တီတုိင္းေဒသၾကီး၊ ဓႏုျဖဴျမိဳ႕နယ္တြင္ ျပဳလုပ္ခဲ့ တဲ့ႏုိင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢဳိလ္ႏွင့္ ေတာင္သူလယ္သမားမ်ားေတြ႔ဆုံ ေဆြးေႏြးပြဲ မွာမိန္႔ခြန္းေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားခဲ့တာပဲျဖစ္ပါတယ္။

“က်မတို႔ေတြ႔တဲ့ဟာကေတာ့ဒီလုိေျမေတြနဲ႔ပတ္သက္လုိ႔ရွိရင္ သိမး္ထားတဲ့သူေတြ က ျပန္မေပးခ်င္လုိ႔ အခ်ိန္ဆြဲထားတာေတြ ရွိေနတယ္ လုိ႔ေျပာပါတယ္။တ ခ်ိဳ႕ဟာေတြက်ေတာ့အုပ္ခ်ဳပ္ေရးပုိင္းဆုိင္ရာလုပ္နည္းလုပ္ဟန္ေတြ လုပ္ထုံးလုပ္နည္းေတြဟာသိပ္ျပီးေတာ့ မျပီးျပင္လုိ႔ မၾကန႔္ၾကာသင့္ပဲနဲ႔ ၾကန္႔ၾကာတာေတြလည္းရွိပါတယ္။အဲ့အထဲမွာလည္းေျမျပင္နဲ႔ပတ္သက္ရင္ မူလပုိင္ရွင္ဆုိျပီးျပန္ျပီးေတာ့ ေတာင္းတဲ့ လူေတြကလည္းျပည့္ျပည့္စုံစုံအေထာက္အထားမရွိတာတုိ႔ တခါတေလလည္း မမွန္မကန္ပဲေတာင္းတာတုိ႔ ဒါေတြလည္းရွိေနပါတယ္။

အဲ့ဒါအားလုံးဟာ  ေျဖာင့္ေျဖာင့္မွန္မွန္နဲ႔ကုိယ္လုပ္ရမယ့္တာ၀န္ကုိေက်ပြန္ဖုိ႔အေရးၾကီးပါတယ္။ဒါမွလည္းလယ္ယာကိစၥေတြကုိ အျမန္ဆုံးေျဖ ရွင္းႏုိင္ မွာပါ။ တစ္ဖက္တည္းအျပစ္ရွိတယ္လုိ႔လည္းးမသတ္မွတ္ပါဘူး။ဒါေပမယ့္လည္းအခု ဧရာ၀တီတုိင္း၀န္ၾကီးခ်ဳပ္နဲ႔ေဆြးေႏြးတဲ့အခါမွာ  ျပန္ေပးရမယ့္ အဖြဲ႕အစည္း ပုဂၢိဳလ္ေတြက ျပန္ေပးရမယ့္ ဟာမွာေႏွာင့္ေႏွးေနတယ္လုိ႔က်မၾကားရပါတယ္။ ေနွာင္ေႏွးေနၾကတဲ့ သူမ်ား မေႏွာင့္ေႏွးၾကဖုိ႔ တိုက္တြန္းပါရေစ။ကုိယ္မပိုင္ဆုိင္တဲကိစၥကုိဘာလုိ႔ဖက္တြယ္ေနၾကရမွာလည္း ျမန္ျမန္ဆန္ဆန္ျပန္ေပးလုိက္ေတာ့ အားလုံးအတြက္လည္းေကာင္းပါတ ယ္။က်မတို႔ႏုိင္ငံအတြက္လည္းေကာင္းပါတယ္။ဒီက်မတုိ႔ႏုိင္ငံကစုိက္ပ်ိဳးေရးကုိ အေျခခံ တဲ့ႏုိင္ငံျဖစ္တာ မုိ႔လယ္ယာေျမကိစၥဟာအင္မတန္မွ အေရးၾကီးပါတယ္။”လုိ႔ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ မိမိအေနျဖင့္ ႏုိင္ငံအႏွ႔ံအျပားကျပည္သူမ်ားႏွင့္ တုိက္ရိုက္ထိေတြ႔ရသည့္အခါတြင္ လူထုကတင္ျပသည့္အထဲမွာ လယ္ယာေျမကိစၥက ထိပ္ဆံုးက အမ်ားဆံုးျဖစ္ေနသည္ကို ေတြ႔ရေၾကာင္း၊ လယ္ယာေျမျပႆနာမ်ားကို အျမန္ဆံုးၿပီးေပ်ာက္ေအာင္ေဆာင္ရြက္ေပးရန္ တြန္းအားေပး
ေနရၿပီး အခ်ိန္ကာလသတ္မွတ္ခ်က္မ်ား သက္မွတ္ထားေပမယ့္ လက္ေတြ႔ေျမျပင္တြင္ ႏွစ္နဲ႔ခ်ီၿပီးေစာင့္ဆိုင္းရသည့္ကိစၥရပ္မ်ား မ်ားစြာ က်န္ေနေသးသည္ကို စီစစ္ေတြ႔ရွိရေၾကာင္း၊ ယင္းသို႔ျဖစ္ရျခင္းမွာ ၀န္ထမ္းအင္အားမလံုေလာက္ေသာေၾကာင့္လား၊ လုပ္နည္းလုပ္ထံုးေတြက ၾကန္႔ၾကာေနသည့္အတြက္လား၊ တာ၀န္ယူတာ၀န္ခံမႈမရွိဘဲ ဟိုဘက္ဒီဘက္စာေတြလြဲေနလုိ႔ မၿပီးျပတ္သည္လားဆိုသည္မ်ားကို ေသေသခ်ာခ်ာ သံုးသပ္ေလ႔လာၿပီး လိုအပ္တာမွန္သမွ် ျဖည့္ဆည္းေဆာင္ရြက္ရန္ သက္ဆိုင္ရာ၀န္ႀကီးဌာနမ်ား၊ တိုင္းေဒသႀကီးနဲ႔ျပည္နယ္အစုိုးရမ်ားကို တုိက္တြန္းထားတယ္လုိ႔ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္က ေျပာၾကားခဲ့ပါတယ္။

“က်မတုိ႔ႏုိင္ငံရဲ႕လယ္ယာက႑ဖြံ႔ျဖိဳးတုိးတက္ဖို႔ဆုိလုိ႔ရွိရင္ ဒီကေန႔တက္ေရာက္လာတဲ့သူအခ်င္းခ်င္းပူးေပါင္းေဆာင္ရြက္ၾကဖုိ႔ တက္ေရာက္ လာၾကတဲ့ သူ အခ်င္းခ်င္းစာနာနားလည္ၾကဖုိ႔ ရုိင္းပင္းကူညီၿကဖို႔ အထူးပဲအေရးၾကီးလွပါတယ္။အထူးသျဖင့္ က်မတို႔ေတာင္သူလယ္သမားေတြ အေနနဲ႔ ကုန္သည္၊စက္ပုိင္ရွင္  စက္ပုိင္ရွင္ေတြၾကားမွာခုိင္မာျပီးေရရွည္တည္တ့ံမယ့္ နားလည္မႈ၊စာနာမႈေတြ ရွိရမွာျဖစ္ ပါတယ္။ ဒီလုိမ်ိဳးေတြ တည္ေဆာက္ႏုိင္ေအာင္အစုိးရဌာနဆုိင္ရာေတြက လည္းေတာင္သူလယ္သမားေတြရဲ႕လုိအပ္ခ်က္  လယ္ယာစီးပြား လုပ္ငနး္ရွင္ ကုမၸဏီေတြ ရဲ႕လုိအပ္ခ်က္ေတြကုိ နည္းမွန္၊လမ္းမွန္ ကူညီေဆာင္ရြက္ေပးဖုိ႔လုိပါတယ္။ဌာနဆုိင္ရာအပုိင္းမွာဆုိရင္ ေငြစာရင္းဌာန၊စုိက္ပ်ိဳးေရးဌာန ၊စက္မႈလယ္ယာဌာနေတြဟာေတာင္သူလယ္သမားေတြနဲ႔တုိက္ရုိက္ ထိေတြ႔ဆက္ဆံျပီး ႏုိင္ငံေတာ္အစုိးရ ကိုယ္စား၀န္ေဆာင္မႈေပးေနရ တာျဖစ္လုိ႔ဒီဌာနေတြအေနနဲ႔ ေတာင္သူလယ္သမားေတြကုိ ရင္းႏွီးေႏြးေထြးစြာကူညီေပးဖို႔လုိပါတယ္။ နီးနီးစပ္စပ္အတူတကြ ပုံမွန္ထိေတြ႔ ဆက္ဆံျပီး လုပ္ေပးႏုိင္္တာေတြကုိလုပ္ေပးရမွာျဖစ္ပါတယ္။လုပ္ေပးရမွာေတြကုိလည္းေႏွာင့္ေႏွးၾကန္႕ၾကာမႈမရွိပဲလုပ္ေဆာင္ဖို႔လုိပါတယ္။

အေရးၾကီးပါတယ္။မလုပ္ေပးႏုိင္ေသးတဲ့ကိစၥေတြဆုိလည္းမလုပ္ေပးႏုိင္ရတဲ့အေၾကာင္းအရင္းကုိရုိးရုိးသားသားနဲ႔ပြင့္ပြင့္လင္းလင္းရွင္းျပဖို႔လုိပါတယ္။”လုိ႔ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ က ၎၏မိန္႔ခြန္းမွာထည့္သြင္းေျပာၾကားခဲ့ပါေသးတယ္။ ဒီကေန႔ ဧရာ၀တီ တုိင္းေဒသၾကီး၊ ဓႏုျဖဴျမိဳ႕နယ္မွာျပဳလုပ္တဲ့ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ႏွင့္ေတာင္သူလယ္သမားမ်ားေတြ႔ဆုံပြဲသုိ႔ ေဒသခံေတာင္သူလယ္သမား ၁၉၆၃ ဦး၊ဖိတ္ၾကားထားသည့္လုပ္ငန္းရွင္ ၄၀၀ ဦးႏွင့္လႊတ္ေတာ္ကိုယ္စာလွယ္မ်ား အပါအ၀င္ ဌာနဆိုင္ရာမွတာ၀န္ရွိပုဂၢိဳလ္မ်ား တက္ေရာက္ ခဲ့ၾကတယ္လုိ႔လည္း သိရပါတယ္။

ေျပသိမ္း
ဓႏုျဖဴ၊ဇြန္ ၂၈
photo - Thant Zin