လုပ်ငန်းသုံးကုန်ပစ္စည်းများအပါအဝင် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှု ခြောက်လအတွင်းကန်ဒေါ်လာ ၉ဘီလျံကျော်ရှိလာ

လုပ်ငန်းသုံးကုန်ပစ္စည်းများအပါအဝင် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှု  ခြောက်လအတွင်းကန်ဒေါ်လာ ၉ဘီလျံကျော်ရှိလာ

ကုန်သွယ်ရေးဦးစီးဌာနထုတ်ပြန်ချက်အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်သစ် ခြောက်လကျော်ကာလအတွင်း ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုမှာ ပြီးကန်ဒေါ်လာ ၉ဘီလျံကျော်ရှိလာပြီးမတ် ၉ ရက်မှ ဧပြီ ၅ ရက် အထိကုန်ပစ္စည်းတင်သွင်းမှုမှာကန်ဒေါ်လာ ၁၅၁၄ ဒသမ ၆၆၃ သန်းရှိကြောင်းသိရပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနကထုတ်ပြန်သည့် ကာလတူပုံမှန်/နယ်စပ် ပြည်ပသွင်းကုန်အုပ်စုအလိုက် နှိုင်းယှဉ်တင်ပြခြင်း (ပြည်ပသွင်း ကုန်အုပ်စု အလိုက် ကာလတူ နှိုင်းယှဉ်တင်ပြခြင်းစာရင်းများ) အရလုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းတင်သွင်းမှုမှာကန်ဒေါ်လာ ၅၈၀ ဒသမ ၈၈၄ သန်းရှိခဲ့ကာမတ်လအတွင်း ပြည်ပမှ တင် သွင်းသည့် ပမာဏ၏ သုံးပုံတစ်ပုံခန့်ရှိကြောင်းသိရပါတယ်။

“ ဒီရက်ပိုင်းတင်သွင်းမှုကဘတ်ဂျက်ပိတ်ကာလရောက်လို့ သိပ်မသွင်းကျတော့ဘူး။ အထူးသဖြင့် ဆောက်လုပ်ရေးပစ္စည်းတွေ ဝင်တာ နည်းသွားတယ်။ စက်မှုလုပ်ငန်းသုံးစက်ပစ္စည်းတွေ ကုန်ကြမ်းတွေ သွင်းတာနည်းသွားတယ်။ CMP လို့ လက်ခစားအလုပ်တွေလည်းပါတယ်”လို့ ဆိပ်ကမ်းရှင်းလင်းရေးလုပ်ကိုင်သူတစ်ဦးကဆိုပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အောက်တိုဘာ ၁ ရက်မှ ဧပြီ ၅ ရက်အထိခြောက်လတာကာလအတွင်း ပြည်ပမှ ကုန်ပစ္စည်းတင် သွင်းမှုတန်ဖိုး မှာရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအမေရိကန် ဒေါ်လာ၃၀၀၄ ဒသမ၁၀၂သန်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းအမေရိကန် ဒေါ်လာ ၃၄၄၈ ဒသမ ၆၇၃သန်း၊ လူသုံးကုန်ပစ္စည်းအမေရိကန် ဒေါ်လာ  ၁၇၁၄ ဒသမ ၉၅၁သန်းဖိုးနှင့် CMP မှ အမေရိကန်ဒေါ်လာ၁၁၅၄ ဒသမ၈၉၄သန်း ဖိုးတင်သွင်းခဲ့ပါတယ်။

ယခုတင်သွင်းသည့်ပမာဏမှာယခင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကာလတူတင်သွင်းခဲ့သည့် ပမာဏအမေရိကန်ဒေါ်လာ ၉၉၆၁ ဒသမ ၃၆၇သန်း ထက် အမေရိကန်ဒေါ်လာ ၆၃၉ ဒသမ၄၇၃သန်းကျော်လျော့နည်း တင်သွင်းထားပြီး အထူးသဖြင့် ရင်းနှီးမြှုပ်နှံ မှုကုန်ပစ္စည်းတင်သွင်းမှုတွင် ယခင်ကာလတူထက် အမေရိကန် ဒေါ်လာ၃၅၅ဒသမ ၃၇၁ သန်းလျော့နည်းတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ယခုဘဏ္ဍာနှစ် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအမေရိကန် ဒေါ်လာ ၃၀၀၄ဒသမ ၁၁၂သန်းတွင်  နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၅၀၅ ဒသမ ၁၉၈ သန်း၊ပုဂ္ဂလိကပိုင် ကဏ္ဍမှ အမေရိကန်ဒေါ်လာ၂၄၉၈ဒသမ၉၁၄သန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း အမေရိကန်ဒေါ်လာ၃၄၄၈ဒသမ၆၇၃ သန်းတွင် နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ၁၀၄ဒသမ၆၁၈သန်း၊ ပုဂ္ဂလိကပိုင်ကဏ္ဍမှ အမေရိကန်ဒေါ် လာ ၃၃၄၄ ဒသမ၀၅၅ သန်း၊ လူသုံးကုန်ပစ္စည်းအမေရိကန် ဒေါ်လာ ၁၇၁၄ ဒသမ၉၅၁သန်းဖိုးတွင် နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ၂၅ ဒသမ ၇၃၅သန်း၊ပုဂ္ဂလိကပိုင်ကဏ္ဍမှ အမေရိကန် ဒေါ်လာ၁၆၈၉ ဒသမ၂၁၆ သန်း၊ CMP စနစ်ဖြင့် တင်သွင်းမှုအမေရိကန်ဒေါ်လာ၁၁၅၄ဒသမ ၁၅၈သန်းတွင် ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၁၅၄ဒသမ ၁၅၈သန်းဖိုးတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

PWA
ရန်ကုန်၊ ဧပြီ ၂၃
Photo Credit:Bloomberg
 

(  Zawgyi  )

 ကုန္သြယ္ေရးဦးစီးဌာနထုတ္ျပန္ခ်က္အရ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္သစ္ ေျခာက္လေက်ာ္ကာလအတြင္း ျပည္ပမွ ကုန္ပစၥည္းတင္သြင္းမႈမွာ ၿပီးကန္ေဒၚလာ ၉ဘီလ်ံေက်ာ္ရွိလာၿပီးမတ္ ၉ ရက္မွ ဧၿပီ ၅ ရက္ အထိကုန္ပစၥည္းတင္သြင္းမႈမွာကန္ေဒၚလာ ၁၅၁၄ ဒသမ ၆၆၃ သန္းရွိေၾကာင္းသိရပါတယ္။

ကုန္သြယ္ေရးဦးစီးဌာနကထုတ္ျပန္သည့္ ကာလတူပုံမွန္/နယ္စပ္ ျပည္ပသြင္းကုန္အုပ္စုအလိုက္ ႏႈိင္းယွဥ္တင္ျပျခင္း (ျပည္ပသြင္း ကုန္အုပ္စု အလိုက္ ကာလတူ ႏႈိင္းယွဥ္တင္ျပျခင္းစာရင္းမ်ား) အရလုပ္ငန္းသုံးကုန္ၾကမ္းပစၥည္းတင္သြင္းမႈမွာကန္ေဒၚလာ ၅၈၀ ဒသမ ၈၈၄ သန္းရွိခဲ့ကာမတ္လအတြင္း ျပည္ပမွ တင္ သြင္းသည့္ ပမာဏ၏ သုံးပုံတစ္ပုံခန႔္ရွိေၾကာင္းသိရပါတယ္။

“ ဒီရက္ပိုင္းတင္သြင္းမႈကဘတ္ဂ်က္ပိတ္ကာလေရာက္လို႔ သိပ္မသြင္းက်ေတာ့ဘူး။ အထူးသျဖင့္ ေဆာက္လုပ္ေရးပစၥည္းေတြ ဝင္တာ နည္းသြားတယ္။ စက္မႈလုပ္ငန္းသုံးစက္ပစၥည္းေတြ ကုန္ၾကမ္းေတြ သြင္းတာနည္းသြားတယ္။ CMP လို႔ လက္ခစားအလုပ္ေတြလည္းပါတယ္”လို႔ ဆိပ္ကမ္းရွင္းလင္းေရးလုပ္ကိုင္သူတစ္ဦးကဆိုပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ေအာက္တိုဘာ ၁ ရက္မွ ဧၿပီ ၅ ရက္အထိေျခာက္လတာကာလအတြင္း ျပည္ပမွ ကုန္ပစၥည္းတင္ သြင္းမႈတန္ဖိုး မွာရင္းႏွီးျမႇဳပ္ႏွံမႈကုန္ပစၥည္းအေမရိကန္ ေဒၚလာ၃၀၀၄ ဒသမ၁၀၂သန္း၊ လုပ္ငန္းသုံးကုန္ၾကမ္းပစၥည္းအေမရိကန္ ေဒၚလာ ၃၄၄၈ ဒသမ ၆၇၃သန္း၊ လူသုံးကုန္ပစၥည္းအေမရိကန္ ေဒၚလာ  ၁၇၁၄ ဒသမ ၉၅၁သန္းဖိုးႏွင့္ CMP မွ အေမရိကန္ေဒၚလာ၁၁၅၄ ဒသမ၈၉၄သန္း ဖိုးတင္သြင္းခဲ့ပါတယ္။

ယခုတင္သြင္းသည့္ပမာဏမွာယခင္ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္ကာလတူတင္သြင္းခဲ့သည့္ ပမာဏအေမရိကန္ေဒၚလာ ၉၉၆၁ ဒသမ ၃၆၇သန္း ထက္ အေမရိကန္ေဒၚလာ ၆၃၉ ဒသမ၄၇၃သန္းေက်ာ္ေလ်ာ့နည္း တင္သြင္းထားၿပီး အထူးသျဖင့္ ရင္းႏွီးျမႇဳပ္ႏွံ မႈကုန္ပစၥည္းတင္သြင္းမႈတြင္ ယခင္ကာလတူထက္ အေမရိကန္ ေဒၚလာ၃၅၅ဒသမ ၃၇၁ သန္းေလ်ာ့နည္းတင္သြင္းခဲ့တယ္လို႔ သိရပါတယ္။

ယခုဘ႑ာႏွစ္ ျပည္ပမွ ကုန္ပစၥည္းတင္သြင္းမႈတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈကုန္ပစၥည္းအေမရိကန္ ေဒၚလာ ၃၀၀၄ဒသမ ၁၁၂သန္းတြင္  ႏိုင္ငံပိုင္က႑မွ အေမရိကန္ေဒၚလာ ၅၀၅ ဒသမ ၁၉၈ သန္း၊ပုဂၢလိကပိုင္ က႑မွ အေမရိကန္ေဒၚလာ၂၄၉၈ဒသမ၉၁၄သန္း၊ လုပ္ငန္းသုံး ကုန္ၾကမ္းပစၥည္း အေမရိကန္ေဒၚလာ၃၄၄၈ဒသမ၆၇၃ သန္းတြင္ ႏိုင္ငံပိုင္က႑မွ အေမရိကန္ေဒၚလာ၁၀၄ဒသမ၆၁၈သန္း၊ ပုဂၢလိကပိုင္က႑မွ အေမရိကန္ေဒၚ လာ ၃၃၄၄ ဒသမ၀၅၅ သန္း၊ လူသုံးကုန္ပစၥည္းအေမရိကန္ ေဒၚလာ ၁၇၁၄ ဒသမ၉၅၁သန္းဖိုးတြင္ ႏိုင္ငံပိုင္က႑မွ အေမရိကန္ေဒၚလာ၂၅ ဒသမ ၇၃၅သန္း၊ပုဂၢလိကပိုင္က႑မွ အေမရိကန္ ေဒၚလာ၁၆၈၉ ဒသမ၂၁၆ သန္း၊ CMP စနစ္ျဖင့္ တင္သြင္းမႈအေမရိကန္ေဒၚလာ၁၁၅၄ဒသမ ၁၅၈သန္းတြင္ ပုဂၢလိကက႑မွ အေမရိကန္ေဒၚလာ ၁၁၅၄ဒသမ ၁၅၈သန္းဖိုးတင္သြင္းခဲ့တယ္လို႔ သိရပါတယ္။

PWA
ရန္ကုန္၊ ဧၿပီ ၂၃
Photo Credit:Bloomberg