ဝက်သားဟင်းနှင့်နတ်ပူဇော်သည့် စစ်ကိုင်းမြို့ သာဒွန်းရွာက ရိုးရာနတ်ပွဲတော်

  ဝက်သားဟင်းနှင့်နတ်ပူဇော်သည့် စစ်ကိုင်းမြို့ သာဒွန်းရွာက ရိုးရာနတ်ပွဲတော်  စစ်ကိုင်းမြို့ သာဒွန်းကျေးရွာမှာ 

စစ်ကိုင်းမြို့ သာဒွန်းကျေးရွာမှာ နှစ်စဉ်ကျင်းပနေကျ ဝက်သားဟင်းနဲ့ နတ်ပူဇော်ပသတဲ့ရိုးရာ နတ်ပွဲတော် ကို ဒီနေ့မွန်းလွဲပိုင်းကကျင်းပခဲ့ပါတယ်။“ဒီမှာတော့ မြင်းဖြူရှင် ဘိုးတော်ကြီးနတ် လို့ခေါ်ကြတာပေါ့ဗျာ၊ ကျွန်တော်တို့ဘိုးဘွားတွေလက်ထက်ကတည်းက ရိုးရာမပြတ်လုပ် ခဲ့ကြတာနှစ်ပေါင်း ၁၅၀ လောက်ရှိနေပြီ ဝက်သားနဲ့နတ်တင်တာဆိုတော့ ထူးခြားမှုလို့ပြောလို့ရပါတယ်၊ အခုဆိုရင် တစ်ခြားမြို့တွေကပါ လာကုန်ကြပါပြီ တစ်နှစ်တစ်နှစ် အဓိဋ္ဌာန်အောင်သွားကြလို့ လာကြ တာပါ" လို့ နတ်ပွဲကျင်းပရေးအဖွဲ့ရဲ့ဦးဆောင်သူ ကျေးရွာဥက္ကဋ္ဌဦးအောင်ခင်ကပြောပါတယ်။

မြန်မာနိုင်ငံမှာကျင်းပသမျှနတ်ပွဲလမ်းသဘင်တွေမှာ ဝက်သားဟင်းနဲ့ ပူဇော်ပသတဲ့နတ်ပွဲ မရှိ သလောက် ရှားပါးတယ်လို့သိရပြီး သာဒွန်းကျေးရွာနတ်ပွဲကတော့ ထူးခြားမှုတစ်ခုအဖြစ် ဒီနေ့ အထိတိုင်အောင်ကျင်းပနေတာဖြစ်ပါတယ်။သာဒွန်းကျေးရွာက ဝက်သားဟင်းနဲ့ပူျဇာ်ပသတဲ့နတ်ပွဲကို နှစ်စဉ်နတ်တော်လပြည့်ကျော် ၅ ရက်နေ့မှာကျင်းပလေ့ရှိတာဖြစ်တယ်လို့သိရပါတယ်။

"လပြည့်ကျော် ၅ ရက်နေ့ရောက်တိုင်းကျင်းပတာပါ၊ တစ်ခြားရက်မရပါဘူး၊ အဲ လပြည့်ကျော် ၅ ရက်နေ့က ဗုဒ္ဓဟူးနေ့ဆိုရင်တော့မကျင်းပရပါဘူး ဒါအစဉ်အလာအတိုင်းလုပ်ရတာပါ အဲလို အခြေ အနေမှာဆိုရင် လပြည့်ကျော် ၇ ရက်နေ့မှာကျင်းပပါတယ် ဒီနတ်ပွဲက ရိုးရာဓလေ့လည်းဟုတ်တယ် ယုံကြည်မှုနဲ့ပူဇော်ပသရင်း အောင်သွားကြသူတွေတစ်ဖြည်းဖြည်းများလာလို့လည်း ခုထိပျောက် ပျက်မသွားသေးပါဘူး နောင်လည်းဆက်ရှိနေဉိးမှာပါ" လို့လည်း ၎င်းကဆိုပါတယ်။

သာဒွန်းကျေးရွာနတ်ပွဲကျင်းပပုံကတော့ သန့်စင်အောင်ဆေးကြောထားတဲ့ကြွေပန်းကန်ပြားပေါ်မှာ ထမင်းဖြူ၊ ကောက်ညှင်း၊ ငါးရံ့ခြောက်၊ ကောက်ညှင်းနဲ့ပြုလုပ်ထားတဲ့မုန့်၊ ငါးပိကြော်၊ အုန်းသီးခြစ် စတာတွေကို ငှက်ပျောသီး အုန်းသီးတွေနဲ့အတူနတ်နန်းပေါ် မှာပူဇော်ပသ ရတာ ဖြစ်ပြီး ကျေးရွာဒေသခံတွေကတော့အသင့်ချက်ပြုတ်ပြင်ဆင်ထားတဲ့ဝက်သားဗြုန်းစပ်(ဝက်သားဆန်ပြုတ်)နဲ့အစားအသောက်တွေနဲ့ပူဇော်ကြတာပါ။

KT
 စစ်ကိုင်း ၊ ဇွန် ၂၂

(  Zawgyi  )

 စစ္ကိုင္းၿမိဳ႕ သာဒြန္းေက်း႐ြာမွာ ႏွစ္စဥ္က်င္းပေနက် ဝက္သားဟင္းနဲ႔ နတ္ပူေဇာ္ပသတဲ့႐ိုးရာ နတ္ပြဲေတာ္ ကို ဒီေန႔မြန္းလြဲပိုင္းကက်င္းပခဲ့ပါတယ္။“ဒီမွာေတာ့ ျမင္းျဖဴရွင္ ဘိုးေတာ္ႀကီးနတ္ လို႔ေခၚၾကတာေပါ့ဗ်ာ၊ ကြၽန္ေတာ္တို႔ဘိုးဘြားေတြလက္ထက္ကတည္းက ႐ိုးရာမျပတ္လုပ္ ခဲ့ၾကတာႏွစ္ေပါင္း ၁၅၀ ေလာက္ရွိေနၿပီ ဝက္သားနဲ႔နတ္တင္တာဆိုေတာ့ ထူးျခားမႈလို႔ေျပာလို႔ရပါတယ္၊ အခုဆိုရင္ တစ္ျခားၿမိဳ႕ေတြကပါ လာကုန္ၾကပါၿပီ တစ္ႏွစ္တစ္ႏွစ္ အဓိ႒ာန္ေအာင္သြားၾကလို႔ လာၾက တာပါ" လို႔ နတ္ပြဲက်င္းပေရးအဖြဲ႕ရဲ႕ဦးေဆာင္သူ ေက်း႐ြာဥကၠ႒ဦးေအာင္ခင္ကေျပာပါတယ္။

ျမန္မာႏိုင္ငံမွာက်င္းပသမွ်နတ္ပြဲလမ္းသဘင္ေတြမွာ ဝက္သားဟင္းနဲ႔ ပူေဇာ္ပသတဲ့နတ္ပြဲ မရွိ သေလာက္ ရွားပါးတယ္လို႔သိရၿပီး သာဒြန္းေက်း႐ြာနတ္ပြဲကေတာ့ ထူးျခားမႈတစ္ခုအျဖစ္ ဒီေန႔ အထိတိုင္ေအာင္က်င္းပေနတာျဖစ္ပါတယ္။သာဒြန္းေက်း႐ြာက ဝက္သားဟင္းနဲ႔ပူ်ဇာ္ပသတဲ့နတ္ပြဲကို ႏွစ္စဥ္နတ္ေတာ္လျပည့္ေက်ာ္ ၅ ရက္ေန႔မွာက်င္းပေလ့ရွိတာျဖစ္တယ္လို႔သိရပါတယ္။

"လျပည့္ေက်ာ္ ၅ ရက္ေန႔ေရာက္တိုင္းက်င္းပတာပါ၊ တစ္ျခားရက္မရပါဘူး၊ အဲ လျပည့္ေက်ာ္ ၅ ရက္ေန႔က ဗုဒၶဟူးေန႔ဆိုရင္ေတာ့မက်င္းပရပါဘူး ဒါအစဥ္အလာအတိုင္းလုပ္ရတာပါ အဲလို အေျခ အေနမွာဆိုရင္ လျပည့္ေက်ာ္ ၇ ရက္ေန႔မွာက်င္းပပါတယ္ ဒီနတ္ပြဲက ႐ိုးရာဓေလ့လည္းဟုတ္တယ္ ယုံၾကည္မႈနဲ႔ပူေဇာ္ပသရင္း ေအာင္သြားၾကသူေတြတစ္ျဖည္းျဖည္းမ်ားလာလို႔လည္း ခုထိေပ်ာက္ ပ်က္မသြားေသးပါဘူး ေနာင္လည္းဆက္ရွိေနဉိးမွာပါ" လို႔လည္း ၎ကဆိုပါတယ္။

သာဒြန္းေက်း႐ြာနတ္ပြဲက်င္းပပုံကေတာ့ သန႔္စင္ေအာင္ေဆးေၾကာထားတဲ့ေႂကြပန္းကန္ျပားေပၚမွာ ထမင္းျဖဴ၊ ေကာက္ညႇင္း၊ ငါးရံ႕ေျခာက္၊ ေကာက္ညႇင္းနဲ႔ျပဳလုပ္ထားတဲ့မုန႔္၊ ငါးပိေၾကာ္၊ အုန္းသီးျခစ္ စတာေတြကို ငွက္ေပ်ာသီး အုန္းသီးေတြနဲ႔အတူနတ္နန္းေပၚ မွာပူေဇာ္ပသ ရတာ ျဖစ္ၿပီး ေက်း႐ြာေဒသခံေတြကေတာ့အသင့္ခ်က္ျပဳတ္ျပင္ဆင္ထားတဲ့ဝက္သားျဗဳန္းစပ္(ဝက္သားဆန္ျပဳတ္)နဲ႔အစားအေသာက္ေတြနဲ႔ပူေဇာ္ၾကတာပါ။

KT
 စစ္ကိုင္း ၊ ဇြန္ ၂၂