သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် မသန်စွမ်းသူများ အကျုံးဝင်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် မသန်စွမ်းသူများ အကျုံးဝင်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များတွင် မသန်စွမ်းသူများ အကျုံးဝင်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေး ကို ယနေ့ ဇွန်လ ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ၊ကျောက်တံတားမြို့နယ်ရှိ Central Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ် အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးမြတ်သူဝင်းက မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်နောက်ပိုင်းမှ စတင်ကာ သဘာဝဘေးအန္တရာယ်များ ပိုမိုခံစားလာရကြောင်း၊ သဘာဝဘေး အန္တ ရာယ်ဖြစ်လာပါက သာမန်ပြည်သူများထက် မသန်စွမ်းသူများအနေဖြင့် ကြောက်ရွှံမှု ပိုမိုဖြစ်ပွား သည့်အတွက် မသန်စွမ်းသူများအတွက် စီစဉ်ဆောင်ရွက်မှု များအား အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“မီးလောင်တာတို့ ငလျင်လှုပ်တာတို့ ဆိုရင် အနည်းနဲ့ အများအင်အားကြီးမားတယ်။ သို့မဟုတ် ဆောင်ရွက်နိုင် စွမ်းရှိတယ် သွားလာနိုင်တဲ့ လူတွေတောင်မှ ထိတ်လန့်မှုတွေ အံသြမှုတွေ ၊ကြောက်ရွံ့မှုတွေ ကြုံတွေ့ကြရသလို မသန်စွမ်းသူတွေအတွက် ပိုပြီး ကြောက်လန့်မှုတွေ၊ ထိတ်လန့်မှုတွေ စိုးရွံ့မှုတွေ မြင်တဲ့ခံစားချက်တွေ။ သဘာဝဘေးဖြစ်နေတဲ့ အခိုက်အတန့်မှာ ကိုယ့်ကို ဘယ်လိုကယ်ထုတ်ကြမယ် ဘယ်လိုတွေရှောင်ပြေးရမယ် ဘယ်လိုတွေကျော်လွှားရမယ် ဆိုတဲ့ သောကတွေစိုးရိမ်မှုတွေအမြဲတမ်းခံစားရတယ်။မဖြစ်ပွားခင်ခံစားရသလို ကြိုတင်ပြင်ဆင်မှုတွေက ကျွန်တော်တို့တွေအတွက် ဘယ်လောက်အတိုင်းအတာအထိပါပြီလဲ ကျွန်တော် တို့အကျုံးဝင်ဖို့အတွက် ဘယ်လောက် ထိ ထည့်သွင်းစဉ်းစားပြီးပြီလဲ ဆိုတဲ့ဟာကို ကျွန်တော်တို့ စဉ်းစားရမှာ ဖြစ်ပါတယ်။

မဖြစ်ပွားခင်၊ဖြစ်ပွားဆဲ၊ဖြစ်ပွားပြီးကာလတွေမှာကော ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ၊ မဖြစ်သင့်မဖြစ်ထိုက်ဘဲနဲ့ သဘာဝဘေးဒဏ် ကာလတွေမှာ ကျွန်တော်တို့အတွက်ထည့်သွင်းမစဉ်းစားထားတဲ့ အတွက်ကြောင့် ဖြစ်သွားရတဲ့ မသန်းစွမ်တွေအတွက် ဘယ်လို ပြန်လည် ထူထောင်ရေးတွေလုပ်ကြမလဲဆိုတဲ့ စဉ်းစားချက်တွေလိုလာပြီ “ လို့ ဆိုပါတယ်။

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး လုပ်ငန်းအဆင့်ဆင့်တွင် ဒေသခံမသန်စွမ်းသူအသင်းအဖွဲ့များနှင့်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက် ရန်၊သဘာဝဘေးအန္တရာယ် အသိပညာပေးသည့် သတင်းအချက်အလက်များအား ကျောင်းသုံး စာအုပ်သင်ရိုးညွှန်းတမ်းတွင် ထည်သွင်း သင်ကြားပေး ရန်၊သတင်းစာ၊ဂျာနယ်၊ မဂ္ဂဇင်းများတွင် ထည့်သွင်းဖော်ပြပေးရန်၊မသန်စွမ်းသူများအတွက် သင့်တော်သည့်နည်းလမ်းဖြင့် ထုတ်လွှင့်ကြော်ငြာပေးရန် အစရှိသည့် အကြံပြုတင်ပြချက်များကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇွန် ၁၇

(  Zawgyi  )

 သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈလုပ္ငန္းစဥ္မ်ားတြင္ မသန္စြမ္းသူမ်ား အက်ဳံးဝင္ႏိုင္ေရးအတြက္ အလုပ္႐ုံေဆြးေႏြး ကို ယေန႔ ဇြန္လ ၁၇ ရက္ နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕ ၊ေက်ာက္တံတားၿမိဳ႕နယ္ရွိ Central Hotel မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံမသန္စြမ္းသူမ်ား အသင္းခ်ဳပ္ အေထြေထြအတြင္းေရးမႉးျဖစ္သူ ဦးျမတ္သူဝင္းက ျမန္မာႏိုင္ငံတြင္ ၂၀၀၈ ခုႏွစ္ေနာက္ပိုင္းမွ စတင္ကာ သဘာဝေဘးအႏၲရာယ္မ်ား ပိုမိုခံစားလာရေၾကာင္း၊ သဘာဝေဘး အႏၲ ရာယ္ျဖစ္လာပါက သာမန္ျပည္သူမ်ားထက္ မသန္စြမ္းသူမ်ားအေနျဖင့္ ေၾကာက္႐ႊံမႈ ပိုမိုျဖစ္ပြား သည့္အတြက္ မသန္စြမ္းသူမ်ားအတြက္ စီစဥ္ေဆာင္႐ြက္မႈ မ်ားအား အလုပ္႐ုံေဆြးေႏြးပြဲမ်ား ျပဳလုပ္ရျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

“မီးေလာင္တာတို႔ ငလ်င္လႈပ္တာတို႔ ဆိုရင္ အနည္းနဲ႔ အမ်ားအင္အားႀကီးမားတယ္။ သို႔မဟုတ္ ေဆာင္႐ြက္ႏိုင္ စြမ္းရွိတယ္ သြားလာႏိုင္တဲ့ လူေတြေတာင္မွ ထိတ္လန႔္မႈေတြ အံၾသမႈေတြ ၊ေၾကာက္႐ြံ႕မႈေတြ ႀကဳံေတြ႕ၾကရသလို မသန္စြမ္းသူေတြအတြက္ ပိုၿပီး ေၾကာက္လန႔္မႈေတြ၊ ထိတ္လန႔္မႈေတြ စိုး႐ြံ႕မႈေတြ ျမင္တဲ့ခံစားခ်က္ေတြ။ သဘာဝေဘးျဖစ္ေနတဲ့ အခိုက္အတန႔္မွာ ကိုယ့္ကို ဘယ္လိုကယ္ထုတ္ၾကမယ္ ဘယ္လိုေတြေရွာင္ေျပးရမယ္ ဘယ္လိုေတြေက်ာ္လႊားရမယ္ ဆိုတဲ့ ေသာကေတြစိုးရိမ္မႈေတြအၿမဲတမ္းခံစားရတယ္။မျဖစ္ပြားခင္ခံစားရသလို ႀကိဳတင္ျပင္ဆင္မႈေတြက ကြၽန္ေတာ္တို႔ေတြအတြက္ ဘယ္ေလာက္အတိုင္းအတာအထိပါၿပီလဲ ကြၽန္ေတာ္ တို႔အက်ဳံးဝင္ဖို႔အတြက္ ဘယ္ေလာက္ ထိ ထည့္သြင္းစဥ္းစားၿပီးၿပီလဲ ဆိုတဲ့ဟာကို ကြၽန္ေတာ္တို႔ စဥ္းစားရမွာ ျဖစ္ပါတယ္။

မျဖစ္ပြားခင္၊ျဖစ္ပြားဆဲ၊ျဖစ္ပြားၿပီးကာလေတြမွာေကာ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြ၊ မျဖစ္သင့္မျဖစ္ထိုက္ဘဲနဲ႔ သဘာဝေဘးဒဏ္ ကာလေတြမွာ ကြၽန္ေတာ္တို႔အတြက္ထည့္သြင္းမစဥ္းစားထားတဲ့ အတြက္ေၾကာင့္ ျဖစ္သြားရတဲ့ မသန္းစြမ္ေတြအတြက္ ဘယ္လို ျပန္လည္ ထူေထာင္ေရးေတြလုပ္ၾကမလဲဆိုတဲ့ စဥ္းစားခ်က္ေတြလိုလာၿပီ “ လို႔ ဆိုပါတယ္။

သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲေရး လုပ္ငန္းအဆင့္ဆင့္တြင္ ေဒသခံမသန္စြမ္းသူအသင္းအဖြဲ႕မ်ားႏွင့္ပူးေပါင္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ ရန္၊သဘာဝေဘးအႏၲရာယ္ အသိပညာေပးသည့္ သတင္းအခ်က္အလက္မ်ားအား ေက်ာင္းသုံး စာအုပ္သင္႐ိုးၫႊန္းတမ္းတြင္ ထည္သြင္း သင္ၾကားေပး ရန္၊သတင္းစာ၊ဂ်ာနယ္၊ မဂၢဇင္းမ်ားတြင္ ထည့္သြင္းေဖာ္ျပေပးရန္၊မသန္စြမ္းသူမ်ားအတြက္ သင့္ေတာ္သည့္နည္းလမ္းျဖင့္ ထုတ္လႊင့္ေၾကာ္ျငာေပးရန္ အစရွိသည့္ အႀကံျပဳတင္ျပခ်က္မ်ားကို တင္ျပေဆြးေႏြးခဲ့ၾကပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဇြန္ ၁၇