သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့် နိုင်ငံရေးအကျဉ်းသား ၂ ဦးသာပါဝင်ဟု FPPSဆို

သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့် နိုင်ငံရေးအကျဉ်းသား ၂ ဦးသာပါဝင်ဟု FPPSဆို

မြန်မာ့နှစ်သစ်မင်္ဂလာအထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသား ၂ ဦးသာပါဝင်လွတ်မြောက်ခဲ့ပြီး လက်ရှိ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားဦးရေ ၄၀ ခန့်မျှကျန်ရှိနေသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS)မှ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် ကပြောပါတယ်။

“မနေ့ကလွတ်ပေးတဲ့အထဲမှာနိုင်ငံရေးအကျဉ်းသား ၂ ဦးသာပါဝင်ခဲ့ပါတယ်။မုံးကိုးဒေသအဖွဲ့ကနှစ်ယောက်ပေါ့လေ၊  တစ်ယောက်က အိုးဘိုထောင်ကလွတ်တယ်၊တစ်ယောက်ကမြင်းခြံထောင်ကလွတ်ပါတယ်။ ဒီနှစ်ယောက်ပဲပါတယ်၊သူတို့ကအကျဉ်းကျနေတာ ၁၉ နှစ်လောက် ရှိပြီ။ဗိုလ်ခင်ညွှန့်လက်ထက်တုန်းက ထောင်သွင်းအကျဉ်းချခံထားရတာပေါ့၊သူတို့ပဲပါတယ်၊ကျန်တဲ့သူတွေကတော့ပါမလာသေးဘူး။ ပြောရရင် ယနေ့အချိန်အထိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ အဃာတနဲ့ဆက်ဆံနေဆဲပဲလေ မည်သို့ပင် ဆိုစေကာမူ ယခုအစိုးရလက်ထက်မှာ သမ္မတကြီးအနေနဲ့အခုလိုလွတ်ပေးတာကိုကြိုဆိုပါတယ်။အဓိကပြောချင်တာကနိုင်ငံရေးအကျဉ်းသားတွေက တိုင်းပြည်ကိုအကျိုးပြုမယ့်သူတွေလေလူ့အဖွဲ့အစည်းကိုထိခိုက်နစ်နာစေမယ့်သူတွေမဟုတ်သလိုလူ့အဖွဲ့အစည်းအတွက်အန္တရာယ်လည်းမရှိပါဘူး။အသွင်ကူးပြောင်းရေးလို့ပြောပြီးထောင်ထဲမှာနိုင်ငံရေးအကျဉ်းသားတွေရှိ နေတာကမဖြစ်သင့်ပါဘူး။နိုင်ငံရေးမှာ သဘောထားကွဲလွဲ ခွင့်တွေ ရှိပါတယ်။  သဘောထားကွဲလွဲတိုင်းသာထောင်ထဲ ထည့်ပြီးဖြေရှင်းတယ် ဆိုတာဒါအဖြေတော့မဟုတ်ပါဘူး။

ပြည်သလူထုရဲ့အမှန်တကယ်နှလုံးစိတ်ဝမ်းကိုအေးချမ်းစေချင်တယ်ဆိုရင်  လူသားချင်း စာနာထောက်ထားမှုကို လက်တွေ့ ကျကျပြသမယ် ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသားများအားလုံးကို   ချွင်းချက်မရှိလွတ်ပေးဖို့ကိုဘဲအလေးအနက်ထားပြီးတိုက်တွန်းတောင်းဆိုချင်ပါတယ်။”လို့  ဦးထွန်းကြည်က ပြောကြားခဲ့တာပါ။

နိုင်ငံတော်သမ္မတကြီးအနေဖြင့် ဧပြီ ၁၇ ရက်(မြန်မာ့နှစ်ဆန်းတစ်ရက်နေ့)မှာ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရန် နှင့်လူသားချင်း စာနာထောက်ထားမှုများ ကိုအလေးထားသောအားဖြင့် အကျဉ်းထောင်၊အကျဉ်းစခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံသား အကျဉ်းသား၊အကျဉ်းသူ (၉၅၃၅) ဦးအားရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ပုဒ်မခွဲ (၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း ချမ်းသာခွင့်ပြုပေးခဲ့သလို မြန်မာ့နှစ်သစ်မင်္ဂလာအထိမ်းအမှတ်အဖြစ်လည်းကောင်း၊နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေး ကိုရှေးရှုသော အားဖြင့်လည်းကောင်း၊လူသားချင်းစာနာထောက်ထားမှုကိုအလေးထား၍လည်းကောင်း အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေကြ ရသောနိုင်ငံခြားသားအကျဉ်းသား(၁၆) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ၊ပုဒ်မခွဲ(၁)အရ စည်ကမ်းသတ်မှတ်ချက်မထားဘဲ ပြည်နှင်ဒဏ်ပေးလိုက်တာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ တစ်နိုင်ငံလုံးတွင် အကျဉ်းကျခံနေရသည့်နိုင်ငံရေးအကျဉ်းသား(၄၀)ကျော်၊  အချုပ်နဲ့အာမခံမရပဲ အကျဉ်းထောင်ထဲ က အမှုရင်ဆိုင်နေရသည့်နိုင်ငံရေးအကျဉ်းသား(၁၀၀)နီးပါးနှင့်တရားရုံးကနေ အာမခံနဲ့အမှုရင်ဆိုင်နေသည့်နိုင်ငံရေးအကျဉ်းသား(၂၀၀)ကျော် စုစုပေါင်းနိုင်ငံရေးအကျဉ်းသား(၃၀၀) ကျော်နီးပါးခန့်ကျန်ရှိနေသေးတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့(FPPS)ရဲ့ပြုစု ထားသော မှတ်တမ်းများအရသိရပါတယ်။

ပြေသိမ်း  
ရန်ကုန်၊ဧပြီ ၁၈ 

(   Zawgyi  )

 ျမန္မာ့ႏွစ္သစ္မဂၤလာအထိမ္းအမွတ္အျဖစ္ ႏိုင္ငံေတာ္သမၼတ၏ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ ျပန္လည္လြတ္ေျမာက္လာသူမ်ားတြင္ ႏိုင္ငံေရးအက်ဥ္းသား ၂ ဦးသာပါဝင္လြတ္ေျမာက္ခဲ့ၿပီး လက္ရွိ ႏိုင္ငံတစ္ဝွမ္းရွိ အက်ဥ္းေထာင္မ်ားတြင္ အက်ဥ္းက်ခံေနရသည့္ ႏိုင္ငံေရးအက်ဥ္းသားဦးေရ ၄၀ ခန႔္မွ်က်န္ရွိေနေသးတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႕(FPPS)မွ ဦးေဆာင္ေကာ္မတီဝင္ ဦးထြန္းၾကည္ ကေျပာပါတယ္။

“မေန႔ကလြတ္ေပးတဲ့အထဲမွာႏိုင္ငံေရးအက်ဥ္းသား ၂ ဦးသာပါဝင္ခဲ့ပါတယ္။မုံးကိုးေဒသအဖြဲ႕ကႏွစ္ေယာက္ေပါ့ေလ၊  တစ္ေယာက္က အိုးဘိုေထာင္ကလြတ္တယ္၊တစ္ေယာက္ကျမင္းၿခံေထာင္ကလြတ္ပါတယ္။ ဒီႏွစ္ေယာက္ပဲပါတယ္၊သူတို႔ကအက်ဥ္းက်ေနတာ ၁၉ ႏွစ္ေလာက္ ရွိၿပီ။ဗိုလ္ခင္ၫႊန႔္လက္ထက္တုန္းက ေထာင္သြင္းအက်ဥ္းခ်ခံထားရတာေပါ့၊သူတို႔ပဲပါတယ္၊က်န္တဲ့သူေတြကေတာ့ပါမလာေသးဘူး။ ေျပာရရင္ ယေန႔အခ်ိန္အထိ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူေတြ ႏိုင္ငံေရးအက်ဥ္းသားေတြအေပၚမွာ အဃာတနဲ႔ဆက္ဆံေနဆဲပဲေလ မည္သို႔ပင္ ဆိုေစကာမူ ယခုအစိုးရလက္ထက္မွာ သမၼတႀကီးအေနနဲ႔အခုလိုလြတ္ေပးတာကိုႀကိဳဆိုပါတယ္။အဓိကေျပာခ်င္တာကႏိုင္ငံေရးအက်ဥ္းသားေတြက တိုင္းျပည္ကိုအက်ိဳးျပဳမယ့္သူေတြေလလူ႔အဖြဲ႕အစည္းကိုထိခိုက္နစ္နာေစမယ့္သူေတြမဟုတ္သလိုလူ႔အဖြဲ႕အစည္းအတြက္အႏၲရာယ္လည္းမရွိပါဘူး။အသြင္ကူးေျပာင္းေရးလို႔ေျပာၿပီးေထာင္ထဲမွာႏိုင္ငံေရးအက်ဥ္းသားေတြရွိ ေနတာကမျဖစ္သင့္ပါဘူး။ႏိုင္ငံေရးမွာ သေဘာထားကြဲလြဲ ခြင့္ေတြ ရွိပါတယ္။  သေဘာထားကြဲလြဲတိုင္းသာေထာင္ထဲ ထည့္ၿပီးေျဖရွင္းတယ္ ဆိုတာဒါအေျဖေတာ့မဟုတ္ပါဘူး။

ျပည္သလူထုရဲ႕အမွန္တကယ္ႏွလုံးစိတ္ဝမ္းကိုေအးခ်မ္းေစခ်င္တယ္ဆိုရင္  လူသားခ်င္း စာနာေထာက္ထားမႈကို လက္ေတြ႕ က်က်ျပသမယ္ ဆိုရင္ေတာ့ ႏိုင္ငံေရးအက်ဥ္းသားမ်ားအားလုံးကို   ခြၽင္းခ်က္မရွိလြတ္ေပးဖို႔ကိုဘဲအေလးအနက္ထားၿပီးတိုက္တြန္းေတာင္းဆိုခ်င္ပါတယ္။”လို႔  ဦးထြန္းၾကည္က ေျပာၾကားခဲ့တာပါ။

ႏိုင္ငံေတာ္သမၼတႀကီးအေနျဖင့္ ဧၿပီ ၁၇ ရက္(ျမန္မာ့ႏွစ္ဆန္းတစ္ရက္ေန႔)မွာ ျပည္သူလူထုႏွလုံးစိတ္ဝမ္းေအးခ်မ္းေစရန္ ႏွင့္လူသားခ်င္း စာနာေထာက္ထားမႈမ်ား ကိုအေလးထားေသာအားျဖင့္ အက်ဥ္းေထာင္၊အက်ဥ္းစခန္းအသီးသီးတြင္ အက်ဥ္းက်ခံေနရေသာ ႏိုင္ငံသား အက်ဥ္းသား၊အက်ဥ္းသူ (၉၅၃၅) ဦးအားရာဇဝတ္က်င့္ထုံးဥပေဒ ပုဒ္မ ၄၀၁၊ပုဒ္မခြဲ (၁)အရ စည္းကမ္းသတ္မွတ္ခ်က္မထားဘဲ လြတ္ၿငိမ္း ခ်မ္းသာခြင့္ျပဳေပးခဲ့သလို ျမန္မာ့ႏွစ္သစ္မဂၤလာအထိမ္းအမွတ္အျဖစ္လည္းေကာင္း၊ႏိုင္ငံအခ်င္းခ်င္းမိတ္ဝတ္မပ်က္ဆက္ဆံေရး ကိုေရွးရႈေသာ အားျဖင့္လည္းေကာင္း၊လူသားခ်င္းစာနာေထာက္ထားမႈကိုအေလးထား၍လည္းေကာင္း အက်ဥ္းေထာင္အသီးသီးတြင္ အက်ဥ္းက်ခံေနၾက ရေသာႏိုင္ငံျခားသားအက်ဥ္းသား(၁၆) ဦးအား ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄၀၁ ၊ပုဒ္မခြဲ(၁)အရ စည္ကမ္းသတ္မွတ္ခ်က္မထားဘဲ ျပည္ႏွင္ဒဏ္ေပးလိုက္တာပဲျဖစ္ပါတယ္။

လက္ရွိမွာေတာ့ တစ္ႏိုင္ငံလုံးတြင္ အက်ဥ္းက်ခံေနရသည့္ႏိုင္ငံေရးအက်ဥ္းသား(၄၀)ေက်ာ္၊  အခ်ဳပ္နဲ႔အာမခံမရပဲ အက်ဥ္းေထာင္ထဲ က အမႈရင္ဆိုင္ေနရသည့္ႏိုင္ငံေရးအက်ဥ္းသား(၁၀၀)နီးပါးႏွင့္တရား႐ုံးကေန အာမခံနဲ႔အမႈရင္ဆိုင္ေနသည့္ႏိုင္ငံေရးအက်ဥ္းသား(၂၀၀)ေက်ာ္ စုစုေပါင္းႏိုင္ငံေရးအက်ဥ္းသား(၃၀၀) ေက်ာ္နီးပါးခန႔္က်န္ရွိေနေသးတယ္လို႔လည္း ႏိုင္ငံေရးအက်ဥ္းသားေဟာင္း မ်ားအဖြဲ႕(FPPS)ရဲ႕ျပဳစု ထားေသာ မွတ္တမ္းမ်ားအရသိရပါတယ္။

ေျပသိမ္း  
ရန္ကုန္၊ဧၿပီ ၁၈