သြဂုတ်လကုန်လောက်အထိ ပြည်တွင်းကုန်စည်ပို့ဆောင်မှု လုပ်ငန်းများ ကျဆင်းမယ့်အခြေအနေမျိုး ရှိနေ

သြဂုတ်လကုန်လောက်အထိ ပြည်တွင်းကုန်စည်ပို့ဆောင်မှု လုပ်ငန်းများ ကျဆင်းမယ့်အခြေအနေမျိုး ရှိနေ

ပြည်တွင်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများတွင် လုပ်ငန်းများ အခြေအနေကျဆင်းနေလျက်ရှိပြီး လာမယ့် သြဂုတ်လကုန်လောက်အထိ ကျဆင်းနေဦးမယ့် အခြေအနေမျိုး ရှိတယ်လို့ မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုအသင်းက သိရပါတယ်။

အဆိုပါ ကုန်စည်ပို့ဆောင်မှု အခြေအနေကျဆင်းတာဟာ လွန်ခဲ့တဲ့နှစ်က မိုးတွင်းကာလနဲ့ နှိုင်းယှဉ်ကြည့်ပါက ယခုနှစ်မှာ ပိုမိုကျဆင်းနေသလို ဇွန်လထဲမှာပင် ၂၀ ရာခိုင်နှုန်းလောက် ကျဆင်းနေတာဖြစ်ပါတယ်။

“မိုးတွင်း ကာလကြောင့်လည်း အခြေအနေကျဆင်းတာဖြစ်ပေမယ့် ဒီနှစ်မှာက ပိုပြီးတော့ဆိုးတယ်” လို့ မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျင်သိန်း က ဆိုပါတယ်။

ထိုကုန်စည်ပို့ဆောင်မှု ကျဆင်းနေသလို အဝေးပြေးခရီးစဉ်တွေမှာ တစ်ကြောင်းသာကုန်ရရှိတဲ့ အခြေအနေတွေလည်း ရှိတာကြောင့် ရရှိလာတဲ့ ကုန်တွေကို တင်ပို့ရန် ချင့်ချိန်လုပ်ကိုင်နေကြရတယ်လို့ သိရပါတယ်။

“တစ်ကြောင်းစာပဲ ကုန်အတက်ရှိတဲ့အခါကျတော့ အပြန်မှာ ခါလီပြန်ရမှာဖြစ်တဲ့အတွက် ကိုက်၊ မကိုက်ဆိုတာကို ချိန်ဆရတာတွေလည်း ရှိတာပေါ့” လို့ သူက ဆက်ပြောပြပါတယ်။

ယခုလတ်တလောမှာ ရန်ကုန်-တောင်ကြီး၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ဘားအံ-မြဝတီ ခရီးစဉ်တွေကို ကုန်တင်ပို့နေရပြီး အသွားတစ်ကြောင်းသာ ကုန်ရရှိတဲ့ အခြေအနေမျိုး ကြုံနေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရန်ကုန်မြို့ကနေ ပြည်တွင်းက ခရီးစဉ်လမ်းကြောင်း ၁၄ ခုကို ပို့ဆောင်နေရပေမယ့် ခရီးစဉ်တစ်ခြမ်းသာ ကုန်ရရှိတာကြောင့် ကုန်စည်ပို့ဆောင်ရေးဂိတ်တွေအနေနဲ့ ချင့်ချိန်လုပ်ကိုင်နေရတဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဇွန် - ၂၂
( Zawgyi )
ျပည္တြင္း အေဝးေျပး ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းမ်ားတြင္ လုပ္ငန္းမ်ား အေျခအေနက်ဆင္းေနလ်က္ရွိၿပီး လာမယ့္ ၾသဂုတ္လကုန္ေလာက္အထိ က်ဆင္းေနဦးမယ့္ အေျခအေနမ်ိဳး ရွိတယ္လို႔ ျမန္မာႏိုင္ငံ အေဝးေျပး ကုန္စည္ပို႔ေဆာင္ေရး ဝန္ေဆာင္မႈအသင္းက သိရပါတယ္။

အဆိုပါ ကုန္စည္ပို႔ေဆာင္မႈ အေျခအေနက်ဆင္းတာဟာ လြန္ခဲ့တဲ့ႏွစ္က မိုးတြင္းကာလနဲ႔ ႏႈိင္းယွဥ္ၾကည့္ပါက ယခုႏွစ္မွာ ပိုမိုက်ဆင္းေနသလို ဇြန္လထဲမွာပင္ ၂၀ ရာခိုင္ႏႈန္းေလာက္ က်ဆင္းေနတာျဖစ္ပါတယ္။

“မိုးတြင္း ကာလေၾကာင့္လည္း အေျခအေနက်ဆင္းတာျဖစ္ေပမယ့္ ဒီႏွစ္မွာက ပိုၿပီးေတာ့ဆိုးတယ္” လို႔ ျမန္မာႏိုင္ငံ အေဝးေျပး ကုန္စည္ပို႔ေဆာင္ေရး ဝန္ေဆာင္မႈအသင္း ဒုတိယဥကၠ႒ ဦးက်င္သိန္း က ဆိုပါတယ္။

ထိုကုန္စည္ပို႔ေဆာင္မႈ က်ဆင္းေနသလို အေဝးေျပးခရီးစဥ္ေတြမွာ တစ္ေၾကာင္းသာကုန္ရရွိတဲ့ အေျခအေနေတြလည္း ရွိတာေၾကာင့္ ရရွိလာတဲ့ ကုန္ေတြကို တင္ပို႔ရန္ ခ်င့္ခ်ိန္လုပ္ကိုင္ေနၾကရတယ္လို႔ သိရပါတယ္။

“တစ္ေၾကာင္းစာပဲ ကုန္အတက္ရွိတဲ့အခါက်ေတာ့ အျပန္မွာ ခါလီျပန္ရမွာျဖစ္တဲ့အတြက္ ကိုက္၊ မကိုက္ဆိုတာကို ခ်ိန္ဆရတာေတြလည္း ရွိတာေပါ့” လို႔ သူက ဆက္ေျပာျပပါတယ္။

ယခုလတ္တေလာမွာ ရန္ကုန္-ေတာင္ႀကီး၊ ရန္ကုန္-မႏၲေလး၊ ရန္ကုန္-ဘားအံ-ျမဝတီ ခရီးစဥ္ေတြကို ကုန္တင္ပို႔ေနရၿပီး အသြားတစ္ေၾကာင္းသာ ကုန္ရရွိတဲ့ အေျခအေနမ်ိဳး ႀကဳံေနရတာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ရန္ကုန္ၿမိဳ႕ကေန ျပည္တြင္းက ခရီးစဥ္လမ္းေၾကာင္း ၁၄ ခုကို ပို႔ေဆာင္ေနရေပမယ့္ ခရီးစဥ္တစ္ျခမ္းသာ ကုန္ရရွိတာေၾကာင့္ ကုန္စည္ပို႔ေဆာင္ေရးဂိတ္ေတြအေနနဲ႔ ခ်င့္ခ်ိန္လုပ္ကိုင္ေနရတဲ့ အေျခအေနမ်ိဳး ျဖစ္တယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဇြန္ - ၂၂