အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ထားသော အကျဉ်းသား၊အကျဉ်းသူမရှိဟု အကျဉ်းဦးစီးဌာန ထုတ်ပြန်

အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ထားသော အကျဉ်းသား၊အကျဉ်းသူမရှိဟု အကျဉ်းဦးစီးဌာန ထုတ်ပြန်

အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားဟူ၍ သတ်မှတ်ထားသော အကျဉ်းသား၊အကျဉ်းသူမရှိဘူးလို့ အကျဉ်းဦးစီးဌာနမှ ဒီကနေ့ ဧပြီ ၂၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံတော်တွင်ကိုင်တွယ်အသုံးပြုလျက်ရှိသောရာဇသတ်ကြီး ဥပဒေ( The Penal Code)အထူးနှင့်အထွေထွေဥပဒေ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် နိုင်ငံရေးအကျဉ်းသားဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုပြဌာန်းထားခြင်းမရှိပဲ ပုဒ်မတစ်ခုခုနှင့်ပတ်သက်၍လည်းအဆိုပါပုဒ်မကို နိုင်ငံရေးပုဒ်မ/နိုင်ငံရေး ပြစ်မှုကျုးလွန် သူဟုသတ် မှတ်ထားမှုမျိုးမရှိကြောင်း၊တရားရုံးအသီးသီးမှ ပြစ်ဒဏ်ချမှတ်ပြီး အကျဉ်းထောင်များသို့ ပို့အပ် ထားသော အပြစ်ပေးဝရမ်းပေါ်တွင် နိုင်ငံရေးပြစ်မှု၊နိုင်ငံရေးအကျဉ်းသားများ ရှိပါသည်ဟုဖော်ပြရေးသားပေးပို့သော အကျဉ်းသားတစ်ဦး မျှမရှိသေးကြောင်း၊ဥပဒေတွင်တိကျစွာ ပြဌာန်းထားသော နိုင်ငံတော်အစိုးရနှင့်တည်ဆဲဥပဒေတစ်ရပ်ရပ်ကိုဆန့်ကျင်ဖောက်ဖျက်၍ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊အကျဉ်းသူများသာရှိပါသည်ဟု ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားများမရှိကြောင်းကိုလည်း လွှတ်တော်ကိုယ်စားလှယ်များမေးမြန်းစဉ်က  ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များကလည်း ၂၀၁၅ ခုနှစ်၊သြဂုတ်လတွင်လည်းကောင်း၊၂၀၁၆ ခုနှစ် ဇွန်လတွင်လည်းကောင်း၊ ၂၀၁၇ ခုနှစ်၊ဇွန်လတွင်လည်းကောင်း လွှတ်တော်အတွင်း အထောက်အထားများဖြင့် ဖြေကြားခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံအသင်းအဖွဲ့တစ်ခုမှနိုင်ငံရေးအကျဉ်းသားများဟုဖော်ပြထားသော ၄၈ ဦးစာရင်းအားစိစစ်ကြည့်ရာ ပြစ်ဒဏ်ကျခံဆဲ ၃၇ ဦး၊လွတ်မြောက်ပြီးသူ ၄ ဦး၊ရှာမတွေ့သူ ၇ ဦးရှိပြီး ပြစ်ဒဏ်ကျခံဆဲ ၃၇ ဦးသည် နိုင်ငံရေးဆောင်ရွက်နေခြင်းကြောင့် ပြစ်ဒဏ်ကျခံနေရ သူများမဟုတ်ဘဲ နိုင်ငံတော်လုံခြုံရေးအားထိပါးနှောင့်ယှက်ခြင်း၊လက်နက်ကိုင်ဆောင်ခြင်း၊နိုင်ငံတော်ပုန်ကန်ခြင်း၊ အကြမ်းဖက်မှုဆောင်ရွက်ခြင်း မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ခြင်း နှင့်ရာဇဝတ်ပြစ်မှုအသီးသီးကျုးလွန်၍ ပြစ်ဒဏ်ကျခံနေခြင်းသာဖြစ်ကြောင်း စိစစ်တွေ့ရှိရတယ်လို့ အကျဉ်းဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြခဲ့တာပါ။

ပြေသိမ်း  
ရန်ကုန်၊ဧပြီ ၂၂

(  Zawgyi  )

 အက်ဥ္းေထာင္မ်ားတြင္ ႏိုင္ငံေရးအက်ဥ္းသားဟူ၍ သတ္မွတ္ထားေသာ အက်ဥ္းသား၊အက်ဥ္းသူမရွိဘူးလို႔ အက်ဥ္းဦးစီးဌာနမွ ဒီကေန႔ ဧၿပီ ၂၂ ရက္တြင္ သတင္းထုတ္ျပန္ခဲ့ပါတယ္။

အဆိုပါထုတ္ျပန္ခ်က္တြင္ ႏိုင္ငံေတာ္တြင္ကိုင္တြယ္အသုံးျပဳလ်က္ရွိေသာရာဇသတ္ႀကီး ဥပေဒ( The Penal Code)အထူးႏွင့္အေထြေထြဥပေဒ တည္ဆဲဥပေဒတစ္ရပ္ရပ္တြင္ ႏိုင္ငံေရးအက်ဥ္းသားဟူ၍ အဓိပၸါယ္ဖြင့္ဆိုျပဌာန္းထားျခင္းမရွိပဲ ပုဒ္မတစ္ခုခုႏွင့္ပတ္သက္၍လည္းအဆိုပါပုဒ္မကို ႏိုင္ငံေရးပုဒ္မ/ႏိုင္ငံေရး ျပစ္မႈက်ဳးလြန္ သူဟုသတ္ မွတ္ထားမႈမ်ိဳးမရွိေၾကာင္း၊တရား႐ုံးအသီးသီးမွ ျပစ္ဒဏ္ခ်မွတ္ၿပီး အက်ဥ္းေထာင္မ်ားသို႔ ပို႔အပ္ ထားေသာ အျပစ္ေပးဝရမ္းေပၚတြင္ ႏိုင္ငံေရးျပစ္မႈ၊ႏိုင္ငံေရးအက်ဥ္းသားမ်ား ရွိပါသည္ဟုေဖာ္ျပေရးသားေပးပို႔ေသာ အက်ဥ္းသားတစ္ဦး မွ်မရွိေသးေၾကာင္း၊ဥပေဒတြင္တိက်စြာ ျပဌာန္းထားေသာ ႏိုင္ငံေတာ္အစိုးရႏွင့္တည္ဆဲဥပေဒတစ္ရပ္ရပ္ကိုဆန႔္က်င္ေဖာက္ဖ်က္၍ ျပစ္ဒဏ္က်ခံေနရသည့္ အက်ဥ္းသား၊အက်ဥ္းသူမ်ားသာရွိပါသည္ဟု ေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ႏိုင္ငံေရးအက်ဥ္းသားမ်ားမရွိေၾကာင္းကိုလည္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ားေမးျမန္းစဥ္က  ျပည္ထဲေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူ မ်ားကလည္း ၂၀၁၅ ခုႏွစ္၊ၾသဂုတ္လတြင္လည္းေကာင္း၊၂၀၁၆ ခုႏွစ္ ဇြန္လတြင္လည္းေကာင္း၊ ၂၀၁၇ ခုႏွစ္၊ဇြန္လတြင္လည္းေကာင္း လႊတ္ေတာ္အတြင္း အေထာက္အထားမ်ားျဖင့္ ေျဖၾကားခဲ့ၿပီးျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ျမန္မာႏိုင္ငံအသင္းအဖြဲ႕တစ္ခုမွႏိုင္ငံေရးအက်ဥ္းသားမ်ားဟုေဖာ္ျပထားေသာ ၄၈ ဦးစာရင္းအားစိစစ္ၾကည့္ရာ ျပစ္ဒဏ္က်ခံဆဲ ၃၇ ဦး၊လြတ္ေျမာက္ၿပီးသူ ၄ ဦး၊ရွာမေတြ႕သူ ၇ ဦးရွိၿပီး ျပစ္ဒဏ္က်ခံဆဲ ၃၇ ဦးသည္ ႏိုင္ငံေရးေဆာင္႐ြက္ေနျခင္းေၾကာင့္ ျပစ္ဒဏ္က်ခံေနရ သူမ်ားမဟုတ္ဘဲ ႏိုင္ငံေတာ္လုံၿခဳံေရးအားထိပါးေႏွာင့္ယွက္ျခင္း၊လက္နက္ကိုင္ေဆာင္ျခင္း၊ႏိုင္ငံေတာ္ပုန္ကန္ျခင္း၊ အၾကမ္းဖက္မႈေဆာင္႐ြက္ျခင္း မူးယစ္ေဆးဝါးသယ္ေဆာင္ေရာင္းဝယ္ျခင္း ႏွင့္ရာဇဝတ္ျပစ္မႈအသီးသီးက်ဳးလြန္၍ ျပစ္ဒဏ္က်ခံေနျခင္းသာျဖစ္ေၾကာင္း စိစစ္ေတြ႕ရွိရတယ္လို႔ အက်ဥ္းဦးစီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာေဖာ္ျပခဲ့တာပါ။

ေျပသိမ္း  
ရန္ကုန္၊ဧၿပီ ၂၂